Thursday, 01 August 2013 13:45

ဒက်ဒီဟဲလေး ဗီစီဒီတွင် သီချင်းသစ်သုံးပုဒ် ထည့်သွင်းထားဟု ဟဲလေးဆို

Written by 
Rate this item
(0 votes)

နင်ပျော်ရင်ပြီးတာပဲ တေးသီချင်းနဲ့ ပရိသတ်သိလာတဲ့ တေးသံရှင်ဟဲလေးရဲ့ စတုတ္ထမြောက် တစ်ကိုယ်တော်အခွေ ဖြစ်တဲ့ ဒက်ဒီဟဲလေး ဗီစီဒီအခွေမှာ တေးသီချင်းအသစ် သုံးပုဒ်ကို Bonus Song အနေနဲ့ ထည့်သွင်းထားတယ်လို့ တေးသံရှင် ဟဲလေး က ပြောပါတယ်။

အောက်တိုဘာလမှာ ထွက်မယ့် ဒက်ဒီဟဲလေးဗီစီဒီ အတွက် "အခု ဗီစီဒီ ရိုက်ကူးပြီတာ ကိုးပုဒ်ရှိပါပြီ။ ရိုက်ကူးထား တဲ့ MTV တွေက နည်းနည်း ထူးထူးခြားခြားလေး ရိုက်ထားပါတယ်။ ဒီအခွေထဲမှာ ခုနစ်ပုဒ်လောက်ကို ကိုယ်တိုင် သရုပ်ဆောင်ထားပြီးတော့ ကျန်တဲ့သီချင်းတွေကို တခြား သရုပ်ဆောင်တွေနဲ့ ရိုက်ထားပါတယ်။ နောက်ထပ် ထည့်ထားတဲ့သီချင်း သုံးပုဒ်မှာ တစ်ပုဒ်က ကော်ပီ သီချင်းလေးပါ။" လို့ ၄င်းကပြောပါတယ်။

တေးသံရှင်ဟဲလေးဟာ မင်းမသိတဲ့အချစ်၊ အချစ်ပျောက်သွားသူနဲ့ Old Service နာမည်နဲ့ တစ်ကိုယ်တော် အခွေတွေနဲ့ ဒက်ဒီဟဲလေး တေးစီးရီးစီဒီခွေ ကိုလည်း နောက်ဆုံးထွက်ရှိထားတာ ဖြစ်ပြီး လက်ရှိမှာတော့ ရှိုးပွဲတွေ ဆိုဖြစ်နေပြီး သူ့ရဲ့တစ်ကိုယ်တော်အခွေ အတွက် အပြီးသတ်နေပါတယ်လို့ ဆိုပါတယ်။

 

 

 

Read 999 times Last modified on Thursday, 01 August 2013 13:51