မိုးအောင်ရင်က ဂျပန် နိုင်ငံ မှာရှိတဲ့ အဒေါ်ဖြစ်သူထံ နှစ် ပတ်ကြာအလည်အပတ်သွား ရောက်ခဲ့ပြီး နိုဝင်ဘာ ၂၉ရက် နေ့ မနက်၉နာရီက ရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ် ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ အဒေါ်နဲ့လည်း တွေ့ခဲ့သလိုအလုပ်ကိစ္စနဲ့ ဂျပန် မှာ ရောက်ရှိနေတဲ့ ချစ်သူနဲ့ လည်း လည်ပတ်ခဲ့တာကြောင့် အချစ်ခရီးစဉ်လေးဖြစ်ခဲ့တယ် လို့လည်းမိုးအောင်ရင်က ပြော ပါတယ်။

“Disney Land တို့၊ ဖူဂျီတောင်တို့ကို သွားလည်ခဲ့ တယ်။အလုပ်ကိစ္စရှိတော့ သူနဲ့ လည်း သိပ်မတွေ့လိုက်ရဘူး။ ရတဲ့အချိန်မှာပဲလျှောက်လည် တာပေါ့။ ဖူဂျီတောင်ကို ညနေ ၄နာရီလောက်မှ ရောက်တယ်။ တအားအေးတော့ ဓာတ်ပုံတောင် ကောင်းကောင်းမရိုက်ခဲ့ရဘူး။

Nixau ( Gcao Tekene Coma ) လို့အမည်ရတဲ့ တော်အာဖရိက လူရိုင်း မင်းသား ကို တော်တော်များများ သိကြပါတယ်။

တောင်အာဖရိက- နမီးဘီးယားနိုင်ငံက ဖြစ်ပြီး ၁၉၈၀ ကစလို့ The Gods Must Be Crazy ရုပ်ရှင်နဲ့ ကမ္ဘာကျော်သွားတဲ့ လူရိုင်း ဖြစ်ပါတယ်။ Kalahari သဲကန္တာရမှာနေတဲ့ Bushmen လူရိုင်းမျိုးနွယ်စုက ဖြစ်ပါတယ်။ ဒါရိုက်တာ Jamie Uys က သဘောကျလို့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

အဲ့တုန်းက ရုပ်ရှင်အတွက် သူရတဲ့ငွေက ဒေါ်လာ ရာဂဏန်းပဲ ရှိပါတယ်။ သို့ပေမယ့် ၁၉၈၉ ခုနှစ်က ဒုတိယမြောက် The Goss Must Be Crazy မှာတော့ ဒေါ်လာ သန်း တစ်ဝက်လောက်ထိ ရရှိခဲ့ပါတယ်။ နောက်ပိုင်းတော့
Kwacca Strikes Back (1990), Crazy Safari (1991), Crazy Hong Kong (1993), The Gods Must be Funny in China (1994), Sekai Ururun Taizaiki (1996) အစရှိသဖြင့် ဟောလိဝုဒ်တင် မကပဲ ဟောင်ကောင် ရုပ်ရှင်များပါ ရိုက်ကူးရန် အခွင့်ကြုံခဲ့သူ ဖြစ်ပါတယ်။

လတ်တလောမှာ အင်တာနက်ပေါ်မှာတက်နေတဲ့ န၀ရတ်ရဲ့ သတင်းအချို့နဲ့ပတ်သတ်ပြီး သူမကိုအားပေးနေတဲ့ ပရိသတ်တွေ စိုးရိမ်နေကြမှာ အမှန်ပါပဲ။ အဲဒီသတင်းဟာ လွန်ခဲ့တဲ့၅နှစ်ခန့်က စစ်ဆေးထားတဲ့ စစ်ချက်ဖြစ်နေတာကြောင့် စိုးရိမ်စရာဘာမှမရှိဘူးလို့ သိရပေမယ့် သူမကို သွားရောက်တွေ့ဆုံပြီးမေးမြန်းကြည့်တဲ့အခါ ဒါဟာဘာမှမဟုတ်တဲ့အကြောင်း၊ အချိန်ကြာနေပြီဖြစ်တဲ့ အတွက် အားပေးနေတဲ့ ပရိသတ်တွေ သူမအတွက် မစိုးရိမ်ကြဖို့နဲ့ သူမဟာ ခု နေအိမ်မှာပဲရှိနေပြီး ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ အကြောင်း၊ အကယ်ဒမီပွဲအတွက် ရင်ခုန်နေပြီဖြစ်တဲ့အကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

လတ်တလောမှာ မြင့်မြတ်က ဒါရိုက်တာညွန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ‘သရဲရေးတဲ့ဖူးစာ’ ဇာတ် ကားကို သက်မွန်မြင့်နဲ့အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကားလေး က ဟာသဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းမျိုးစုံကို ပိုင်နိုင်စွာ သရုပ် ဆောင်တဲ့ မြင့်မြတ်က အခုနောက် ပိုင်းမှာ ဟာသကားလေးတွေ ပိုရိုက် ချင်ကြောင်း ပြောပါတယ်။

အသက် ၄၀ ပဲ ရှိသေးတဲ့ လူလတ်ပိုင်း အမေရိကန် ဟောလိဝုဒ်မင်းသား Paul Walker ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရ ပါတယ်။

အကြောင်း အရင်းကတော့ ကားအက်ဆီးဒန့်ကြောင့် ဖြစ်ပါတယ်။ The Fast and the Furious ပြိုင်ကားမောင်း အက်ရှင်ဇာတ်ကားနဲ့ နာမည်ကြီး အောင်မြင် တဲ့ မင်းသားက ကားကြောင့်ပဲ သေမယ်ရတယ် ဆိုတော့ တကယ် ဝမ်းနည်းစရာပါပဲ။ သို့ပေမယ့် ဒရိုင်ဘာက သူမဟုတ်ပဲ သူ့ရဲ့  ဘဏ္ဍာရေး အကြံပေး/ (ပြိုင်ကားအရောင်းဆိုင် ပိုင်ရှင်) Foger Rodas ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် မော်ဒယ် အနီရောင် Porsche Carrera GT ဂျာမနီကားကို မောင်းပြီး အရှိန်မထိန်းနိုင်ပဲ သစ်ပင်ကို ဝင်တိုက် ခဲ့ခြင်း ဖြစ် ပါတယ်။ ပေါက်ကွဲမှု အကြီးစား ဖြစ်ပေါ်ပြီး ၂ ယောက် စလုံး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ တစ်ပြေးနေတဲ့ အကယ်ဒမီပြေတီဦးရဲ့ ဒီနှစ်အတွက် ရင်ခုန်သံ ဘယ်လိုရှိမလဲဆိုတာ မေးကြည့်တဲ့အခါ ‘တော်တဲ့သူတွေရကြမှာပါ။ အစ်ကိုနဲ့ပတ်သတ်တဲ့ ကားတွေက အစ်ကိုအစွမ်းကုန်ကြိုးစားခဲ့ပြီးပြီ။ ရခြင်း၊မရခြင်းကတော့ အစ်ကိုရဲ့ ကံပေါ့။ လက်ပံနဲ့ အကယ်ဒမီ မှန်းပေးကြတာနဲ့တင်ကို ကျေးဇူးတင်နေပါပြီ။ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျေနပ်ပါတယ်။ ဒါပေမဲ့ ရရင်တော့ပိုပြီးကောင်းတာပေါ့နော်။ အစ်ကိုတို့ရိုက်တဲ့ ကားတိုင်းဟာ ၁၀၀ ရာခိုင်နှုန်းကောင်း တယ်လို့အစ်ကိုတို့မပြောဘူး။ ဒါပေမဲ့ ရိုက်တဲ့အချိန်မှာတော့ ကိုယ်ကြိုးစားနိုင်သလောက် အစွမ်းကုန်ကြိုးစားခဲ့တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျေနပ်တယ်။ ရသည်ဖြစ်ဖြစ်၊ မရသည်ဖြစ်ဖြစ် ကျေနပ်ပါတယ်’တဲ့။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 6 of 19