အရင်တုန်းက ကြောက်တဲ့စိတ်ကြောင့် သိပ်အဆင်မပြေတာ များတယ်ဆိုတဲ့ မေကဗျာလတ်တလော အနုပညာ လှုပ်ရှားမှုက ကိုဖြိုးငွေစိုးနဲ့ "ကျွန်တော် နဲ့နတ်အလွဲများ"ဆိုတဲ့ ကားကို ရိုက်ထား ပါတယ်။ အဲဒီကား မတိုင်ခင် ဇေရဲထက် နဲ့ ရိုက်ထားတာ တွေရှိတယ်။ ပြီးတော့ သီချင်းလေးတွေ ဆိုဖြစ်နေတယ်။ သီချင်းတွေ ဆိုတဲ့အခါ အခုနောက်ပိုင်းတော့ ဆိုတာ များလာတော့ ကြောက်စိတ်တော့ သိပ်မရှိတော့ပါဘူး။

အဓိကကတော့ အခုချိန်မှာပေါ့ ကျွန်မတို့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ ကိုယ့်ဘဝကို ကိုယ်ကျေနပ်တယ်။ ကိုယ့်အလုပ်ကို ကိုယ်ကျေနပ်တယ်။ ပျော်ရွှင်အောင် နေတတ်တဲ့ အတွက် သူများတွေ ထက်လည်း ပျော်ရွှင်မှုကို ရပါတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်း အတွင်းမှာ မပျော်ရွှင်ရဆုံး၊ စိတ်အပင်ပန်း ရဆုံးက ပြည်တွင်းစစ် တွေပါပဲ။ အဲဒီပြည်တွင်း စစ်တွေ အမြန်ဆုံး ချုပ်ငြိမ်းစေ ချင်ပါတယ်။ သေးသေးလေးဖြစ်နေတဲ့ စစ်တွေက အကြီးကြီးဖြစ်လာ တယ်။ ရပ်တော့မလို ဖြစ် ပြီးတော့ ရှည်ကြာ လာတယ်။ လူတွေသေ ကြေပျက်စီးရတဲ့ အရေအတွက် တွေပိုများလာတယ်။ နောက်ပြီးတော့ အမှုအခင်း၊ အရေးအခင်းနဲ့ သူ့လက်ညှိုးထိုး၊ ကိုယ့်လက်ညှိုးထိုးနဲ့ အရမ်းလည်း ရှုပ်ထွေးလာတယ်။

ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာတွေမှာ သာမက အလှူဒါန ပြုလုပ်တဲ့ နေရာမှာလည်း ဝတ်မှုံရွှေရည်နဲ့ တွေ့ဆုံခိုက်မှာ အလှူ လှူဖြစ်ခဲ့ပုံကို မေးကြည့်ရာ "အလှူတစ်ခု ဆိုတာက စိတ်ပါပဲ။ သဒ္ဓါတရားပေါ့။ တစ်ကျပ်ပဲဖြစ်ဖြစ်၊ တစ်ရာပဲဖြစ်ဖြစ်၊ အုတ်တစ်ချပ်၊ သဲတစ်ပွင့်လေးဆို ရင်တောင် စိတ်ကို စေတနာဖြူဖြူ စင်စင်လေးနဲ့ ထားရင် ဘယ်အရာ မဆို ကုသိုလ်ပါပဲ။ အဓိကကတော့ စိတ်ပါပဲ။ လှူတဲ့အခါ စိတ်ကို ကြည် ကြည်လင်လင် လေးထားရင် ကုသိုလ် ရပါတယ်။ Channel တွေ ကလည်း များလာပြီ၊ ရုပ်သံဇာတ် လမ်းတွဲတွေ ရိုက်ဖို့ ကစ်ကိုငှားရင် ရိုက်ဖြစ်မှာလား ဆိုတော့ ကစ်ကို ကမ်းလှမ်း လာရင်တော့ ရိုက်ဖြစ်မှာ ပါ။ စိတ်ဝင် စားပါတယ်။ အသစ် တစ်ယောက် အတွက်ဆိုရင်လည်း

လတ်တလော မှာတော့ ကြော်ငြာတွေ ရိုက်တယ်။ မဂ္ဂဇင်း ကာဗာတွေ  ရိုက်တယ်။ ပေါ့ပေါ့ပါးပါး လေးတွေပဲ ရိုက်ဖြစ်ပါတယ်။ ညီမသရုပ် ဆောင်ဖို့အတွက် အမူအရာတွေ၊ ဝတ်ရမယ့် အင်္ကျီ ဖက်ရှင်တွေ အစစ အရာရာကို မဂ္ဂဇင်းတို့၊ အင်တာ နက်တို့မှာ ကြည့်ဖြစ်ပါတယ်။ ညီမ အသက်အရွယ် ရလာရင် စီးပွားရေး သမားတစ်ယောက် အဖြစ်နဲ့ ရပ်တည် ချင်ပါတယ်။ ဒါပေမဲ့ အနုပညာဘက် ပါသွားရင်လည်း အနုပညာနဲ့ နည်းနည်းနွယ်တဲ့ စီးပွားရေး သမားတစ် ယောက်အဖြစ်နဲ့ ရပ်တည်ဖြစ်မှာပါ။ အဖေ့ရဲ့သမီး မိန်းကလေး တစ်ယောက် ဘဝနဲ့ သရုပ်ဆောင် မိန်းက လေး ဘဝနှစ်ခုက အရမ်းကိုကွာ ခြားပါတယ်။

<< Start < Prev 1 2 3 4 5 6 7 8 Next > End >>
Page 8 of 8