ကျွန်မတို့က ဒီအလုပ်ကို ၁၄နှစ်၊ ၁၅နှစ်လောက် လုပ်လာတာ။ ဒီတော့ အတွေ့အကြုံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာချင်းတော့ ကွာမှာပေါ့ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် တေလာဆွစ်ဖ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နယူးယောက်မှာ ကျင်းပပြုလုပ်တဲ့ ဖက်ရှင်ရှိုးမှာ ပါဝင်သရုပ်ပြခဲ့ပါတယ်။ အဲဒီ ပွဲကတော့ Viectoria’s Secret ရဲ့ catwalk လျှောက်ပွဲဖြစ်ပြီး တေလာဆွစ်ဖ်အနေနဲ့ ဒီပွဲမှာ ပါဝင်သရုပ်ပြခဲ့တာ အံဝင်ဂွင်ကျ မဖြစ်ဘူးလို့ ပွဲမှာပါဝင် တဲ့ မော်ဒယ် Jessica က ပြောသွားပါတယ်။

One Direction အဖွဲ့မှ ဟယ်ရီစတိုင်လ်စ် အနေဖြင့် မိုင်လီဆိုင်းရပ်စ်နှင့် နီးစပ်အောင် ကြံရွယ်ပိုးပမ်း နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဟယ်ရီသည် လတ်တလော သတင်းကြီးနေသည့် Pop ဂီတ စတားကို နှစ်သက် သဘောကျလျှက် ရှိသလို သူမထံသို့ ချိတ်တိတ်တိတ် Messageများ ပေးပို့နေကြောင်း နီးစပ်သူများက ပြောကြားခဲ့သည်။ အသက်(၂၀) အရွယ်ရှိ မိုင်လီသည် ပြီးခဲ့သည့် လပိုင်းများအတွင်း ချစ်သူဟောင်း လီယမ်ဟမ်းဆွော့သ်နှင့် လမ်းခွဲမှုသတင်းအပြင် လျှပ်ပေါ်လော်လီလွန်းသည့် အဝတ်အစား များဖြင့် ဖျော်ဖြေခြင်း၊ လူဝေဖန်ချင်စရာ အပြုအမူများ လုပ်ဆောင်ခြင်းတို့ကြောင့် မီဒီယာများအကြား ရေပန်း စားနေသည်။

ရရှိခဲ့သည့် ရွှေအက်ဖ်အမ် ၂ဝ၁၃ ပေါ်ပြူလာ အမျိုးသမီး ဆုကို မျှော်လင့်ခဲ့ မိကြောင်း အိုင်းရင်းဇင်မာမြင့်က ဆိုသည်။ ”ရွှေအက်ဖ်အမ်ရဲ့ 2013 Popular အမျိုးသမီး ဆုကို မမျှော်လင့်ဘူး ပြောရင် ညာပြောရာ ကျမယ်။ ကလေး လူကြီး အားလုံး ကတော့ ရရင် ဝမ်းသာမှာပဲလို့ တော့တွေးမိ သလို ကြောက်လည်း ကြောက်တယ်။ အကြောက် တရားတွေ ကြားကပဲ ဆုရပါစေလို့ မျှော်လင့်မိ တယ်”ဟု ၄င်းက ဆိုသည်။ ”ဆုရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာပြီး ဘုရားသခင် ကိုလည်း ကျေးဇူးတော် ချီးမွမ်းသလို မွေးဖွားပေးတဲ့ အဖေအမေ နဲ့ သင်ဆရာ ကြားဆရာ မြင်ဆရာအားလုံး နဲ့ အတူ ဆရာရင်း ဖြစ်တဲ့ ဆရာ မြင့်မိုးအောင်နဲ့ ဆရာ အောင်နိုင်စန်း၊ ဆရာ ဦးချိုပြုံးနှင့် ပရိသတ်ကြီး အားလုံးကို ကျေးဇူး အထူးတင် ပါတယ်” ဟု အိုင်းရင်း ဇင်မာမြင့် ကပြောသည်။

ဗြိတိန်တွင် အခြေချ နေထိုင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် မော်ဒယ်လ်နှင့် သရုပ်ဆောင် စမိုင်းလ်နှင့် တွေ့ဆုံပြီး သူ၏ ပထမဆုံး တစ်ကိုယ်တော်စီးရီး New Me အကြောင်း၊ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်သည့် Y Talk ကုမ္ပဏီအကြောင်း၊ မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် သူ၏အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voiceး စမိုင်းလ်က အရင်တုန်းကဆို မော်ဒယ်လ်နဲ့ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ကျင်လည်ခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့ အခါမှာတော့ တေးစီးရီးခွေကို အရင်စလုပ် ဖြစ်ပုံလေး ပြောပြပေးပါဦး။

တေးသံရှင် ဩရသ ရေးစပ်ပြီး သူ့ရဲ့ ၁၅၀၀ ဆိုတဲ့ တစ်ကိုယ်တော် စီးရီးမှာ ပါဝင်တဲ့ လက်ခုပ်နှစ်ဖက် သီချင်းနဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့တဲ့ တေးသံရှင်စန္ဒီ ၁၅၀၀ ဟာ အောက်တိုဘာလ ၁၆ ရက်နေ့၊ မနက် ၁၂နာရီ၊ မိနစ် ၂၀ အချိန်မှာ သူနေထိုင်ရာ ဗဟန်းမြို့နယ် အိမ်မှာ အစာအိမ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း စန္ဒီရဲ့ မိခင်ဖြစ်သူ ဒေါ်မြတ်မြတ်က The Voice ကိုပြော ပါတယ်။ “သမီးလေး ကအစာအိမ် ရောဂါ ဖြစ်နေတာ တော်တော်လေးကြာ ပါပြီ။ ဒီရက်ပိုင်း မှာတော့ အစာအိမ်ရောဂါ အပြင် အသည်းရောင်၊ အသားဝါ ရောဂါပါ ထပ်ဖြစ်ပြီး ရောဂါက ပိုဆိုးလာပြီး ဆုံးသွား တာပါ။

 ရေဗက္ကာဝင်းက လတ်တလော မှာတော့ ကျောင်းတစ်ဖက် အပြင် စီးပွားရေး တစ်ဖက်နဲ့ ဖြစ်တာကြောင့် အနုပညာဘက်ကို သိပ်မလှည့်ဖြစ် သေးဘဲ တစ်ကိုယ်တော်အခွေ ထွက် မယ့်အစီအစဉ်တော့ ရှိသေးကြောင်း ပြောပါတယ်။ “အခုကျောင်းက စာတမ်းပြုစု နေတာတစ်ဖက်ဆိုတော့ အခွေဘက် ကို မလှည့်နိုင်ဘူးဖြစ်နေတယ်။ စာတမ်းပြုစုတာ ပြီးသွားရင်တော့ အခွေဘက်လှည့်ဖြစ်မှာပါ။ စီးပွား ရေးကတော့ အမျိုးသားနဲ့ အတူ ဆေးဝါးလုပ်ငန်း လုပ်နေ ပါတယ်။ အိပ်မက် ဆုံရာမှာတော့ ဒိုင်မလုပ်ဖြစ် တော့ပါဘူး” လို့ ဆိုလာတဲ့ ရေဗက္ကာ ဝင်းကို အိပ်မက်ဆုံ ရာမှာ ဒိုင်လုပ် ခြင်းကနေ ဘယ်လိုအတွေ့အကြုံတွေ ရရှိခဲ့လဲဆိုတော့.. “အဘက်ဘက် ကစဉ်းစားပြီး ရွေးချယ်ပေးရတာမျိုးလေးတွေ ရှိပါ တယ်” လို့ ရေဗက္ကာဝင်း ကပြောပါ တယ်။

<< Start < Prev 1 2 3 Next > End >>
Page 2 of 3