ရရှိခဲ့သည့် ရွှေအက်ဖ်အမ် ၂ဝ၁၃ ပေါ်ပြူလာ အမျိုးသမီး ဆုကို မျှော်လင့်ခဲ့ မိကြောင်း အိုင်းရင်းဇင်မာမြင့်က ဆိုသည်။ ”ရွှေအက်ဖ်အမ်ရဲ့ 2013 Popular အမျိုးသမီး ဆုကို မမျှော်လင့်ဘူး ပြောရင် ညာပြောရာ ကျမယ်။ ကလေး လူကြီး အားလုံး ကတော့ ရရင် ဝမ်းသာမှာပဲလို့ တော့တွေးမိ သလို ကြောက်လည်း ကြောက်တယ်။ အကြောက် တရားတွေ ကြားကပဲ ဆုရပါစေလို့ မျှော်လင့်မိ တယ်”ဟု ၄င်းက ဆိုသည်။ ”ဆုရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာပြီး ဘုရားသခင် ကိုလည်း ကျေးဇူးတော် ချီးမွမ်းသလို မွေးဖွားပေးတဲ့ အဖေအမေ နဲ့ သင်ဆရာ ကြားဆရာ မြင်ဆရာအားလုံး နဲ့ အတူ ဆရာရင်း ဖြစ်တဲ့ ဆရာ မြင့်မိုးအောင်နဲ့ ဆရာ အောင်နိုင်စန်း၊ ဆရာ ဦးချိုပြုံးနှင့် ပရိသတ်ကြီး အားလုံးကို ကျေးဇူး အထူးတင် ပါတယ်” ဟု အိုင်းရင်း ဇင်မာမြင့် ကပြောသည်။

တစ်ဖက်သတ် အချစ်ခံရတာ ကောင်းပါတယ်။ အချစ်ပဲ ခံလိုက် တော့တယ်။ အဲဒါ မကောင်းဘူး လား။ မိန်းကလေး ဆိုတာတော့ အ ချစ်ခံရတာ ကောင်းတယ်။ ကိုယ်က လိုက်ချစ်ရတာ မျိုးကို ရွေးရင်တော့ ပင်ပန်းမယ်လို့ အစ်မထင်တယ်။ ကိုယ်က လိုက်ချစ်ရတာမျိုးကို အစ် မဆိုရင်တော့ရွေးမှာ မဟုတ်ဘူး။ အတ္တကြီးတာတော့ မဟုတ်ဘူး။ မိန်းကလေးဆိုတာတော့ အဲဒီလိုလေး တော့ဖြစ်သင့်တယ် ထင်တာပဲ။ တစ် ဖက်သတ်လိုက်ချစ် ရတာမျိုးတော့ စိတ်မဝင်စားဘူး။ အဲဒီတော့ အစ်မ က ယောက်ျား တစ်ယောက်ကိုလိုက် ကြိုက်ရတာမျိုးတော့မပန်တို့ မြန်မာ မိန်းကလေး တစ်ယောက်အနေနဲ့ ယဉ်ကျေးမှု အနေနဲ့လည်း ဘယ်လိုမှ မသင့်တော်ဘူး။

ဗြိတိန်တွင် အခြေချ နေထိုင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် မော်ဒယ်လ်နှင့် သရုပ်ဆောင် စမိုင်းလ်နှင့် တွေ့ဆုံပြီး သူ၏ ပထမဆုံး တစ်ကိုယ်တော်စီးရီး New Me အကြောင်း၊ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်သည့် Y Talk ကုမ္ပဏီအကြောင်း၊ မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် သူ၏အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voiceး စမိုင်းလ်က အရင်တုန်းကဆို မော်ဒယ်လ်နဲ့ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ကျင်လည်ခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့ အခါမှာတော့ တေးစီးရီးခွေကို အရင်စလုပ် ဖြစ်ပုံလေး ပြောပြပေးပါဦး။

တေးသံရှင် ဩရသ ရေးစပ်ပြီး သူ့ရဲ့ ၁၅၀၀ ဆိုတဲ့ တစ်ကိုယ်တော် စီးရီးမှာ ပါဝင်တဲ့ လက်ခုပ်နှစ်ဖက် သီချင်းနဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့တဲ့ တေးသံရှင်စန္ဒီ ၁၅၀၀ ဟာ အောက်တိုဘာလ ၁၆ ရက်နေ့၊ မနက် ၁၂နာရီ၊ မိနစ် ၂၀ အချိန်မှာ သူနေထိုင်ရာ ဗဟန်းမြို့နယ် အိမ်မှာ အစာအိမ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း စန္ဒီရဲ့ မိခင်ဖြစ်သူ ဒေါ်မြတ်မြတ်က The Voice ကိုပြော ပါတယ်။ “သမီးလေး ကအစာအိမ် ရောဂါ ဖြစ်နေတာ တော်တော်လေးကြာ ပါပြီ။ ဒီရက်ပိုင်း မှာတော့ အစာအိမ်ရောဂါ အပြင် အသည်းရောင်၊ အသားဝါ ရောဂါပါ ထပ်ဖြစ်ပြီး ရောဂါက ပိုဆိုးလာပြီး ဆုံးသွား တာပါ။

Belarus နိုင်ငံမှာ ကျင်းပတဲ့  Miss Supranational 2013 ပြိုင်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆု လေးဆု ရရှိခဲ့တဲ့ ခင်ဝင့်ဝါနဲ့ အောက်တိုဘာလ ထဲမှာ ဇာတ်ကား ရိုက်ကူး သွားမှာ ဖြစ်တယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင် က ပြောပါတယ်။ Miss  ပြိုင်ပွဲဝင် ပြိုင်နေတဲ့ ခင်ဝင့်ဝါ ရဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံ တွေကို ကြည့်ခဲ့တဲ့ အချိန် ကတည်းက ခင်ဝင့်ဝါ နဲ့ ဇာတ်ကား ရိုက်ကူးဖို့ စိတ်ကူး ရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲက ပြန်လာတာနဲ့ ကမ်းလှမ်းဖို့လည်း ကြိုတင် စိတ်ကူး ရှိခဲ့ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင် က ပြောပါ တယ်။

“တက္ကသိုလ်ကို ၁၉၈၈ ခုနှစ်မှာ စတက်ပါတယ်။ ၁၉၈၈ ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မှတ်မိနေတဲ့ ကိန်းဂဏန်း တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ တက္ကသိုလ်ကို အရမ်းမျှော်လင့်ထားတဲ့ အချိန်မှာ တက်ပြီးတော့ အချိန်ခဏလေးနေပြီး ပြန်ပိတ်တယ်၊ ပြန်ဖွင့်တယ်၊ ပြီးတော့ အကြာကြီး ပြန်ပိတ်သွားတဲ့နှစ်လည်း ဖြစ်ပါတယ်” တက္ကသိုလ် တက်စဉ်က ကြုံခဲ့ရတဲ့ အမှတ်ရဖွယ် အခြေအနေ တစ်ခုကို ပြောပြနေသူ မှာ မြန်မာနိုင်ငံ ၏ မော်ဒယ်လ်ခေတ်ဦးတွင် မော်ဒယ်လ် တစ်ဦးအဖြစ် စတင်အောင်မြင်လာခဲ့ပြီး လက်ရှိတွင်

<< Start < Prev 4 5 6 7 8 9 10 11 12 13 Next > End >>
Page 9 of 19