Winter

Winter

ကျောက်ကုန်သည်၏ သားတစ်ဦးဖြစ်သူ ဆန်းအောင်ဘောင်ခွမ်တစ်ယောက် အသက်(၁၆)နှစ်အရွယ်တွင် တရုတ်ပြည်က အဝယ်လိုက်လှသည့် ကျောက်စိမ်းတွင်းသို့ သူဌေးဖြစ်အိပ်မက်များနှင့် ရောက်လာသည်။ တစ်လအကြာတွင် ဆယ်ကျော်သက် ဆန်းအောင်ဘောင်ခွမ်တစ်ယောက် ကိုယ်တိုင်အဝယ်လိုက်နေရပြီ။ ထိုအရာကတော့ ဟီးရိုးအင်းခေါ် ဘိန်းဖြူပင်ဖြစ်သည်။


သုံးနှစ်အကြာတွင် သူရှာဖွေနေသည့် ကျောက်စိမ်းကိုတွေ့ပါပြီ။ ဖက်ဖူးရောင်ရှိသည့် ကျောက်စိမ်းဖြစ်သည်။ တရုတ်ကုန်သည်တစ်ဦးထံတွင် ဒေါ်လာခြောက်ထောင်နှင့် ရောင်းချခဲ့ပြီး မော်တော်ဆိုင်ကယ်တစ်စီး၊ ဆဲလ်ဖုန်းတစ်လုံးဝယ်ပြီး အလောင်းအစားတချို့အတွက် သုံးလိုက်သည်။

လက်ရှိမြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၏ တန်ဖိုးမှာ ဒေါ်လာသုံးဘီလျံခန့် ရှိနေပြီး ၂ဝ၁၆ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံအထိ ရှိလာမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အကြံပေးကုမ္ပဏီ New Crossroads Asia (NCRA) မှ ပြုလုပ်သော သုတေသနစစ်တမ်း အချက်အလက်အရ သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍမှာ နှစ်စဉ်စုစုပေါင်း တိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး လာမည့်ငါးနှစ်တွင် ၄၆ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ဆိုသည်။

ယာဉ်ကြောပိတ်ဆို့မှု မြင့်မားနေသော ရန်ကုန်မြို့တော်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ငါးသောင်းကျော် အသုံးပြုပြီး ခုံးကျော်တံတား သုံးခု ထပ်မံဆောက်လုပ်ရန် တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

‘ရွှေသည် တန်ဖိုးကြီး၏။ သို့သော် ကျောက်စိမ်းသည် အဖိုးဖြတ် ၍မရ။’ တရုတ်စကားပုံတခုဖြစ်သည်။ တရုတ်လူမျိုးတို့သည် ကျောက်စိမ်းကို ဂမ်္ဘီရအစွမ်းထက်သည့် မင်းစိုးတန်ဆာအဖြစ် မှတ်ယူကြသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။ ယနေ့ တရုတ်ပြည်တွင် ကျောက်စိမ်းကို အဆင့်အတန်းသတ်မှတ်ချက်တခုအဖြစ်၊ စုဆောင်းသိုမှီးရသည့် ရတနာတခုအဖြစ်၊ ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် မက်မောလျက်ရှိကြသည်။
တရုတ်သူကြွယ်များထံမှ ၀ယ်ယူလိုမှုမြင့်တက်လာခြင်းကြောင့် ကျောက်စိမ်းဈေးနှုန်းသည် ခေါင်ခိုက်လျက်ရှိသည်။ ယခုနှစ်အတွင်း ပြုလုပ်ခဲ့သော ရှန်ဟိုင်းကျောက်မျက်ပြပွဲ၌ ထိပ်တန်းကျောက်စိမ်းများကို လေလံတင်သူက ၁ ဂရမ်လျှင် ဒေါ်လာ ၁၆၀ ဖြင့် ဈေးစဖွင့်ရာ ၎င်းမှာ ရွှေဈေးထက် ၄ ဆ ပိုသည်။

ပြည်ပနိုင်ငံများသို့ ယခုဘဏ္ဍာနှစ်အတွင်းသတ္တု တွင်းထွက်ပစ္စည်းများတင်ပို့ရာတွင် ကျောက်စိမ်းတင်ပို့မှုမှာ ယခင် ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ် လာ ၁၂၉သန်းကျော် လျော့ကျသွားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းရေးကော်မရှင် ပေါ်ပေါက်လာပြီးနောက် တစ်နိုင်ငံလုံးတွင် လယ်ယာမြေကိစ္စနှင့်ပတ်သက်၍ တရားစွဲခံရမှုပေါင်း ၇ဝဝ ကျော်ရှိခဲ့ပြီး တရားစွဲခြင်းဖြင့် ထောင်ဒဏ်ကျခံရသည့် တောင်သူပေါင်း ၃ဝဝခန့်အထိ ရှိနေဟု ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်၏ စုံစမ်းရေးအဖွဲ့ခွဲ (၁၁) နေပြည်တော်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် ခွင့်ပြုပေးထားသော Carlsberg ၊ Heineken အစရှိသည့် ဘီယာစက်ရုံများအပြင် နောက်ထပ် ဘီယာထုတ်လုပ်ခွင့်အား ထပ်မံချထားပေးဦးမည် မဟုတ်ကြောင်းနှင့် စီးကရက်စက်ရုံ တည်ဆောက်ခွင့်ကိုလည်း ပေးဦးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြောကြားခဲ့သည်။

မေမြတ်နိုးကို ခွဲစိတ်ပြုပြင်မှုများပြုလုပ်ရန် စေခိုင်းခဲ့ပြီး ယင်းသို့ခွဲစိတ်ပြုပြင်ရန် လိုအပ်သည့်စရိတ်များရှာဖွေရန် စပွန်ဆာပေးမည့်သူများနှင့်အတူနေရန် ခိုင်းစေခဲ့သည်မှာ မှန်ကန်ကြောင်း ကိုရီးယားအလှမယ်ပြိုင်ပွဲစီစဉ်သူက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု ကိုရီးယားသတင်းမီဒီယာများ၌ ဖော်ပြခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူရောင်းချသည့် တန်ဖိုးနည်းအိမ်ရာများသည် အခြေခံလူတန်းစားပြည်သူများ လက်လှမ်းမမီသည့်ဈေးနှုန်းများဖြစ်နေ၍ ပြည်တွင်းဘဏ်များ(သို့မဟုတ်) နိုင်ငံတကာဘဏ်များနှင့်ချိတ်ဆက်၍ နှစ် ၂၀ အထိ ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ဒီဇင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ရန်ကုန်မြို့တွင်း ယာဉ် ကြောပိတ်ဆို့မှုများ ဖြေရှင်းရန် ရန်ကုန်မြစ်အတွင်း ခရီးသည် တင် ရေယာဉ်ဖယ်ရီများ ပြေးဆွဲ ပေးရန် စီစဉ်နေကြောင်း အများ ပြည်သူသွားလာမှု အဆင်ပြေ ချောမွေ့ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ မောင်အောင်က ပြော ကြားသည်။

ရန်ကုန်နှင့် အလှမ်းဝေးကာမြို့တွင်းသို့ ဘတ်စ်ကားစီးပြီး လာ ရောက်ရန် အချိန်များစွာပေးရ သည့် မြို့နယ်များဖြစ်သည့် လှိုင် သာယာ၊ ရွှေပြည်သာ မြို့နယ်တို့တွင် နေထိုင်သူများအတွက် အဓိက ဦးစားပေးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာမောင် အောင်က ပြောသည်။

<< Start < Prev 162 163 164 165 166 167 168 169 170 171 Next > End >>
Page 167 of 173
You are here:   HomeHealthWinter