Sunday, 19 January 2014 02:31

အမှန်အတိုင်း ပြောရရင် မြန်မာလူမျိုးတွေ အရမ်းမျိုးချစ်စိတ် ရှိကြတယ် ဂျူးဂျူးကေ

Written by 
Rate this item
(0 votes)

သရုပ်ဆောင် အလုပ်ထက် တ ယောထိုး တာကိုပိုတွေ့လာရတော့ တယောထိုး တာကို ပိုနှစ်သက်လား ဆိုတော့ တယောထိုးတာက ဆက် တိုက်လုပ်ဖြစ် နေတယ်။ ပရိသတ်ရဲ့ လိုအပ်ချက်နဲ့ တောင်းဆို မှုကြောင့် တော်တော် များများက တယောပဲ ထိုးဖြစ် နေပါတယ်။ အဲဒါဆိုတော့ တယောသမား တစ်ယောက် အနေနဲ့ ပဲ ရပ်တည်သွားမှာ လားဆိုတော့ ဘယ်လိုပြောရမလဲ။ အဲဒါက လေ့ လာတဲ့ အခြေအနေအပေါ်မှာပဲ လုပ်ဖြစ်သွားမှာပါ။

အကုန်လုံးက ဂျူးကေ ဝါသနာပါတဲ့ အလုပ်မို့လို့ပါ။ တယောထိုး တာနဲ့ သရုပ်ဆောင်တာ က ကွာခြားမှုအများကြီး ရှိတယ်လို့ ပြောလို့ရပေမယ့် အရမ်းနီးစပ်မှုရှိ တယ်လို့ပြောလို့ ရပါတယ်။ မမြင်ရတဲ့ ချိတ်ဆက်မှုတွေပါ။ ထာဝရမန္တလေး ဇာတ်ကားက သရုပ်ဆောင်ကြီးတွေ များပေမယ့်လည်း ကိုယ်နဲ့ လိုက်ဖက် မယ့် သင့်တော်မယ် ထင်တဲ့ ဇာတ် ကောင်ကို ရွေးချယ် ထားတာဖြစ်တဲ့ အတွက် အကောင်းဆုံးဖြစ်အောင် တော့ ကြိုးစားထားတာပဲ။ မြန်မာ ဇာတ်လမ်းတွဲ ကိုအားပေးတဲ့ ပရိ သတ်က နည်းပေမယ့် အမှန်တိုင်း ပြောရရင် မြန်မာလူမျိုးတွေက အ ရမ်းကို မျိုးချစ်စိတ်ဓာတ်ရှိတဲ့လူတွေ ပါ။

ကိုရီးယား ကားတွေကို ကြိုက် တဲ့ပရိသတ်တွေလည်း မြန်မာကား ကောင်းကောင်းလေးတွေကို မြင် ရင် ကိုရီးယားကားထက် မညံ့ဘူး ဆိုတာကို မြင်ရင်ကြိုက်ကြ မှာပါ။ အခု ဒီထာဝရ မန္တလေးဆိုလည်း ပရိ သတ်တွေက အားပေးကြ လိမ့်မယ် လို့အပြည့်အဝယုံကြည် ပါတယ်။

8 days

Read 988 times Last modified on Sunday, 19 January 2014 02:35