Tuesday, 14 October 2014 04:25

“ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆေးကောင်စီတို့ ဘိုကလေးမြို့တွင် စုစုပေါင်း လူနာ(၁၈၂၂)ဦးကို အခမဲ့ကုသပေးခဲ့”

Written by 
Rate this item
(0 votes)

ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆေးကောင်စီနှင့်ပူးပေါင်း၍ နယ်လှည့်ဆေး ကုသရေး အစီအစဉ်အဖြစ် ဘိုကလေးမြို့ ၊ချိုကြည် သာသနာ့ဗိမ္မာန်တွင် သွားနှင့် ခံတွင်း လူနာများကို (၃)ရက်ကြာ ကုသမှုပေးခဲ့ရာ စုစုပေါင်း လူနာ(၁၈၂၂)ဦး ကို အောင်မြင်စွာကုသပေးနိုင်ခဲ့သည်။
“ကျနော်တို့က အသက်ကြီးပါပြီ။

သွားနဲ့ခံတွင်း မကောင်းလို့ အခက်အခဲနဲ့ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပါတယ်။ အခု ထူးဖောင်ဒေးရှင်းနဲ့ သွားနဲ့ခံတွင်း ဆေးကောင်စီက ဆရာဝန်တွေက ကျနော်တို့ရဲ့ မစားနိုင်မသောက်နိုင် အခက်အခဲကို အခမဲ့ လာကုပေးလို့ များစွာ ကျေးဇူးတင်ရ ပါတယ်။ နောက်နောင်ကိုလည်း ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆက်လက်ပြီးတော့ ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ အခုလို စေတနာအရင်းခံနဲ့ လာရောက်ကုသပေးတဲ့ ထူးဖောင်ဒေးရှင်းနဲ့ ဆရာဝန်တွေကို ဘိုကလေးမြို့နယ်ကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု အဆိုပါ ဆေးကုသမှုတွင် ကုသမှုခံယူခဲ့သော လူနာတစ်ဦးဖြစ်သည့် ဦးခင်မောင်ထွန်းက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆေးကောင်စီ၏ဥက္ကဌ ပါမောက္ခဒေါက်တာပိုင်စိုး ဦးဆောင်သော အဆိုပါ ဆေးကုသရေးအဖွဲ့တွင် သွားနှင့်ခံတွင်း ဆရာဝန် (၄၅)ဦးပါဝင်၍ ပြီးခဲ့သော အောက်တိုဘာ(၈)ရက်နေ့က ဘိုကလေးမြို့သို့ စတင်ထွက်ခွာခဲ့ပြီး အောက်တိုဘာ (၉)ရက်နေ့မှ စ၍ (၁၁)ရက်နေ့အထိ (၃)ရက်တိုင် သွားနှင့် ခံတွင်းလူနာများကို ကုသပေးခဲ့ခြင်းဖြစ်သည်။ ကုသမှုခံယူခဲ့သော လူနာများတွင် နှုတ်ခမ်းကွဲချုပ်ကုသမှု(၄)ဦးနှင့် အသေးစားခွဲစိတ်မှု ခံယူရသူ(၈)ဦး ပါဝင်ခဲ့သည်။
ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆေးကောင်စီတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည် ၄င်းဆေးကုသရေးအဖွဲ့သည် အောက်တိုဘာ (၁၂) ရက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

Htoo Foundation

Read 2420 times
You are here:   HomeHealthသတင်းများ“ထူးဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆေးကောင်စီတို့ ဘိုကလေးမြို့တွင် စုစုပေါင်း လူနာ(၁၈၂၂)ဦးကို အခမဲ့ကုသပေးခဲ့”