လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်း ပရိသတ်အကြား ရေပန်းစားခဲ့တာကတော့ တေးသံရှင်သုံးဦး ပေါင်းထားတဲ့ No အဖွဲ့လေးပါပဲ။ ငယ်ရွယ်နုနယ်ပြီး ချောမောကြသူများ ဖြစ်တာကြောင့် No အဖွဲ့ဟာ အောင်မြင်မှု မြန်ဆန်ခဲ့ရသလို ယခုအခါမှာ ကျန် ၂ ဦးကတော့ အနုပညာလောကနဲ့ အေးစက်ကင်းကွာသလို ဖြစ်သွားခဲ့ပြီး တေးသံရှင် သဇင်ကတော့ ပရိသတ်ရဲ့ အားပေးမှုတွေနဲ့ အနုပညာလောကမှာ နေရာရရှိလျက် ရှိပါတယ်။ သူမနဲ့ တွေ့ဆုံခိုက်မှာတော့ညီမရဲ့ အောင်မြင်နေတဲ့ အချိန်မှာ အိမ်ထောင်ကျသွားတော့ စောတယ်လို့ မထင်ဘူးလား။

 မိုးဟေကိုနှင့် ရိုက်ကွင်းတစ်ခုတွင် ခေတ္တဆုံဖြစ်တဲ့အခိုက် အနုပညာ လှုပ်ရှားမှုများနဲ့ ဘဝလက်တွဲဖော်ကို မေးမြန်းခဲ့တဲ့အခါ..
  “မိုးဟေအနေနဲ့ သရုပ်ဆောင်မှု အပိုင်းမှာ ကိုယ့်ကိုယ်ကို Training လုပ်တယ်ဆိုတာထက်၊ ကိုယ့်ကိုယ်ကို ပြန်လေ့လာတယ်။ သူများတွေ ဘယ်လို သရုပ်ဆောင်တယ် ဆိုတာက ပြန်လေ့လာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နေရာလေးတွေမှာ ကိုယ်လေ့လာတဲ့ ဟာလေးကို ပြန်အသုံးပြုပါတယ်။ ကိုယ်ရတဲ့ နေရာက ပရိသတ်လက်ခံတဲ့ နေရာတစ်ခု ဖြစ်ပြီလားဆိုတာတော့ ရတဲ့နေရာ တစ်ခုကို မကျေနပ်ဘူးဆိုရင် ပူလောင်နေမှာပဲ။ ပူလောင်တဲ့ ပူလောင်မှုမျိုးကို မလိုချင်ဘူး။ ရောက်တဲ့နေရာလေးမှာ ပျော်တယ်။ ကျေနပ်တယ်။ ကျေနပ်တယ် ဆိုတာကလည်း ဒါကြီးကို ကျေနပ်တယ်ဆိုပြီး ဖက်တွယ်ထားတာလည်း မဟုတ်ဘူး။ ရက်တွေလတွေနှစ်တွေ ဘယ်လိုပြောင်းပြောင်း ရောက်ရှိလာတဲ့ ဘဝရယ်၊ ပေးလာတဲ့ ကံကြမ္မာရယ် အပေါ်မှာ ကိုယ်က အကောင်းဆုံး ဖြစ်အောင်ရယ်၊ အကျေနပ်ဆုံး ဖြစ်အောင် နေပါတယ်။ တစ်ခါတလေ

ပွင့်လင်း လူ့အဖွဲ့ အစည်းမှာ တိရစ္ဆာန်တွေကို အကာအကွယ် ပေးစေ လိုကြောင်း ချစ်သုဝေ ရင်ဖွင့်လာပိုမို ပွင့်လင်းလာမှု နဲ့ အတူ ယနေ့ မြန်မာနိုင်ငံကြီးမှာ နယ်ပယ် အသီးသီး ကနေ အပြောင်း အလဲတွေ များစွာမြင် တွေ့နေ ရပါပြီ။ နေရာစုံ၊ ကဏ္ဍစုံမှာ လူသားတွေ အားလုံး အတွက် လိုအပ်ချက် တွေကို ဘက်ပေါင်း စုံ၊ ထောင့် ပေါင်းစုံ ကနေ စဉ်းစားပြီး အဖွဲ့အစည်း အသီးသီးမှာ တင်ပြဆွေးနွေး တာ မျိုးတွေ ရှိလာတာ တွေ့ရတယ်လို့ ချစ်သုဝေ က ပြောပါတယ်။
ကိုယ်တိုင်လည်း တိရစ္ဆာန် တွေကို ချစ်မြတ်နိုး တတ်သူ တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေက လတ်တလောမှာ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး အနု ပညာ သမား တစ်ဦး အနေ နဲ့ ပြောပြချင်တဲ့ စိတ်ဆန္ဒ တစ်ခု ရှိနေတာမို့ ပြည်သူ လူထုနဲ့ တိုက်ရိုက် ထိတွေ့ဖို့ ပိုမို လွယ်ကူစေတဲ့ မီဒီယာ ကနေ တစ်ဆင့် အကြံပြု ပြောပြ ခဲ့ပါတယ်။

လက်ပံဇာတ်ကားကြီး တစ်ကားလုံးက ကောင်းတယ်။အားလုံး ကပြောစရာ မရှိအောင် လုပ်ထားတဲ့ အတွက် အရမ်းကောင်းပါတယ် ။ကိုပြေတီဦး ကလည်း ဒီဇာတ်ကားကြီးကို ရိုက်ဖို့ အတွက် အကောင်းဆုံးဖြစ်အောင် စိတ်နှစ်လုပ်ထားပါတယ်။ အူဝဲအနေနဲ့  ကြိုက်နှစ်သက်ပါတယ်။ တကယ်လို့ အကယ်ဒမီပေးပါဆိုရင်လည်း ဇာတ်ကားတစ်ကားလုံးမှာ ပါဝင်သူတွေ အားလုံးကို အကယ်ဒမီပေးချင်တယ်။ ကိုပြေတီဦးကို ပရိတ်သတ် တစ်ယောက်အနေနဲ့ကတော့ အူဝဲရစေချင်ပါတယ် ။ အခုက အူဝဲအတွက် ဒုတိယရင်သွေးမယူရသေးပါဘူး ။ ယူဖို့ အစီအစဉ်တော့ရှိပါတယ်။ အနုပညာအလုပ်တွေ ခဏအနားယူလိုက်တာကလဲ ပြေသုဒြာလေးကို ဂရုစိုက်ချင်လို့ ပါ။ ဇာတ်ကား ၊ ဇာတ်လမ်းကောင်းတွေ့ ရင် ရိုက်ဖြစ်မှာပါ ။ လုံးဝနားလိုက်တာမဟုတ်ပါဘူး အနုပညာအလုပ်တွေ လျှော့လိုက်တာပါပဲ ။

ဝါဆိုရတဲ့ အနုပညာကြေးနဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့ အခါဝတ်ရတဲ့ အဝတ်အစားဖိုးတွေ နဲ့က ကာမိရဲ့လားဆိုတော့ မကာမိဘူး။ ကားစရိုက်ကတည်းက အခုထိပဲ။ ဝါဆိုက ဝတ်တယ်။ ဝါဆိုက အဝတ်အစားကို အရမ်းဦးစားပေးတယ်။ ပိုက်ဆံနဲ့ အနုပညာကိုချိန်ကိုက်ပြီး လုပ်တဲ့ အထဲမှာမပါဘူး ။အနုပညာလောကထဲ ဝင်ရောက်နိုင်ဖို့ အတွက် စွန့် လွှတ်ရတဲ့ အရာတွေရှိလားဆိုတော့ အဲဒါကတော့ ဝါဆိုရဲ့ပညာရေးပေါ့။ ဝါဆို ဆယ်တန်းမဖြေခဲ့ဘူး။ အခုပြန်ဖြေဖို့ တော့အစီအစဉ်ရှိတယ်။ ဟိုတစ်နေ့ က ဒဂုံ(၁) ရှေ့ ကဖြတ်တော့ ကားတွေကျပ်တယ်။ ဘာလုပ်တာလဲလို့ ကြည့်လိုက်တော့ ဆယ်တန်းအောင်စာရင်းထွက်တာ ။

အမျိုးသမီးများကို ခွဲခြား မဆက်ဆံစေလိုသူ စန္ဒီမြင့်လွင်သရုပ်ဆောင် အဆိုတော် စန္ဒီမြင့် လွင်က အမျိုးသမီးများ ခွဲခြား ဆက်ဆံ ခြင်းကို မကြိုက်ကြောင်း ပြောသည်။ ”မိန်းမတွေ မို့လို့ နောက်မှာ ပဲနေရမယ် ဆိုတာမျိုးကို ဒီးဒီ မကြိုက်ဘူး။ ငယ်ငယ်တုန်း က သင်တန်းတွေ တက်ရင် မိန်းကလေး က သတ်သတ် နေရ တယ် ။ ယောက်ျားလေး က သတ်သတ်နေရ တယ်။ တို့ယောက်ျားလေးက ပိုမြင့်တယ် ပြောကြတယ်။

<< Start < Prev 1 2 3 4 5 6 7 8 Next > End >>
Page 6 of 8