Sunday, 07 April 2013 09:35

၅တန်းလောက်ကတည်းက သီချင်းတွေ ရေးဖြစ်နေတဲ့ မိစန္ဒိ

Written by 
Rate this item
(0 votes)

မြန်မာပြည် ဟစ်ဟော့ပ် လောကရဲ့ မိန်းကလေး ဟစ်ဟော့ပ် အဆိုတော် တွေထဲက တစ်ယောက် ဖြစ်သူ မိစန္ဒီကသူ့ရဲ့ ‘မိုနိုပိုလီ’တစ် ကိုယ်တော် တေးစီးရီး အမ်တီဗီကို မတ်လ ၂၄ ရက်နေ့က ပရိသတ်ထံ အရောက် ပို့ပေးခဲ့ပြီ ဖြစ်ပါတယ်။ မိစန္ဒီက သူ့ရဲ့အမ်တီဗီကို သူရရှိ ထားတဲ့ အနုပညာကြေး လေးတွေ၊ မုန့်ဖိုး တွေကိုစုပြီး ပရိသတ်ကြည့် ရကျိုးနပ်အောင် Story ပုံစံလေး တွေကို ပါဖောမန့် ကောင်းကောင်းနဲ့ ရိုက်ကူး ထားပါတယ်။ မိန်းကလေး တစ်ယောက် ရင်ထဲက ခံစားချက်တွေကို သီဆိုထားတဲ့ ‘ရေခဲ့ရိုက်အပြုံး’သီချင်းကို မိစန္ဒီက အားအရဆုံးလို့ ပြောပါတယ်။

ရိုးရိုးသွားနေကျ ဟစ်ဟော့ပ် တီးလုံးမျိုး မဟုတ်ဘဲ ရော့ခ်ဆန်ဆန် တီးလုံးတွေနဲ့ ဆန်းသစ် ထားတယ်ဆို တဲ့ မိစန္ဒီက “ရေခဲရိုက် အပြုံးက ဒီအခွေ မှာ နောက်ဆုံး ရိုက်ခဲ့ရတဲ့ သီချင်း။ ရှေ့မှာ တော်တော် သရုပ်ဆောင် ခဲ့ရတော့ နည်းနည်း သရုပ်ဆောင် တတ်နေပြီ။ ဒါရိုက်တာ ကလည်း မျက်ရည်အစစ်ပဲ သုံးစေချင်တယ် ဆိုတော့ မျက်ရည်ကို မရမက ညှစ်ထုတ် ရတယ်။ ဒီသီချင်းကို ရေးဖြစ်ခဲ့တာကလည်း ဒီလိုမျိုး ပုံစံကိုကြိုက်တယ်။ မိစန္ဒီက မိန်းမ သိပ်မဆန်ဘူး။ ဒီသီချင်းက နိုင်ငံခြားက သီချင်း တစ်ပုဒ်ရဲ့တီးလုံးေ ပ်ါမှာ လိုက်ရေးတာ။ အဲဒီ သီချင်းကို နားထောင်ပြီး လျှောက်ရေး ကြည့်ရင်းကနေ ခေါင်းထဲကို ကိုယ့်မယ်လိုဒီတွေ၊ ကိုယ့်နုတ်(စ်)တွေ ဝင်လာပြီး အဲဒါကို အသံသွင်း ထားတယ်။ အဲဒီနေ့က ကျောင်းသွားမလို့၊ ဒါပေမဲ့ ‘မုဒ်’တွေ ဝင်လာပြီးတော့ အစအဆုံးထိုင်ရေး ဖြစ်သွားတယ်။ အဲဒီတုန်း ကလည်း ခံစားချက်တွေက ရှိနေတော့လေ။ ရက်ပ်ကတော့ စာမေးပွဲ ဖြေမယ့်ညမှာ စာကျက်ဘဲ ထိုင်ရေးတာ။ ပြောရမယ်ဆိုရင် ‘ရေခဲရိုက်အပြုံး’ က တမင်ရည်ရွယ်ပြီး ရေးတာ မဟုတ်ဘဲ အကျိုးအကြောင်း တိုက်ဆိုင်ပြီး ဖြစ်လာခဲ့တဲ့ သီချင်းပါ”လို့ ပြောပါတယ်။

သင်္ကြန် သီချင်းအနေနဲ့ ‘နိမိတ်ကောင်းနဲ့ သင်္ကြန်’အခွေ မှာ ဆူဇီနဲ့အတူ သီချင်း တစ်ပုဒ် သီဆိုထားကြောင်း၊ ဒီနှစ် သင်္ကြန်ကတော့ ရန်ကုန်နဲ့ မန္တလေး တစ်ခုခုမှာရှိမှာ ဖြစ်ကြောင်း မိစန္ဒီက ပြောပါတယ်။ မိစန္ဒီရဲ့ မိုနိုပိုလီ တေးစီးရီး ဒီဗီဒီ ကာရာ အိုကေကို မတ်လ ၂၄ရက်နေ့ က ဖြန့်ချိ လိုက်ပြီဖြစ်ပြီး တေးစီးရီး အမ်တီဗီထွက်ရှိခြင်းနဲ့ ပတ်သက်ပြီး စာနယ်ဇင်းမိတ်ဆက်ပွဲကို မတ်လ၁၃ရက်၊ မနက် ၁ဝနာရီက Central Hotel မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဒီဗီဒီမှာ သီချင်း၁၄ပုဒ်ပါဝင်ပြီး သီချင်း တစ်ပုဒ်ချင်းစီအတွက် သရုပ်ဆောင်ချက် ဆန်းဆန်းများနဲ့ အကောင်းဆုံး ကြိုးစား ထားကြောင်း မိစန္ဒီက ပြောပါတယ်။ မတ်လ ၂၄ရက်နေ့၊ ရန်ကုန် မြို့၊ ဒဂုံစင်တာ၂မှာ မိစန္ဒီနဲ့အတူ ပါဝင်သီဆိုထားတဲ့ အဆိုတော်များ၊ သရုပ်ဆောင်များက လက်မှတ် ရေးထိုးခဲ့ကြပြီး မတ်လ ၂၇ရက်နေ့က မန္တလေးမြို့၊ မနော်ရမံ္မ ကစားကွင်း မှာလည်း လက်မှတ် ရေးထိုး ခဲ့ကြပါတယ်

Read 963 times Last modified on Sunday, 07 April 2013 09:43