၁၉၆၁ ခုနှစ်မှစတင်ပြီး ကမ္ဘာ့မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံက ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ရာမှ နှစ်ပေါင်း ၅၂ အကြာ ၂၀၁၃ ခုနှစ် ရုရှားနိုင်ငံတွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည့် အလှမယ် ကို အောက်တိုဘာလ ၃ ရက်နေ့ညပိုင်း ရန်ကုန်မြို့ အမျိုးသားကဇတ်ရုံမှာ ရွေးချယ်ခဲ့ပြီး Miss Myanmar Universe 2013 အဖြစ် အသက် ၂၅ နှစ်အရွယ် မိုးစက်ဝိုင်က အရွေးချယ်ခံလိုက်ရသည်။ ကမ္ဘာ့ မယ်စကြ၀ဠာပြိုင်ပွဲ တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် မိုးစက်ဝိုင်ကို ဧရာဝတီသတင်းထောက်မြတ်သူအောင်က တွေ့ဆုံမေးမြန်းထားသည်။

တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပမည့် Miss Tourism Queen International 2013 ပြိုင်ပွဲသို့ Star &  Modelအေဂျင်စီမှမော်ဒယ်ခင်လပြည့်ဇော်က မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲ ကိုအောက်တိုဘာလ ၃ ရက်တွင်ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ Dynasty Brand Promotion မှ ဦးစီးကျင်းပခြင်း ဖြစ်သည်။ “နန်နင်းမှာကျင်းပတဲ့ အခုပြိုင်ပွဲကိုဝင်ဖို့ ဟိုဘက်ကကျွန်တော်တို့အေဂျင်စီကို ဖိတ်ကြားခဲ့ပါတယ်။ သူတို့ လှမ်းပြီး ဖိတ်ကြားတဲ့ အချိန်နဲ့ ပြိုင်ပွဲသွားရမယ့်အချိန်က အရမ်းနီးတော့တဲ့အတွက် လူရွေးပွဲရယ်လို့ သီးသန့် မလုပ်နိုင်တော့ ဘဲ အေဂျင်စီကနိုင်ငံတကာ အဆင့်မီမော်ဒယ်အနေနဲ့သတ်မှတ်ထားတဲ့ မော်ဒယ် အယောက် ၃၀ ရဲ့ဓာတ်ပုံတွေကိုပြိုင်ပွဲစီစဉ်တဲ့ သူတွေဆီပေးပို့ပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ပါတယ်။

ရတနာဖြူဖြူအောင် နာမည်ပြောင်းလိုက်ပါပြီ။ သူ့ကို ဖြူထိပ်ထားလို့ ခေါ်ပါ တဲ့။ နာမည်သစ်က ၅ဝ% ပိုပြီးတိုသွားပါတယ်။

<< Start < Prev 1 2 3 Next > End >>
Page 3 of 3