Tuesday, 20 October 2015 05:54

ဘီပိုးဟာ ကုလို့ရတဲ့ရောဂါလား

Written by 
Rate this item
(0 votes)

ဒေါက်တာရှင့်။ အချိန်ရလို့ရှိရင် အသည်းရောင်ဘီပိုးနဲ့ပတ်သက် တာလေးတွေ ရေးပေးစေချင်ပါတယ်။ ဘီပိုးဟာ ကုသ လို့ရတဲ့ရောဂါလားဆိုတာ သိချင်ပါတယ်ရှင်။ ဘယ်အ ခြေအနေဆိုရင် ကုသလို့ပျောက်နိုင်မလဲဆိုတာ သိချင် ပါတယ်ရှင့်။

ဒီမေးခွန်းလေးကိုစာရေးသူထံကို အရင်တစ် ပတ်ကပို့ပေးခဲ့သူရှိတာကြောင့် ယခုတစ်ပတ် အသည်း ရောင်အသားဝါဘီပိုးနဲ့ပတ်သက်ပြီး စာဖတ်သူတို့ကို သည်ဆောင်းပါးကနေတစ်ဆင့် တစေ့တစောင်း ပြန် လည်မျှဝေသွားချင်ပါတယ်။

 

အသည်းရောင်အသားဝါဘီပိုးဟာ Hepadnaviridae ဆိုတဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစားတစ်ခုဖြစ် ပြီး အသေးစိတ်အားဖြင့်ဆိုရင် အမျိုးကွဲတွေ အမျိုးမျိုး ရှိပါတယ်။ ၂ဝ၁၄ခုနှစ် သုတေသနစာတမ်းများအရတော့ Genotype အားဖြင့် A မှ H ထိသော်လည်းကောင်း၊ Serotype အားဖြင့် လေးမျိုးသော်လည်းကောင်း ပြန် ခွဲခြားထားပါတယ်။ ဒါကြောင့် ဒီလိုမျိုး ဘီပိုးရှိလာမယ်၊ ကုသလို့ရနိုင်၊ မရနိုင်ဆိုတာဟာ ပိုးအမျိုးအစားတွေ ပေါ်မှာမူတည်ပြီးကွဲပြားမှုတွေရှိတတ်ပါတယ်။ ဒါ့အ ပြင် ကူးစက်ပြီးစအချိန်ကနေစပြီး နောက်ပိုင်းရေရှည် သွေးထဲမှာ ဘာအပြောင်းအလဲဖြစ်သလဲဆိုတာတွေ ကိုလည်း ကြည့်ပြီးတော့လည်း ကုသမှုကို အထောက် အကူပြုဆုံးဖြတ်ရလေ့ရှိပါတယ်။ ဒါကြောင့် အသည်း ရောင်အသားဝါဘီပိုးကိုကုသရာမှာ စစ်ဆေးမှုတွေဟာ အရေးပါတယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် တကယ်တမ်း စာဖတ်သူများသိ ချင်တာက ဘီပိုးရှိတယ်၊ ကုလို့ပျောက်မလားဆိုတဲ့အ ချက် ဖြစ်လေ့ရှိပါတယ်။ ဒီတော့ စာရေးသူလေ့ လာကြည့်မိသလောက်ဆိုရင် ဘီပိုးအတွက် ဆေးကုသမှုခံယူစေရခြင်းရဲ့ရည်ရွယ်ချက် က ဘီပိုးကနေတစ်ဆင့်ဖြစ်ရတဲ့ နာတာရှည်အသည်းရောဂါရဲ့နောက်ဆက်တွဲ အန္တ ရာယ်တွေကိုလျှော့ချဖို့ပါ။ ဘီပိုးရဲ့နောက် ဆက်တွဲဟာ အသည်းခြောက်တာနဲ့ အ သည်းကင်ဆာပါပဲ။ ဒါကြောင့် ဒီလိုအ သက်အန္တရာယ်ပေးတဲ့ဆိုးကျိုးတွေကို ကာ ကွယ်နိုင်ဖို့ ဘီပိုးဗိုင်းရပ်စ်ကို လျှော့ချပေးမယ့်ဆေးဝါး တွေကို သောက်သုံးရတာပါ။ လက်ရှိအထိကတော့ ဘီ ပိုးဗိုင်းရပ်စ်ကိုကူးစက်ခံရသူ ခန္ဓာကိုယ်ထဲကနေအမြစ် ပြတ်တဲ့အထိ Eradication လုပ်ဆောင်နိုင်ခြင်းမရှိ သေးပါဘူး။ ဒါပေမဲ့ ဆေးဝါးတွေကြောင့် ဗိုင်းရပ်စ်ပိုး ကိုထိန်းသိမ်းဖိနှိပ်ထားနိုင်ပါတယ် (Functional Cure ရနိုင်ပါတယ်)။ ဒီတော့ ဘယ်အချိန်မှာကုသလို့ပျောက် မလဲဆိုတာထက် ဘယ်အချိန်မှာကုရင် စိတ်ကျေနပ် လောက်စရာကုသမှုတစ်ခုဖြစ်နိုင်မလဲ၊ Outcome ကောင်း နိုင်မလဲဆိုတာသာလျှင် သင့်တော်တဲ့မေးခွန်းဖြစ်မယ် လို့ စာရေးသူထင်ပါတယ်။ ဒီလိုမျိုး ဘယ်အချိန်မှာ ဘယ်လိုစတင်ကုသမယ်ဆိုတာကိုသိရှိနိုင်ဖို့ကတော့ လူနာတစ်ဦးချင်းစီရဲ့ဆေးစစ်မှုတွေ၊ စမ်းသပ်မှုတွေ ရဲ့ရလဒ်ကိုသာအခြေခံပြီး ဆရာဝန်ကြီးတွေက ဆုံး ဖြတ်ပေးမှာဖြစ်လို့ တစ်သမတ်တည်းပြောနိုင်ဖို့ခက်ခဲပါတယ်။ ဥပမာအားဖြင့် တချို့လူနာတွေမှာ သွေးအ ဖြေနဲ့စစ်ဆေးချက်တဲ့အပေါ်မူတည်ပြီးစောင့်ကြည့်အ နေအထားနဲ့ ပုံမှန်ပြန်လည်စမ်းသပ်နေရတာမျိုးပါ။

ကုသပြီဆိုရင်တော့ Immunomodulators ဆေးအုပ်စုနဲ့ Nucleos(t)ide analogues ဆေး အုပ်ဝင်တွေကနေ ရွေးချယ်ကုသလေ့ရှိပါတယ်။ Immunomodulators အုပ်စုဝင်အများစုကတော့ ထိုး ဆေးတွေဖြစ်ပြီ အင်တာဖရွန်ထိုးဆေးတွေပါဝင်ပါတယ်။ PEG-IFN-alpha လိုဆေးမျိုးဆိုရင်တော့ တစ်ပတ် ကိုသုံးကြိမ်လောက်အထိထိုးရတတ်ပြီး နောက်ပိုင်း ၂ဝဝ၅ လောက်မှာပေါ်တဲ့ ဏနွ-ှုင်္ြ-ေူစ့ေ လိုဆေးမျိုးဆို ရင်တော့ တစ်ပတ်တစ်ကြိမ်လောက်ပဲ ထိုးရတတ်ပါ တယ်။ ဒီလိုပီအီးဂျီ-အင်တာဖရွန် (PEG-IFN-alpha) ဟာ ဆေးစွမ်းကောင်းမွန်ပေမယ့် ဈေးနှုန်းမြင့်မားတဲ့ အတွက် လူတိုင်းနဲ့တော့ မသင့်တော်နိုင်ပါဘူး။ ဒါပေမဲ့ ဘယ်အင်တာဖရွန်ထိုးဆေးတွေဖြစ်ဖြစ် လူနာရဲ့တုံ့ပြန် မှု Response ကိုလည်းကြည့်ရပါတယ်။ ဘေးထွက်ဆိုး ကျိုးတွေအနေနဲ့ကတော့ စိတ်ဓာတ်ကျတာ၊ ကိုယ်လက် ထုံကျင်တာ၊ ခေါင်းကိုက်တာ၊ သွေးဆဲလ်တွေထုတ်လုပ် မှုကို ထိခိုက်စေတာတွေ ရှိတတ်ပါတယ်။ ဆေးအုပ်စု နောက်တစ်မျိုးဖြစ်တဲ့ Nucleos(t)ide analogues တွေကတော့ ဦးဆုံးစတင်အသုံးပြုခဲ့တဲ့ Lamivudine မှသည် နောက်ဆုံးပေါ် Tenofovir စတဲ့ဆေးတွေပါ ဝင်ပြီး တစ်နေ့တစ်လုံးသောက်ရလေ့ရှိတဲ့ဆေးတွေဖြစ် ပါတယ်။ ဒါပေမဲ့ ဘီပိုးကုသမှုတွေရဲ့ ကြာမြင့်ချိန်က တော့ ပုံသေတွက်လို့မရနိုင်ပါဘူ။ ဥပမာအားဖြင့် ပထမ ပိုင်းကုသချိန် ၂၄ပတ်၊ ၄၈ပတ်စသည်ဖြင့် နောက်ပိုင်း သွေးအဖြေတွေရဲ့ရလဒ်ပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချ ရပါတယ်။

ဆက်ပြီးတော့ အသည်းရောင်အသားဝါဘီ ပိုးရဲ့ကူးစက်ပုံလေးကိုလည်း ကာကွယ်ရေးအတွက်အတန် ငယ်မျှဝေချင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ အသည်းရောင် အသည်းဝါဘီပိုးနာတာရှည်ကူးစက်ခံနေရသူဟာ သန်း လေးရာခန့်ရှိတယ်လို့သိရပါတယ်။ ဒီထဲမှာမှ တစ်ဝက် လောက်ဟာ ငယ်ရွယ်စဉ်ကာလတည်းက ကူးစက်ခြင်း ခံကြရသူတွေဖြစ်တယ်လို့ ဆိုထားကြပါတယ်။ ဒါကြောင့် ဘီပိုးဟာ လူကြီးမှာမှ အဓိကကူးစက်နိုင်တာမဟုတ်ပါ ဘူး။ ကိုယ်ဝန်ဆောင်မိခင်မှာဘီပိုးရှိခဲ့မယ်ဆိုရင် မိခင် ဝမ်းထဲမှာကတည်းက ကလေးကိုကူးစက်နိုင်ပါတယ်။ အထူးသဖြင့် သွေးစစ်လိုက်လို့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ သွေး ထဲမှာ HBV-DNA ပမာဏများနေခဲ့မယ်ဆိုရင် ရင်သွေးဆီကို ကိုယ်ဝန်ဆောင်ဆဲကာလမှာကူးနိုင်ချေ ဟာလည်း အဆမတန်ပိုများသွားပါတယ်။

မီးဖွားခါနီးနဲ့မွေးပြီးခါစရက်သတ္တပတ်တွေ ဖြစ်တဲ့ Perinatal အချိန်အခါမှာ ကလေးလေးတွေကူး စက်နိုင်ခြေအတွက်ကိုတော့ မိခင်ရဲ့ HBeAg ကနေ မှန်းဆနိုင်ပါတယ်။ အကြမ်းဖျင်းအားဖြင့် မိခင်သွေးထဲ မှာ HBeAg တွေ့ရမယ်ဆိုရင် သန္ဓေသားကိုကူးစက် ဖို့ရာ ရာခိုင်နှုန်း၇ဝမှရာခိုင်နှုန်း၉ဝခန့်ရှိတယ်လို့ ဆိုပါ တယ်။ ကံကောင်းစွာနဲ့ပဲ မိခင်မှာံနြ ဗါ မတွေ့ခဲ့ ဘူးဆိုရင်တော့ ဒီအချိန်မှာ ကလေးကိုကူးစက်နိုင်ခြေဟာ ၁၅ရာခိုင်နှုန်းနဲ့ အောက်လောက်သာရှိပါတော့တယ်။

ဘီပိုးကူးစက်နိုင်ခြေရှုထောင့်ကို ထပ်မံကြည့် မယ်ဆိုရင်တော့ ဘီပိုးဟာ ခန္ဓာကိုယ်အရေပြား၊ အမြှေးပါးတို့ကနေထိုးဖောက်ပြီးဝင်ရောက်တာပဲဖြစ်ပါတယ်။ ရောဂါပိုးရှိသူရဲ့သွေးနဲ့ခန္ဓာကိုယ်မှထွက်တဲ့ အခြားသောအရည်တွေဖြစ်တဲ့ တံတွေး၊ ဆီး၊ ရာသီသွေး၊ မိန်းမကိုယ်မှထွက်သောအရည်များ နဲ့ သုက်ရည်တို့နဲ့ထိတွေ့မိတဲ့အခါမှာ ကူးစက်သွားနိုင် ပါတယ်။ အထူးသဖြင့် ရောဂါပိုးရှိသူရဲ့သွေးထဲမှာ HBeAg တွေများနေတဲ့အချိန်ဆိုရင် တစ်ပါးသူဆီကိုပိုမိုကူး စက်စေတတ်ပါတယ်။ ဘီပိုးဟာ အသည်းရောင်အသား ဝါစီပိုးနဲ့ယှဉ်ရင် ကူးစက်ဖို့ရာပိုလွယ်ကူလို့ အတူနေ မိသားစုများဖြစ်မယ်ဆိုရင်တော့ ဘီပိုးကာကွယ်ဆေး များ ထိရောက်စွာထိုးထားသင့်ပါတယ်။ ဒါ့အပြင် အ လုပ်အကိုင်အရ ဘီပိုးရှိသူတွေနဲ့ထိတွေ့နေရသူတွေ ဆိုရင်လည်း ကာကွယ်ဆေး ကြိုတင်ထိုးထားသင့်ပါ တယ်။ (နောက်ထပ်ဘယ်လိုလူတွေကာကွယ်မှုယူသင့် တယ်ဆိုတာကိုတော့ ဒီဆောင်းပါးမှာ ချန်လှပ်သွားပါ ရစေ။)

ဘီပိုးကာကွယ်ဆေးအနေနဲ့ကတော့ Yeast ကထုတ်ထားတဲ့ Recombinant ဆေးတွေရှိပြီး မြန်မာ ပြည်မှာလည်းအသုံးများနေတဲ့ Engerix-B လိုထိုးဆေး မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီဆေးအကြောင်းကိုပဲအတန်ငယ်ဆက်ပြောချင်ပါတယ်။ Engerix-B ဟာ အ သားဆေးဖြစ်ပြီး လက်မောင်းမှာထိုးလေ့ရှိပါတယ်။ အ ကြမ်းဖျင်းအားဖြင့် ပုံမှန်လူတွေဆိုရင် စထိုးပြီးပြီးချင်း လအပါအဝင် နောက်တစ်လနဲ့ ခြောက်လမြောက်မှာ ထိုးရတာမို့ စုစုပေါင်းသုံးကြိမ်ထိုးပေးရပါတယ်။ ဒါပေမဲ့ ဒီလို course ပြည့်အောင်ထိုးပြီးတဲ့အခါမှာ ခုခံအား ကိုသိရဖို့ Antibody ပြန်စစ်ရပါတယ်။ လိုအပ်ရင်လို အပ်သလို Booster Dose ပြန်ပြန်ထိုးပေးရတတ်ပါ တယ်။ Antibody များများထွက်ထားတဲ့သူတွေဆိုရင် တော့ ကာကွယ်ဆေးအရှိန်ဟာ ၁ဝမှသည် ၁၅နှစ်တိုင် အောင် ရှိနေတတ်တယ်လို့ဆိုထားပါတယ်။

နိဂုံးချုပ်အားဖြင့်ဆိုရင်တော့ ဘီပိုးရှိတဲ့အခါ အသည်းခြောက်တာကိုပိုဖြစ်စေနိုင်တဲ့ အချက်တွေက တော့ အရက်သောက်ခြင်း၊ ဆီးချို၊ သွေးချိုရောဂါရှိခြင်း၊ အဝလွန်ခြင်း၊ အသည်းရောင်အသားဝါ D ပိုး သို့မဟုတ် HIV ရောဂါရှိနေခြင်းတို့ဖြစ်တဲ့အတွက် ထိုရောဂါတွေ အတွက် ဆောင်ရန်၊ ရှောင်ရန်များကိုလိုက်နာပြီး နား လည်တတ်ကျွမ်းသူနဲ့ သေချာစွာဆေးကုသမှုခံယူဖို့ရာ လည်းအရေးကြီးပါကြောင်း။

Credit to >>> Yangon Media Group

Read 871 times
You are here:   HomeHealthဘီပိုးဟာ ကုလို့ရတဲ့ရောဂါလား