အကယ်ဒမီထူးချွန်ဆုအတွက် ၂၀၁၂ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင် ၁၇ ကား ထဲမှ ဆန်ခါတင်ခုနစ်ကားကို ရွေးချယ်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှ စတင်၍ အကဲဖြတ်အဖွဲ့ ၀င် ၁၇ ဦးက ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သတင်းရရှိသည်။ အဆိုပါ ဆန်ခါတင်ရွေးချယ်ခဲ့သော ဇာတ်ကားခုနစ်ကားမှာ လက်ပံ၊ မော်ကင်းဥဒါန်း၊ ဥ၊ ကယန်းအလှ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူဖြစ်ပါစေတို့ဖြစ်သည်။ ထိုရုပ်ရှင်ကားများကို စက်တင်ဘာ ၁၉ ရက်က ထပ်မံဖွဲ့စည်းလိုက်သည့် ဒါရိုက်တာ ဦးဇော်ထက်၊ ဒါရိုက်တာ ဦးမျိုးဇော်အောင်၊ ဓာတ်ပုံပညာရှင် ဦးဖေမြင့်ဦး၊ ဓာတ်ပုံပညာရှင် ဦးဆန်နီတင်၊ ဇာတ်ညွှန်းပညာရှင် ဒေါ်ခင်လေးသိမ့်၊ ဇာတ်ညွှန်းပညာရှင် ဦးချစ်ဦးညို၊ တည်းဖြတ်ပညာရှင် ဦးဆွေသက်၊ သရုပ်aဆာင် ဦးဌေးအောင်၊ သရုပ်ဆောင် စိုးသိမ်းထွဋ်၊ တေးဂီတပညာရှင် ဦးမောင်မောင်လတ်၊
သွေးမေတ္တာပရဟိတအသင်း(ရန်ကုန်)က စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီက သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ စုပေါင်းသွေးလှူဒါန်းခဲ့ကြပါတယ်။ ဒီအသင်းမှာ ဒုတိယဥက္ကဌဖြစ်တဲ့ ဝေဋ္ဌုကျော်နဲ့ မိုးယုစံ၊ နိုနိုကေ၊ ဂျူးဂျူးကေ စတဲ့အနုပညာရှင်များ ပါဝင်သွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသူများစုစုပေါင်း ၅၁ ယောက်ပါဝင် လှူဒါန်းပေးခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပမည့် Miss Tourism Queen International 2013 ပြိုင်ပွဲသို့ Star & Modelအေဂျင်စီမှမော်ဒယ်ခင်လပြည့်ဇော်က မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲ ကိုအောက်တိုဘာလ ၃ ရက်တွင်ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ Dynasty Brand Promotion မှ ဦးစီးကျင်းပခြင်း ဖြစ်သည်။ “နန်နင်းမှာကျင်းပတဲ့ အခုပြိုင်ပွဲကိုဝင်ဖို့ ဟိုဘက်ကကျွန်တော်တို့အေဂျင်စီကို ဖိတ်ကြားခဲ့ပါတယ်။ သူတို့ လှမ်းပြီး ဖိတ်ကြားတဲ့ အချိန်နဲ့ ပြိုင်ပွဲသွားရမယ့်အချိန်က အရမ်းနီးတော့တဲ့အတွက် လူရွေးပွဲရယ်လို့ သီးသန့် မလုပ်နိုင်တော့ ဘဲ အေဂျင်စီကနိုင်ငံတကာ အဆင့်မီမော်ဒယ်အနေနဲ့သတ်မှတ်ထားတဲ့ မော်ဒယ် အယောက် ၃၀ ရဲ့ဓာတ်ပုံတွေကိုပြိုင်ပွဲစီစဉ်တဲ့ သူတွေဆီပေးပို့ပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ပါတယ်။
သီချင်းအေးအေးလေးများဖြင့် ပရိသတ်အားပေးမှု အခိုင်အမာရခဲ့သော အဆိုတော် Nကိုင်ရာက ချစ်သူနှင့် အောက်တိုဘာလတွင် လက်ထပ်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ကချင်နှစ်ခြင်းဘုရားကျောင်း၌ မင်္ဂလာလက်မှတ်ရေးထိုးပွဲ ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်တွင် ဆီဒိုးနား၌ မင်္ဂလာညစာစားပွဲ ပြုလုပ်မည်ဖြစ်ကြောင်း Nကိုင်ရာ က ပြောသည်။ ““တောင်ကြီးမှာ သီချင်းသွားဆိုရင်းနဲ့တွေ့တာပါ။ အခု မင်္ဂလာကိစ္စနဲ့ အလုပ်ရှုပ်နေတော့ ဒါပြီးမှပဲ အခွေ ထွက်ဖြစ်မယ်ထင်တယ်”” ဟု Nကိုင်ရာက ပြောသည်။
မိုးဟေကိုက ဒါရိုက်တာကို ဇော်(အရုဏ်ဦး)ရိုက်ကူးတဲ့ ‘ATM ကတ်သုံး သူများ သတိထား’ ဆို တဲ့ဇာတ်ကားမှာ သူများပိုက်ဆံတွေ ကို လိုက်ခိုးတဲ့ဇာတ်ရုပ်ကို သရုပ် ဆောင်နေပါတယ်။ ဒီလို ဇာတ် ရုပ်က ပထမဆုံးသရုပ်ဆောင်တာ ဖြစ်ပြီး လုပ်ချင်စိတ်အပြည့်အဝရှိ တယ်ဆိုတာကြောင့်..
စိုးမြတ်သူဇာက “အစိမ်းကြွေ” ဆိုတဲ့ ဇာတ်ကားကို ပြေတီဦး၊ ချမ်းမီမီကို တို့နဲ့ ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကားမှာ လုပ်ငန်းရှင် တစ်ယောက် အဖြစ် သရုပ်ဆောင် ရတာ ဖြစ်ပြီး ရိုက်ကူးမှု ကိုတော့..
မြန်မာ့အလင်းသတင်းစာ |
7 Day News 7Day Sport The Voice Weekly 7Day Shopping Guide Envoy News Pyi Myanmar |
Northern Star Popular News Snap Shots Myanmar News Weeks Daily Sport SoccerMyanmar |
||
IT weekly Yatanarpon Morning Post Shwe Mandalay The Mandalay Times Planet |
Myanmar News Weeks Opportunity Journal HR Journal Good Health Daily Sport 8 Days Journal |
Flower News Journal Popular Journal Net Guide Journal IT weekly Myanmar Special Journal Yatanarpon |
Monitor News Journal Upper Myanmar Journal Hot News Weekly Journal Faces Magazine The Nay Pyi Taw Times Yangon Times Journal |
Myawady News Myawady Sport Myawady Entertainment Myawady Health Myawady Artists Myawady Tech |