လင်းလင်း၏ သံမဏိလိပ်ပြာ တေးစီးရီး အာဇာနည်နေ့တွင် ထွက်ရှိမည်အဓိပ္ပာယ် ပြည့်ဝပြီး လေးနက်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းများကို ကိုယ်တိုင် ရေးသား သီဆိုလေ့ရှိတဲ့ တေးသံရှင် လင်းလင်းက သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီး ဖြစ်တဲ့ သံမဏိ လိပ်ပြာကို အာဇာနည် နေ့ဖြစ်တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က စတင်ပြီး Bo Bo Entertainment ကနေ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

အနုပညာမျိုးရိုး မရှိခဲ့သော်လည်း အနုပညာ အလုပ်မျိုးစုံ လုပ်ကိုင်သော မွေးချင်း ညီအစ်ကို များတွင် တစ်ဦးအပါအဝင် ဖြစ်သူ၊ မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု တက္ကသိုလ်တွင် ဂီတဖြင့် ဘွဲရရှိ ခဲ့ပြီးနောက် ဂျပန်နိုင်ငံတွင်ပါ ဂီတအတွက် မဟာဘွဲ့ရအောင် ဆည်းပူးခဲ့သူ၊ ယင်းနောက် ‘ဇော်က ကနေသည်’ ရုပ်ရှင် ဇာတ်ကား၏ တေးဂီတ အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ကာ မဟာဂီတ အပါအဝင် ဂီတ ဖန်တီးမှုများ၊ အစီအစဉ်သစ်များ လုပ်ဆောင်နေသူမှာ ဓီရာမိုရ် ဖြစ်သည်။

အလွမ်းပြေအနမ်း၊ နှစ်ပတ်လည် သီချင်းများဖြင့် ပရိသတ်အားပေး လက်ခံတဲ့ တေးသံရှင်တစ်ယောက် ဖြစ်ခဲ့တဲ့ ဘန်နီဖြိုးနှင့် တွေ့ဆုံပြီး၊ သူ၏ ပြည်တွင်း၊ ပြည်ပ ဖျော်ဖြေပွဲများအကြောင်း၊ Playback သီဆိုသည့် တေးသံရှင်များအပေါ် သူ၏အမြင်နှင့် လတ်တလော အနုပညာလှုပ်ရှားမှုများ အကြောင်းကို The Voice က မေးမြန်းထားခြင်းဖြစ်သည်။

တေးသံရှင်ရဲလေးက သူ့ဘဝရဲ့ လက်တွဲဖော်ဖြစ်တဲ့ အေးမြအောင်နဲ့အတူ ဖေဖော်ဝါရီ ၂၆ရက်နေ့က နှစ်ဖက် မိဘများရှေ့မှာ လက်မှတ်ရေးထိုး လက်ထပ်ပြီး သူတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးကို တည်ဆောက်လိုက်ပါပြီ။ နှစ်ယောက်တစ်ဘဝကို တည်ဆောက်လိုက်ကြတဲ့ ရဲလေးနဲ့ အေးမြတို့ရဲ့ ကြည်နူးဖွယ်စကားသံများကိုလည်း မေးမြန်းတင် ဆက်လိုက်ပါတယ်။

Idiots အဖွဲ့၏ ရော့ခ်စင်တင်ပွဲ မြင်ကွင်းတခု

ရော့ခ် စင်တင်ပွဲတွေကို နှစ်စဉ် 9 planets Present ကနေ ဦးစီးပြီး အစဉ်အလာမပျက် စီစဉ်တင်ဆက်နေကျ ဖြစ်တဲ့ ရော့ခ် စင်တင်ပွဲ တရပ်ကို မေ ၂၉ မှာ ကျင်းပမှာဖြစ်ပါတယ်။ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ့် အဲဒီပွဲမှာ လူငယ်တွေအကြား ရေပန်းစားနေတဲ့ ရော့ခ်အဖွဲ့တွေ ဖြစ်တဲ့ ကျားပေါက်ရဲ့ Big Bag အဖွဲ့၊ အောင်လရဲ့ Reason အဖွဲ့၊ ဖော်ကာရဲ့ Wanted အဖွဲ့၊ ရေမွန်ရဲ့ Idiots အဖွဲ့တို့နဲ့ အတူ Underground ရော့ခ် အဖွဲ့ တွေကြားမှာ ပရိသတ်အခိုင်အမာ ရှိပြီးသား Drive အဖွဲ့နဲ့ Fever 109 စတဲ့ အဖွဲ့ ၆ ဖွဲ့က ကိုယ့် တေးဂီတ ဝိုင်းနဲ့ကိုယ် ဖျော်ဖြေကြမှာပါ။

 

တေးသံရှင် ရဲလေး(ခေါ်) မောင်ရဲထွန်းမင်း နှင့် သူ၏ချစ်သူ မအေးမြအောင်တို့၏ မင်္ဂလာဧည့်ခံပွဲကို မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မဟာစည်သာသနာ့ရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့သည်။

<< Start < Prev 1 2 3 Next > End >>
Page 2 of 3