Sunday, 07 April 2013 09:39

တစ်ကိုယ်တော်ဖျော်ဖြေပွဲ မလုပ်ဖြစ်ရတဲ့အကြောင်း ရဲလေး စာနယ်ဇင်းရှင်း

Written by 
Rate this item
(0 votes)

တစ်ကိုယ်တော် ဖျော်ဖြေပွဲ မလုပ်ဖြစ်ရတဲ့ အကြောင်းရင်းမှာ ကျန်းမာရေးနှင့် တခြား အကြောင်းရာ တွေကြောင့် မဟုတ်ဘဲ ပွဲကျင်းပခွင့် ပိတ်ခံ ရခြင်းကြောင့် မလုပ်ဖြစ်ရကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို ယနေ့ နေ့လယ် ၁ နာရီခွဲ ခန့်တွင် မန်းလေးမြို့ စွမ်းဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ ရဲလေးရဲ့တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ယခုလ ၆ရက်နေ့ ၆နာရီ စွမ်းဟိုတယ် မြက်ခင်းပြင် တွင် ကျင်းပရန် လျာထားပြီး မတ်လ ၁၈ရက်နေ့တွင် ကျင်းပမိန့် ရခဲ့သည်။ ပွဲကျင်းပရန် ၄ရက်အလို ဧပြီလ ၂ ရက်နေ့မှ ပွင့်ကျင်းပခြင်း ပိတ်ပင် ခံရကြောင်း ရဲလေးက ပြောသည်။

နယ်မြေ တည်ငြိမ်အေး ချမ်းသာယာရေး လိုအပ်ချက်အရ လုံခြုံရေး အပြည့်ဝ လုပ်ပေးနိုင်ခြင်း မရှိတာကြောင့် ပိတ်ပင်ရခြင်း ဖြစ်ကြောင်း အကြောင်းကြား စာတွင် ပါရှိသည်။

အဆိုပါ ပိတ်ပင် ခံရခြင်းကြောင့် အဆိုတော် ရဲလေးသည် အဆိုတော်များ ခရီးသွားလာ စရိတ်၊ ဟိုတယ် ဘိုကင်ခ၊ LED ပညာရှင်များ ငှါးရမ်းခများ၊ ကြိုတင်ရောင်းချ ထားသည့် လက်မှတ်ခများနှင့် တခြားသော စရိတ်များ ဆုံးရှုံးခဲ့ကြောင်း ရဲလေးက ပြောသည်။ တခြားဟာတွေ ဆုံးရှုံးတာထက် အနုပညာ ခွန်အားတွေ ဆုံးရှုံးတာကို ပိုဆိုးပါတယ်။ ကျွန်တော် သင်္ကြန်ပြီးလောက်ထိ နာလန်ပြန်ထူနိုင်မှာ မဟုတ်သေးဘူးလို့ ရဲလေးက ပြောသည်။ ကြိုတင်လက်မှတ် ၀ယ်ယူထားသူများ အနေဖြင့် 09-91046525သို့ ဆက်သွယ်ကာ ပြန်လည် ထုတ်ယူနိုင်ကြောင်း နယ်မြေတည်ငြိမ် မှုရှိမှ မန္တလေး ပရိသတ်ကြီးအား ပြန်လည်ဖျော်ဖြေပေး သွားမည်ဖြစ်ကြောင်း ရဲလေးက ပြောသည်။

Read 840 times Last modified on Sunday, 07 April 2013 09:44