One Direction အဖွဲ့မှ ဟယ်ရီစတိုင်လ်စ် အနေဖြင့် မိုင်လီဆိုင်းရပ်စ်နှင့် နီးစပ်အောင် ကြံရွယ်ပိုးပမ်း နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဟယ်ရီသည် လတ်တလော သတင်းကြီးနေသည့် Pop ဂီတ စတားကို နှစ်သက် သဘောကျလျှက် ရှိသလို သူမထံသို့ ချိတ်တိတ်တိတ် Messageများ ပေးပို့နေကြောင်း နီးစပ်သူများက ပြောကြားခဲ့သည်။ အသက်(၂၀) အရွယ်ရှိ မိုင်လီသည် ပြီးခဲ့သည့် လပိုင်းများအတွင်း ချစ်သူဟောင်း လီယမ်ဟမ်းဆွော့သ်နှင့် လမ်းခွဲမှုသတင်းအပြင် လျှပ်ပေါ်လော်လီလွန်းသည့် အဝတ်အစား များဖြင့် ဖျော်ဖြေခြင်း၊ လူဝေဖန်ချင်စရာ အပြုအမူများ လုပ်ဆောင်ခြင်းတို့ကြောင့် မီဒီယာများအကြား ရေပန်း စားနေသည်။

“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားဖြင့် ထင်ရှားခဲ့သူရွှေမှုံရတီသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းကို ၀င်ရောက်ဖြေဆိုမည် ဖြစ်သည်။ သူမသည် အ.ထ.က(၃) တာမွေတွင် ပညာသင်ကြားလျက်ရှိပြီး စီးပွားရေးဘာသာအဓိကယူထားသူဖြစ်သည်။ “သမီးက ဒီနှစ်မှစဖြေမှာပါ။ ဆရာအိမ်ခေါ်သင်ထားပါတယ်။ စာကိုပဲ ဖိလုပ် လိုက်မယ်ဆိုရင်တော့ အောင်မယ်လို့ ထင်ပါတယ်။ ဂုဏ်ထူးလည်း ကံကောင်း ရင်တော့ ပါမှာပေါ့နော်”ဟု ပြောသည်။ ၎င်းသည်အနုပညာများကို ယခုနှစ်ဒီဇင်ဘာလအထိ လုပ်ဆောင်သွားမည် ဖြစ်သည်။လက်ရှိတွင် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးသည့် ဇာတ်ကားတွင် မင်းသား နေမင်း နှင့်အတူပါဝင်ထားသည်။

Q. သံယောဇဉ်အနား နှလုံး သားဗဟိုမှာ အေးမြတ်သူပါဝင်ရတဲ့ ဇာတ်ကောင်က

A. အေးမြတ်သူ ဒီကားမှာ စစ် သူနာပြု ကရင်မလေး အဖြစ် သရုပ် ဆောင်ရမှာပါ။ အေးမြတ်သူ အဲဒီ အတွက် စစ်ယူနီဖောင်းချုပ် တာက အစ ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ တွေနဲ့တိုင်ပင်ပြီးချုပ်တယ်။ သေနတ် ပစ်တာဝါသနာ ပါတယ်။ ထူးချွန်တဲ့ ကောင်မလေးအဖြစ်သရုပ်ဆောင်ရ မှာပါ။

မမိုးမှာ ပြောပြစရာ အချစ်ဦး အကြောင်းကို မရှိတာပါ။ အရမ်း ပြောပြချင် တာပါ။ ဟိုအရင်ကတော့ ရည်းစား အကြောင်းပြောမယ်။ အိမ် ထောင်ရေး အကြောင်းပြောမယ်ဆို အနုပညာ ရှင်တွေ အနေနဲ့ လာဘ် တိတ်တယ်တို့၊ ပရိသတ်မကြိုက်မှာ စိုးလို့ပြောကြတယ်။ အခုအချိန်မှာ က ပြောနိုင်ရင်တောင် ပေါ်ပြူလာ ဖြစ်သလိုပဲ။ မမိုးက စစ်မှန်တာကိုပဲ ကြိုက်တဲ့ သူပါ။ အချစ်ကိစ္စနဲ့ ပတ် သက်ပြီး ရှိခဲ့ရင်လည်း ပြောပြဖို့ ၀န် မလေးတဲ့ သူပါ။ ဒါပေမဲ့ တကယ်ကို တစ်ဖက်သူက စာပေးရင်လည်း Yes လို့လည်း မပြောခဲ့သလို ဖုန်းနဲ့ လှမ်းအဖြေတောင်း ရင်လည်း OK လို့လည်း မပြောခဲ့ ဖူးဘူး။

ခေတ်ရေစီးကြောင်း အရရော ကိုယ်တိုင်ရော ကြိုက်လို့ တက်တူး ထိုးတယ်။  ဒါပေမဲ့ သွားမှာ စိန်တပ်တာ ခေတ်စားပေမယ့် သင်ဇာက သွားမှာ စိန်ဘာလို့ မတပ်တာလဲဆို တော့ အဲဒီစိန် တပ်တာက အားမ ပေးဘူး မဟုတ်ပါဘူး။ အားပေးပါ တယ်။ ဒါပေမဲ့ တကယ့်စိန်တပ် တော့မယ်ဆို သွားကိုထွင်းပြီး တပ်မှ ရမှာလေ။ ပြီးတော့ စိန်အစစ်က သံ ပရာရည်နဲ့ မတည့်ဘူး။ အတူတူတွဲ သောက်ရင် သေတယ်ဆိုတော့ ပြုတ်ထွက်ပြီး ဗိုက်ထဲရောက်ရင် ရော ဘယ်လိုလုပ်မလဲ။ ခန္ဓာကိုယ် ထဲမှာ တပ်တာတော့ မကြိုက်ဘူး။ တခြားသူတွေ တပ်တာကိုတော့ မပြောလိုပါဘူး။

ကလေး သရုပ်ဆောင် လုပ်ရာမှာ ပီပြင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ အိစိကွေးက ရုပ်ရှင်သရုပ်ဆောင် အနုပညာ အပြင် ဂီတဘက်ကို ခြေဦးလှည့် လာကာ အဆိုတော် ကောင်းတစ်ယောက် ဖြစ်ချင်ကြောင်း ပြောပြလာ ပါတယ်။ ခုနစ်တန်း ကျောင်းသား အိစိကွေးက ဂီတအနုပညာ အပေါ် ခုံမင် မြတ်နိုးတဲ့ သူ့ စိတ်ခံစားချက်ကို မေးကြည့်တော့ “ပရီမိုသင်တန်းမှာ သင်တန်း တက်တယ်။ အခုအခွေ လုပ်ဖို့ သီချင်း ငါးပုဒ်လောက် ဆိုပြီးပြီ။ သင်တန်းက သူငယ်ချင်းတွေ နဲ့ စုပြီး လုပ်တာပါ။ စုစုပေါင်း သီချင်း ၁၃ ပုဒ်လောက်ပါမယ်” လို့ ပြောပြ ခဲ့ပါတယ်။

<< Start < Prev 3 4 5 6 7 8 9 10 11 12 Next > End >>
Page 8 of 19