Monday, 13 January 2014 02:20

ခြေလှမ်းသစ်အဖြစ် ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်မည့် ရိန်း

Written by 
Rate this item
(0 votes)

တောင်ကိုရီးယား အနုပညာကြယ်ပွင့် ရိန်းက မကြာမီက ဖြန့်ချိခဲ့သည့် Rain Effect အမည်ရှိ ၎င်း၏ ဆဋ္ဌမမြောက် အယ်လ်ဘမ် ထွက်ရှိအပြီးတွင် ရုပ်သံ ဇာတ်လမ်းတွဲ ပရိသတ်များအတွက် ကေဘီအက်စ်ရုပ်သံလိုင်း၏ 1 Night 2 Days ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင် ထားကြောင်းသိရသည်။

အဆိုပါ 1 Night 2 Days ဇာတ်လမ်းတွဲ၏ ရိုက်ကူးမှုအားလုံးပြီးဆုံးခဲ့ပြီ ဖြစ်သော်လည်း ယင်းဇာတ်လမ်းတွဲကို မည်သည့်အချိန်တွင် ထုတ်လွှင့်ပြသ မည်ကို အတိအကျ မသိရသေးကြောင်း သိရသည်။

ပရိသတ်များမှ M Countdown ၏ အပတ်စဉ် ဂီတဇယားတွင် ထိပ်တန်း အနုပညာရှင် တစ်ဦးအဖြစ် ဂုဏ်ပြုခဲ့သည့်အတွက် ဝမ်းသာမိပါကြောင်းနှင့် အနာဂတ်တွင်လည်း အစွမ်းကုန်ကြိုးစား သွားမည်ဖြစ်ကြောင်း ရိန်းက ၎င်း၏တွစ်တာ စာမျက်နှာမှတစ်ဆင့် ပရိသတ်အား ပြောကြားခဲ့ကြောင်း
သိရသည်။

Read 838 times Last modified on Monday, 13 January 2014 02:21