Tuesday, 14 July 2015 07:30

ဈေးကွက်အတွင်းရှိ အသားဖြူခရင်မ် အချို့တွင် ကင်ဆာဖြစ်စေနိုင်သည့် ပစ္စည်းများပါဝင်နေ

Written by 
Rate this item
(0 votes)

 ဈေးကွက်အတွင်း ရောင်းချနေသော အသားဖြူခ ရင်မ်အချို့တွင် ကင်ဆာဖြစ်စေ နိုင်သည့် ဓာတုပစ္စည်းများပါဝင် နေသည်ကို တွေ့ရှိရကြောင်း သုတေသနပြုစုသူ အချို့ထံက သတင်းရရှိသည်။

 

၂၀၁၄ ဖေဖော်ဝါရီမှစ၍ ၂၀၁၅ မတ်လအထိ ဈေးဝယ်စင် တာများနှင့် ဈေးများရှိ အလှကုန် ၁၅ မျိုးအား လူကို အန္တရာယ်ဖြစ် စေသော Hydroquinone နှင့် Retinoic အက်စစ်ပါဝင်မှုရှိ၊ မရှိ ရွေးချယ်စမ်းသပ်ခဲ့ရာ၌ အဆိုပါ ၁၅ မျိုးအနက် လေးမျိုးတွင် သုံးစွဲ ရန်မသင့်သော ဓာတုဓာတ်ပစ္စည်း များကို တွေ့ရှိရကြောင်း တပ်မ တော်ဆေးဝါးတက္ကသိုလ်မှ ဗိုလ် အောင်မျိုးထက်က ပြောသည်။

‘‘အဓိကကတော့ Facial Whitening Cream တွေကို ရွေး ချယ်တာ ဘရန်းက ၁၅ မျိုးကို ရွေးချယ်တာ။ မားကက်ကြီးတွေမှာ ရောင်းချတဲ့ ပစ္စည်းတွေကို စစ် ဆေးတာပါ။ အဲဒီထဲမှာတော့ အ သုံးမပြုသင့်တဲ့ဓာတ်တွေ တွေ့ တာတွေ ရှိတယ်။ တချို့ကလည်း FDA ရဲ့ကြေညာတဲ့စာရင်းထဲမှာ ပါသွားတာတွေလည်း ရှိတယ်။ အဲဒီ ကယ်မီကယ်လ်တွေက အ သားဖြူဆေးတွေပါတော့ ဒီဟာနဲ့ ခရမ်းလွန်ရောင်ခြည်နဲ့တွေ့ရင် ကင်ဆာတွေ ဖြစ်နိုင်တာကို တွေ့ ရှိခဲ့တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ လူကို အန္တရာယ်ဖြစ် စေနိုင်သော ဓာတုပစ္စည်းများဖြင့် အသုံးပြုထားသည့် အသားဖြူခ ရင်မ်အချို့မှာ အသုံးများသော နာမည်ကြီးအမှတ်တံဆိပ်များလည်း ပါဝင်ကြောင်း သိရသည်။

‘‘အဲဒါမျိုးကို တချို့က ထည့်ပြီး သုံးနေကြတယ်။ အဲဒါတွေက သုံးစွဲဖို့ မသင့်ဘူး။ အာဆီယံနိုင်ငံ တွေမှာလည်း သုံးစွဲခွင့်မပြုထား ပါဘူး’’ဟု ဗိုလ်အောင်မျိုးထက်က ဆက်လက် ပြောကြားသည်။

အထက်ဖော်ပြပါ ဓာတု ပစ္စည်းများတွင် ယားနာလိမ်း ဆေး၊ မျက်နှာအရေးအကြောင်း ပျောက်သည့်ဆေးများနှင့် မာကျူ ရီကဲ့သို့ တားမြစ်ထားသည့်ဓာတု ပစ္စည်းများပါဝင်နေခြင်းကြောင့် အလှကုန်ဟု သတ်မှတ်၍ မရ ကြောင်းနှင့် အဆိုပါပစ္စည်းများကို သုံးစွဲမည်ဆိုပါက ဆရာဝန်၏ညွှန် ကြားချက်ယူပြီးမှ သုံးစွဲသင့်သည် ဟု အရေပြားဆရာဝန်ကြီးတစ်ဦး က အကြံပြုသည်။

လက်ရှိတွင် အဆိုပါ အလှ ကုန်ပစ္စည်းများကို သုံးစွဲရန်မသင့် ကြောင်း မြန်မာနိုင်ငံအစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက နိုင်ငံပိုင် သတင်းစာ များ၌ ထုတ်ပြန်ကြေညာထားပြီး ၎င်းတို့ကို အများပြည်သူများက သုံးစွဲခြင်းမပြုကြရန်နှင့် တင်သွင်း ရောင်းချဖြန့်ဖြူးသူများကို တွေ့ ရှိပါကလည်း ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဌာနက ကြေညာချက်ထုတ် ပြန်ထားသည်။

Read 975 times
You are here:   HomeHealthဈေးကွက်အတွင်းရှိ အသားဖြူခရင်မ် အချို့တွင် ကင်ဆာဖြစ်စေနိုင်သည့် ပစ္စည်းများပါဝင်နေ