“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကား ထွက်ရှိပြီး တပတ်ကျော် အကြာမှာ မြန်မာ ပရိတ်သတ် တွေရဲ့ ဝေဖန်သံတွေ အတော် ထွက်လာခဲ့ပါတယ်။ ၉ တန်းကျောင်းသူလေး တယောက်ကို လိင်အသားပေး ဇာတ်ဝင်ခန်းများ ရိုက်သင့်သလား၊ မြန်မာ ဇာတ်ကား တွေက ဒီလိုဖြစ်ကုန် ပြီလား၊ ဒီအခန်း တွေက မပါသင့်ဘူး ဆိုတဲ့ ဝေဖန်သံတွေ ကြားလာရပါတယ်။

"လူရယ်လို့ ဖြစ်လာရင် အနုပညာရှင်မှ မဟုတ်ဘူး စီးပွားရေး လုပ်ငန်းရှင် ပဲဖြစ်ဖြစ်၊ အိမ်မှာ နေတဲ့ လူပဲဖြစ်ဖြစ် လူတိုင်း လူတိုင်းမှာ စိတ်အနှောင့် အယှက် ဖြစ်စရာ ဒေါသ ဖြစ်စရာ စိတ်တို စရာလေး တွေအားလုံးရှိကြမှာပါ။ ဒါပေမဲ့ အဲဒါလေးတွေ အားလုံးကို သူ့နေ ရာနဲ့သူ ထားတတ်ဖို့၊ ထားခဲ့ဖို့ နေ တတ်ဖို့ပဲလိုတာပါ"လို့ ပြော လာတဲ့ သရုပ်ဆောင် မိုးဟေ ကိုရဲ့ မျက်လုံး သရုပ်ဆောင် မှုနဲ့ပတ်သက် ပြီး အနုပညာ ရှင်တွေက မေးခဲ့တာ ရယ်၊ ဖက်ရှင် နဲ့ ပတ်သက်ပြီး ပြင် ဆင်မှုတွေရယ်ကို ရိုက်ကွင်း ပေါ်မှာ ဘယ်လို .မေးခဲ့သလဲ ဆိုတာ ဖော်ပြ လိုက်ပါတယ်။

အရင်တုန်းက ကြောက်တဲ့စိတ်ကြောင့် သိပ်အဆင်မပြေတာ များတယ်ဆိုတဲ့ မေကဗျာလတ်တလော အနုပညာ လှုပ်ရှားမှုက ကိုဖြိုးငွေစိုးနဲ့ "ကျွန်တော် နဲ့နတ်အလွဲများ"ဆိုတဲ့ ကားကို ရိုက်ထား ပါတယ်။ အဲဒီကား မတိုင်ခင် ဇေရဲထက် နဲ့ ရိုက်ထားတာ တွေရှိတယ်။ ပြီးတော့ သီချင်းလေးတွေ ဆိုဖြစ်နေတယ်။ သီချင်းတွေ ဆိုတဲ့အခါ အခုနောက်ပိုင်းတော့ ဆိုတာ များလာတော့ ကြောက်စိတ်တော့ သိပ်မရှိတော့ပါဘူး။

အဓိကကတော့ အခုချိန်မှာပေါ့ ကျွန်မတို့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ ကိုယ့်ဘဝကို ကိုယ်ကျေနပ်တယ်။ ကိုယ့်အလုပ်ကို ကိုယ်ကျေနပ်တယ်။ ပျော်ရွှင်အောင် နေတတ်တဲ့ အတွက် သူများတွေ ထက်လည်း ပျော်ရွှင်မှုကို ရပါတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်း အတွင်းမှာ မပျော်ရွှင်ရဆုံး၊ စိတ်အပင်ပန်း ရဆုံးက ပြည်တွင်းစစ် တွေပါပဲ။ အဲဒီပြည်တွင်း စစ်တွေ အမြန်ဆုံး ချုပ်ငြိမ်းစေ ချင်ပါတယ်။ သေးသေးလေးဖြစ်နေတဲ့ စစ်တွေက အကြီးကြီးဖြစ်လာ တယ်။ ရပ်တော့မလို ဖြစ် ပြီးတော့ ရှည်ကြာ လာတယ်။ လူတွေသေ ကြေပျက်စီးရတဲ့ အရေအတွက် တွေပိုများလာတယ်။ နောက်ပြီးတော့ အမှုအခင်း၊ အရေးအခင်းနဲ့ သူ့လက်ညှိုးထိုး၊ ကိုယ့်လက်ညှိုးထိုးနဲ့ အရမ်းလည်း ရှုပ်ထွေးလာတယ်။

အနုပညာရဲ့ ခေါင်းစဉ်အောက်မှာ အရာအားလုံးကို ချစ်မြတ်နိုးပါတယ်တဲ့ သရုပ်ဆောင် နေမင်းကို တွေ့ဆုံခိုက်မှာ "ကျွန်တော် သဘာဝဆန်တဲ့ သရုပ်ဆောင် တွေကို ရိုက်ခဲ့ဖူးသလို ဗီလိန်ကား ရိုက်တာမျိုးတွေလည်း တော်တော်များများ ရိုက်ခဲ့ဖူးပါပြီ။ အဲဒီလို ဇာတ်ကောင်မှာ သရုပ်ဆောင်ရင် ပရိသတ် လက်ခံပါ့မလားလို့ တွေးရင် ကျွန်တော်က အနုပညာလို့ မယူဆချင်တော့ဘူး။ အဓိက ကျွန်တော်တို့ လုပ်တဲ့ အလုပ်တစ်ခုကို အကောင်းဆုံးနဲ့ အရိုးသားဆုံး ပရိသတ်ကို ကြည့်စေချင်တယ်။ ဒီလိုပြတဲ့အတွက် ပရိသတ် ဘယ်လိုစဉ်းစားမလဲ၊ ဘယ်လိုကြည့်မလဲ ဆိုတဲ့ အတွေးနဲ့တင်ပြလည်း စစ်မှန်တဲ့ ဗီလိန်မျိုးပေါ့။ လူဆိုးပေမယ့်လည်း သူ့ဘက်ကကြည့်ရင် အကောင်းတစ်ခု ရှိမှာပဲလေ။

F4 ဇာတ်ကား ပေါက်ချက် ပြင်းခဲ့သလို အဓိက ဇာတ်ကောင် ဂူဂျွန်ဖြိုးဟာလည်း အာရှ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ စူပါစတားတစ်ဦး ဖြစ်လာခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဟောလိဝုဒ် နယ်မြေအထဲ ခြေလှမ်းကျဲလာသူ လီမင်ဟိုရဲ့ ပုံတူဖယောင်းရုပ်ထုကို ရှန်ဟိုင်းက မဒမ်တူဆော့ ပြတိုက်မှာ ထွင်းထု ထားရှိခဲ့ပြီဆိုတဲ့ သတင်းဟာ F4 ပရိသတ်တွေ City Hunter ပရိသတ်တွေ အတွက်တော့ ဘဝင်ခွေ့ စရာဖြစ်ရတာ အမှန်ပါပဲ။ ဆိုးလ်အလှပန်း တစ်ပွင့်လို့ တင်စားကြရတဲ့ မင်းသမီးချော ပါ့ခ်မင်ရောင်နဲ့ အတိအလင်း တွဲနေသူ လီမင်ဟိုဟာ ၂၀၁၃ ခုနှစ် City Hunter ကုမ္ပဏီရဲ့ မော်ဒယ်လ် တစ်ဦးဖြစ်သလို၊ ပြီးခဲ့တဲ့ ဧပြီလဆန်းက လော့အင်ဂျလိစ်မှာ Fan Meeting ကျင်းပခဲ့တယ် ဆိုတာကိုလည်း ဒေးလီးစတားက သတင်းစုံ ပေးလာပါတယ်။ Faith ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုကို ထိန်းထားနိုင်ဆဲ ဂူဂျွန် ဖြိုးရဲ့ မင်္ဂလာသတင်းကို နားစွင့်ရင်း ဇာတ်ကားသစ်တွေကို စောင့် မျှော်အားပေး ကြပါစို့လား။

<< Start < Prev 10 11 12 13 14 15 16 17 18 19 Next > End >>
Page 18 of 19