Wednesday, 02 September 2015 08:33

အွန်လိုင်းတွင် ကြော်ငြာရောင်းချနေသည့် အလှကုန်ပစ္စည်းအချို့၏ အရည်အသွေးနှင့်ပတ်သက်၍ FDA မှ ထောက်ခံချက်မပေးထားခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း သတိပေး

Written by 
Rate this item
(0 votes)

အွန်လိုင်းတွင် တံဆိပ်အမျိုးမျိုးဖြင့် ကြော်ငြာရောင်းချနေသည့် အလှကုန်ပစ္စည်း အချို့၏ အရည်အသွေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အရည်အသွေးထောက်ခံချက်မပေးထားခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန၊ ဆေးပစ္စည်း/အလှကုန် ဌာနခွဲမှ သတိပေးထားကြောင်း သိရသည်။

 

“အခုဖေ့ဘုတ်တွေမှာ အလှကုန်ပစ္စည်းအမျိုးမျိုးကို ကြော်ငြာနည်းပေါင်းစုံနဲ့ ကြော်ငြာနေတယ်။ တချို့ပစ္စည်းတွေကကျွန်မတို့ FDA ဆီမှာ မှတ်ပုံတင်ထားတာ စစ်ဆေးထားတာတွေမရှိဘူး။ အာဆီယံနိုင်ငံတွေမှာ လည်း ဒီလိုမျိုးအွန်လိုင်းက ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို မသုံးဖို့ပြောထားပြီးသားပါ။ အလှကုန်တင်သွင်းသူတွေ အနေနဲ့ကလည်း ကိုယ့်ပစ္စည်း အတုအပထုတ်တာမျိုးတွေ ရှိမရှိကို လေ့လာစုံစမ်း နေရမယ်။ ကိုယ်ထုတ်တဲ့တံဆိပ်၊ ကုန်ပစ္စည်းကို ကိုယ်ကိုယ်တိုင် တာဝန်ယူရမယ်။ မှတ်ပုံတင်ထားပြီးသား ကုန်ပစ္စည်းတွေမှာတင် မှောင်ခိုဈေးကွက်ရှိနေတော့ သုံးစွဲသူတွေအနေနဲ့ ဂရုပြုသုံးစွဲဖို့ ပြောချင်ပါတယ်”ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးပစ္စည်း/အလှကုန်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ရီလှိုင်က ပြောကြားသည်။

Credit to >>> Eleven Media Group

Read 932 times
You are here:   HomeHealthအွန်လိုင်းတွင် ကြော်ငြာရောင်းချနေသည့် အလှကုန်ပစ္စည်းအချို့၏ အရည်အသွေးနှင့်ပတ်သက်၍ FDA မှ ထောက်ခံချက်မပေးထားခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း သတိပေး