Monday, 20 July 2015 05:08

နာမည်ကျော် ကိုရီးယားအမျိုးသမီး DJ Soda မြန်မာပြည်တွင် ဖျော်ဖြေမည်

Written by 
Rate this item
(0 votes)

မြန်မာပရိသတ်များအကြား ရေပန်းစားလာသည့် တောင်ကိုရီး ယား အမျိုးသမီး DJ ပညာရှင် Soda သည် ဇူလိုင်လ ၃၁ ရက်နေ့၌ မြန်မာပြည်သို့ လာရောက်ဖျော်ဖြေ မည်ဖြစ်ကြောင်း သိရသည်။

ယခု ၂ဝ၁၅ ခုနှစ်အတွင်းတွင် မြန်မာပြည် ပရိသတ်ကြား ပိုမိုလူ သိများလာ သော DJ Soda ၏ မြန်မာပြည် ဖျော်ဖြေရေးကို ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်ရှိ မန်ဘာကလပ်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး DJ Soda နှင့်အတူ ထိုင်းနိုင်ငံမှDJ ပညာရှင် ၂ ဦးလည်း ပါဝင်ဖျော်ဖြေမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါပွဲကို စီစဉ်သည့် ကုမ္ပဏီ များထဲမှံ H. Life Entertainment အနေဖြင့် မြန်မာ ပြည်တွင် နိုင်ငံတကာဒီဂျေပွဲများကို စီစဉ်လေ့ရှိသည့် ကုမ္ပဏီတစ်ခု လည်းဖြစ် သည်။

“ကျွန်တော်တို့ H. Life အနေ နဲ့ နိုင်ငံခြားDJ တွေကိုခေါ်ပြီး ပွဲ တွေလည်း ရှေ့မှာလုပ်ဖူးပါတယ်။ အခုလတ်တလောမှာ မြန်မာပြည် အနေအထားနဲ့ အာရှအနေအထား ကိုကြည့်တဲ့အခါ Soda နည်း နည်း Hot ဖြစ်နေတယ်။ သူ့ကို မြန်မာပြည်မှာ ဖျော်ဖြေရင်ကောင်း မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ သူက အရှေ့တောင်အာရှရဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာလည်း သွားပြီး ဖျော် ဖြေနေတာတွေ့ရတော့ ဒီမှာလည်း လာဖျော်ဖြေရင်ကောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့ကိုဆက်သွယ်ပါ တယ်။ သူကလည်း လာချင်တဲ့အနေ အထားမှာရှိတဲ့ အတွက် ပွဲလုပ်ဖြစ် သွားတာပါ” ဟု အဆိုပါပွဲကို စီစဉ် သည့် ကုမ္ပဏီများထဲမှ H. Life Entertainment ကုမ္ပဏီ၏ တာဝန် ရှိသူ တစ်ဦးဖြစ်သော ဦးရန်သိမ်းက ပြောသည်။ အဆိုပါပွဲတွင် DJ Soda နှင့်အတူ ထိုင်းဒီဂျေပညာရှင် Zuperl နှင့် DJ Paka တို့အပြင် ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မန်ဘာကလပ်မှ ဒီဂျေများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို H. Life Entertain ment နှင့်အတူ Inspire Myanmar ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး ပွဲကို ဇူလိုင်လ ၃၁ ရက် ည ၈ နာရီတွင် ကန်တော် ကြီးမန်ဘာ ကလပ်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ DJ Soda နှင့်အတူDJ များ၏ ဖျော်ဖြေပွဲလက် မှတ်များကိုInspire Media & Entertainment Website တွင် ဝင်ရောက်စုံစမ်း ဝယ်ယူနိုင်ကြောင်း လည်း သိရသည်။

Credit to >>>popular

Read 839 times