ထရီဇာရဲ့ တစ်ကိုယ်တော်ခွေကို ၂၀၁၄ ခုနှစ်ရဲ့ နှစ်လယ်ပိုင်းမှာ ထွက်ဖြစ်ဖို့ ရည်မှန်းထားပါတယ်။  မီးအိမ်ကဗျာ ဗီစီဒီကိုတော့ အရင်ထွက်နိုင်ဖို့ လုပ်နေတယ်။ တစ်လကို ဘယ်နှပုဒ်ပြီးအောင် ရိုက်မယ်ဆိုပြီး Target ထားပြီး ရိုက်နေပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်နဲ့ပါ။ ဇာတ်ကားတွေကတော့ ဆက်တိုက် ရိုက်ဖြစ်နေပါတယ်။ အခုက မိုးရာသီဆိုတော့ နယ်ပွဲတွေတော့ ပါးသွားပြီ။ အဲဒါကြောင့် ကုမ္ပဏီပွဲတွေလောက်ပဲ သီချင်းဆိုဖြစ်ပါတယ်။ အခုတော့ ဒါရိုက်တာနေပိုင် ရိုက်ကူးတဲ့ “သုံးပါးသွားလေး ကချင်ပေမယ့်” ဇာတ်ကားကို အောင်ရဲလင်းနဲ့ ရိုက်နေပါတယ်။ ဒီလောကထဲ စဝင်ကတည်းက ထရီဇာ့ကားတွေ ဆက်တိုက် ထွက်တာမျိုးလည်း မရှိဘူး။ ကိုယ်နဲ့ အဆင်ပြေမယ့်ကားမျိုး ရိုက်တယ်။

“ကျန်စစ်မင်းကြီးကို တရားစွဲပေးပါ” ဇာတ်ကားမှာ ရှေ့နေတစ်ယောက်ရဲ့ ကာရိုက်တာ သရုပ်ဆောင်ထားပါတယ်။  ဒီကားမှာ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီရဲ့ တရားရေးရာ မူဝါဒ အမြင်တွေကို ထည့်သွင်းထားတယ်။ လက်ရှိ ရှေ့နေလောကကို ရာခိုင်နှုန်းလေးဆယ် ယူပြီး ရိုက်ထားပါတယ်။ ဥပဒေရေးရာကို အခြေခံပြီး သွားတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဥပဒေနဲ့ ဖြစ်ပေါ်လာတဲ့ အချစ်ရေး ထိစပ်မှုတွေ ရှေ့နေတစ်ယောက်ရဲ့ ထိန်းသိမ်းရတဲ့ ဂုဏ်သိက္ခာတွေ အများကြီးပါတယ်။ အမြင်ဆိုတာကတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး။

အနုပညာထက် ပညာရေး ဘက်ကို ပိုဦးစားပေးမယ့် ယွန်းဝတီလွင်မိုးအသက် ၁၄ နှစ်သာ ရှိသေးပေမယ့် တီဗွီကြော်ငြာနဲ့ ဓာတ်ပုံ မော်ဒယ်တွေ ဘက်မှာ ပရိသတ်ရဲ့  အားပေးမှုတွေ နဲ့အတူ အောင်မြင် မှုရရှိနေ သူကတော့ ဝါရင့် သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်သူ ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါ တယ်။

ချစ်သုဝေ ဖေ့စ်ဘုတ် မသုံးပါချစ်သုဝေက ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးတဲ့ ‘အနမ်းမွေ့ယာ’ ဇာတ်ကားကို နေမင်းနဲ့ ရိုက်နေပြီး အချစ်ရေး ကံမကောင်းဖူးတဲ့ သူအဖြစ် သရုပ်ေ ဆာင်ထား ပါတယ်။ သရုပ်ဆောင်ရော၊ ဂီတ ဘက်မှာပါ အနုပညာ အလုပ်တွေ လှုပ်ရှားဖြစ်သလို၊ လူမှုရေး လုပ်ငန်းတွေ လည်း ဆောင်ရွက်နေ တာေ ကြာင့် သူ့အနေနဲ့ ဖေ့ဘုတ် ကို အသုံး မပြုဖြစ်သလို၊ ဖေ့ဘုတ် အကောင့်ကိုလည်း ဖွင့်မထားကြောင်း သူ့ရဲ့ပရိသတ်တွေကို ချစ်သုဝေက အသိပေြးေ ပာပြ ခဲ့ပါတယ်။

ပရိသတ်ချစ်တာကိုပဲ လိုချင်သူ မိုးယုစံဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးနေတဲ့ ‘သန္တာရောင် ဆုံမှတ် များ’ ဇာတ်ကားကို  မိုးယုစံက နေတိုး နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားထဲမှာ မိုးယုစံက နေတိုးရဲ့သူငယ် ချင်းချစ်သူအဖြစ် သရုပ်ဆောင်ထား ပါတယ်။

တစ်ကိုယ်တော် ခွေမှာ ကိုယ်ပိုင် သံစဉ်တွေပဲ ဆိုဖို့စီစဉ်ထားတဲ့ Jenny Jenny အခုနောက်ပိုင်း ရှိုးတွေ ပဲဆိုဖြစ်နေတာ များတယ်။ ပြီးတော့ တစ်ကိုယ်တော် single ခွေ လုပ်နေ ပါတယ်။ အခုသီချင်းတွေ အများ ကြီးရွေးထားတယ်။ နောက်ဆုံး Final ရွေးဖို့ပဲ ကျန်ပါတော့တယ်။ ဆိုနေကျပုံစံလေးတွေလည်း ပါသလိဲုJenny မထိတွေ့ဘူး သေးတဲ့ပုံစံ တွေလည်းပါမှာပါ။ အားလုံးကို own tune တွေချည်းပဲ လုပ်ဖို့ စီစဉ် ထားပါတယ်။

<< Start < Prev 8 9 10 11 12 13 14 15 16 17 Next > End >>
Page 13 of 19