သံဇဉ်

သံဇဉ်

မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ China Radio International တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာဘာသာ နောက်ခံ စကားပြော ရွှေမင်းသားရဲ့သုခကမ္ဘာ အမည်ရှိ တရုတ်ရုပ်သံဇာတ်လမ်းတွဲ ကို ဇွန်လ ၁၃ ရက်နေ့မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း အဆိုပါဇာတ်လမ်းတွဲတွင် အသံဖြင့် သရုပ်ဆောင်ပေး ခဲ့သူ သရုပ်ဆောင်စည်သူမောင်က The Voice သို့ ပြောကြားသည်။

ကမ္ဘာကျော် တရုတ်မင်းသား ဂျက်ကီချန်းက ဇွန်လ ၆ ရက်နေ့မှာ ဟောလီး ဝုဒ်ရဲ့ နာမည်ကျော် တရုတ် ပြဇာတ်ရုံမှာ သူ့ရဲ့ခြေရာ၊ လက်ရာတွေကို ဘိလပ်မြေ ပြင်ချပ်ပေါ်မှာ ဒုတိယအကြိမ် ကမ္ပည်းတင်ခဲ့ကြောင်း သိရပါတယ်။ ချန်းက နှစ်ပေါင်း ၄ဝ အတွင်း ရုပ်ရှင် ဇာတ်ကား ၁၅ဝ ကျော် သရုပ်ဆောင်ခဲ့ ပြီး သူ့ရဲ့ခြေရာ၊ လက် ရာ တွေကို ၁၉၉၇ ခုနှစ်က ပထမဆုံး အကြိမ် ကမ္ပည်း တင်ခဲ့ပါတယ်။ ချန်းက ဒုတိယ အကြိမ် လာရောက် ကမ္ပည်းတင်ခြင်း ဖြစ်ပြီး သူနဲ့အတူ Rush Hour ဇာတ်ကားမှ

နာမည်ကျော် ကိုရီးယား အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Girls' Generation အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ မှာ ဖျော်ဖြေပြီးတော့ စတင်ခဲ့တယ်လို့ Channel News သတင်း ဌာနမှာ ဖော်ပြထားပါတယ်။ Girls' Generation အဖွဲ့ဟွာGirls & Peace လို့ အမည်ပေးထားတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်အတွင်းမှာ အမေရိကန်၊ ထိုင်ဝမ်နဲ့တောင်အမေရိက တိုက်ရှိ နိုင်ငံများကို သွားရောက်ဖျော်ဖြေမှာဖြစ်ပါတယ်။

အနုပညာမျိုးရိုး မရှိခဲ့သော်လည်း အနုပညာ အလုပ်မျိုးစုံ လုပ်ကိုင်သော မွေးချင်း ညီအစ်ကို များတွင် တစ်ဦးအပါအဝင် ဖြစ်သူ၊ မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု တက္ကသိုလ်တွင် ဂီတဖြင့် ဘွဲရရှိ ခဲ့ပြီးနောက် ဂျပန်နိုင်ငံတွင်ပါ ဂီတအတွက် မဟာဘွဲ့ရအောင် ဆည်းပူးခဲ့သူ၊ ယင်းနောက် ‘ဇော်က ကနေသည်’ ရုပ်ရှင် ဇာတ်ကား၏ တေးဂီတ အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ကာ မဟာဂီတ အပါအဝင် ဂီတ ဖန်တီးမှုများ၊ အစီအစဉ်သစ်များ လုပ်ဆောင်နေသူမှာ ဓီရာမိုရ် ဖြစ်သည်။

ဟာသဇာတ်ကွက် များစွာပါဝင်တဲ့ သရဲတစ္ဆေ ဇာတ်ကား Pee Mak ဟာ ထိုင်းနိုင်ငံက ထွက်ရှိဖူးသမျှ ရုပ်ရှင်ဇာတ်ကားများမှာ ဝင်ငွေအကောင်းဆုံး အဖြစ် စံချိန်တင်သွားတယ်လို့ CNA သတင်း တစ်ရပ်က ဖော်ပြထားပါတယ်။ ဒီဇာတ်ကားဟာ မတ်လအတွင်းက စတင် ထွက်ရှိတာဖြစ်ပြီးတော့ အမေရိကန်ဒေါ်လာ ၃၃ သန်း ဝင်ငွေရရှိခဲ့တာမို့ ထိုင်းပြည်တွင်းဖြစ် ရုပ်ရှင်တွေထဲမှာ စံချိန်ချိုးသွားတာဖြစ်ပါတယ်။ Pee Mak ရုပ်ရှင်ဒါရိုက်တာ ဘန်ဂျောင် ပီဆန်သနခွန်က သည်းထိတ်ရင်ဖို ဇာတ်ကားတွေ ဖြစ်တဲ့ Shutter၊ 4BIA နဲ့ Phobia 2 ဇာတ်ကား တွေနဲ့လည်း အရင်က အောင်မြင်မှုတွေ ရခဲ့ပါတယ်။ Pee Mak ဇာတ်ကားဟာ စစ်ထွက်ပြီး ပြန်လာမယ့်ယောက်ျားကို

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌသစ်လူမင်းအားဥက္ကဋ္ဌဟောင်းဇင်ဝိုင်းလက်ပြောင်းလက်လွှဲကာလအခက်အခဲမရှိစေရန်ကူညီသွားမည်ဟုသိရသည်။ ကျန်းမာရေးကြောင့် အနားယူသွားသည့် ဥက္ကဋ္ဌဟောင်းဇင်ဝိုင်းအနေနှင့်မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ၀င်ရုပ်ရှင်လောကသားတစ်းဦး အနေနှင့်ရုပ်ရှင်ကိုချစ်မြတ်နိုးသူတစ်ဦးအနေဖြင့်လောကကောင်းကျိုး သယ်ပိုးနိုင်သမျှဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းပြောဆိုပါသည်။

သရုပ်ဆောင်ရဲတိုက်အား ဇွန်လ ၇ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးသို့ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ရဲတိုက် ၏ သူငယ်ချင်းဖြစ်သူ ကိုဇင်နောင် မှ မဇ္ဈိမ သို့ ပြောကြားခဲ့ပါသည်။

NATO နှင့် ရုရှားနိုင်ငံတို့သည် ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို ပင်လယ်နက် အတွင်း၌ မကြာမီ ကျင်းပသွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံ ဆိုင်ရာ NATO သံတမန် အလက်ဇန္ဒြား ဂရက်ရှ်ကိုက မေ ၂၈ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ အခုနှစ်ကုန်ပိုင်း ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ အားကစားပွဲတော် ဆီးဂိမ်း (SEA Games) မှာ သမရိုးကျအရေးပါတဲ့ အားကစားနည်းတွေ ချန်လှပ်ထားတာကို ကန့်ကွက်တဲ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံက အားကစားအဖွဲ့ဝင်နည်းနည်းကိုသာ စတိအဖြစ်စေလွှတ်မှာဖြစ်ကြောင်း ဖိလစ်ပိုင် အားကစားအဖွဲ့ချုပ် ဥက္ကဌ Mr Garcia က ပြောကြားလိုက်ပါတယ်။

မေ ၂၈ ရက်က ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကျောင်းအတွင်း သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့် သရုပ်ဆောင် ရဲတိုက်အား ဗိုလ်တထောင် ရဲစခန်း၌ပင် ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။

<< Start < Prev 1 2 3 4 5 Next > End >>
Page 1 of 5