Winter

Winter


အမေရိကန်သမ္မတ ဘရက်အိုဘားမားဟာ ကြာသာပတေးနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ကို တဦးချင်းထံကို သီးခြားစီခွဲပြီး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တယ်လို့ ၀ါရှင်တန် သမ္မတ အိမ်ဖြူတော် ကပြောဆိုပါတယ်။

လသာမြို့နယ် ကမ်းနားလမ်းနှင့် ၁၂ လမ်းထောင့်အနီး၌ အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကုန်တင်ယာဉ်ဆယ်ဘီးကားတစ်စီးမှ ကမ်းနားအမြန်လမ်းမှတစ်ဆင့် မြောင်းတစ်ဖက်ရှိ ကမ်းနားလမ်းတွင်ရပ်ထားသော ယာဉ်လေးစီးကို အရှိန်ပြင်းစွာဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆယ်ဘီးကုန်တင်ယာဉ်သည် ကမ်းနားအမြန်လမ်းအတိုင်း ဗိုလ်တထောင်ဘုရားဘက်မှ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်ပဆက်သွယ်ရေးကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး ယင်းကုမ္ပဏီများထဲမှ ထိုင်းနိုင်ငံအခြေစိုက် CAT (Communication Authority of Thailand) ကုမ္ပဏီကိုရွေးချယ်ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ဖားကန့်ကျောက်စိမ်းဒေသ၌ နှစ်နှစ်ကျော်ရပ်တန့်နေခဲ့သော ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများ ပြန်လည်စတင်ရန်ပြင်ဆင်မှု တစ်လခွဲအကြာတွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)တို့အကြား စစ်ရေးအရှိန် ပြန်လာတင်းမာလာမှုအပေါ် ဒေသခံများနှင့် ကျောက်စိမ်းလုပ်ငန်းရှင်များ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
ဖားကန့်ဒေသရှိ ယခင် KIA ရင်း (၆) အခြေစိုက်ရာ ကံဆီးကျေးရွာအနီးတွင်

လာ မည့် နိုဝင်ဘာလတွင် ကျင်းပရန်ရှိသည့် (၂၅)ကြိမ်မြောက် အာဆီယံ Summit သို့ လာရောက်မည့် အမေရိကန်သမ္မတ အိုဘား မား တည်းခိုနိုင်ရန်အတွက် နေပြည်တော်ရှိံငူအသည နေပြည်တော်ဟိုတယ်နှင့် ညှိနှိုင်း ဆွေးနွေးနေကြောင်း ၄င်းဟိုတယ်ပိုင်ရှင် ဧဒင်ဂရုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

''ဝါရှင်တန်က အဖွဲ့တွေကိုယ်တိုင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လာရောက် စစ် ဆေးမှုတွေ လုပ်သွားပါတယ်။

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်မြို့ မှော်ဇာကျေးရွာအုပ်စုတွင်းရှိ ကမ္ဘာ့အမွေနှစ်စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့ အောက်တိုဘာအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု အဆမတန် များပြားခဲ့ကြောင်း သိရသည်။

သြဂုတ်လပိုင်းမှစ၍ များပြားလာခဲ့ခြင်းဖြစ်ပြီး

ဖားကန့်ဒေသ၌ ကျောက်စိမ်းတူးဖော်ခွင့်ပြုပြီး တစ်လခွဲအကြာတွင် အစိုးရတပ်နှင့် ကေအိုင်အေတို့ ယခင်ကေအိုင်အေ ရင်း(၆)အခြေစိုက်ရာ ကံဆီးကျေးရွာအနီးတွင် အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ တင်းမာမှုဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ အစိုးရတပ်နှင့် ကေအိုင်တို့စစ်ရေးတင်းမာနေမှုတွင်

မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ လေ့လာသူများနှင့် ပညာရှင်များက တူညီသော မှတ်ချက်တစ်ခု ပေးကြသည်။ အခြေအနေမကောင်းဘူးဟူ၍ ဖြစ်သည်။

သမ္မတဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးလိုသည့် ဆန္ဒရှိသည်။ ကရင်အမျိုးသားအစည်းအရုံး(KNU)မှလွဲ၍ ကျန်တိုင်းရင်းသားလက်နက်ကိုင်အများစုကမူ ၂၀၁၅ နောက်ပိုင်း တက်လာမည့် အစိုးရနှင့်မှ လက်မှတ်ထိုးလိုသည့်သဘောရှိသည်။ တပ်မတော်ကလည်း တိုင်းရင်းသားများလက်မခံသည့် မူ ၆ ချက်ကို တစ်နိုင်ငံလုံးအပစ်ရပ်ရခါနီးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြန်လည်ရှေ့တန်းတင်လာသည်ကို တွေ့ရသည်။

ထို့ကြောင့်လည်း စက်တင်ဘာလနောက်ဆုံးပတ်တွင် ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ ငါးရက်ကြာ ဆွေးနွေးပွဲ၌ မည်သည့်သဘောတူချက်မှမရဘဲ ပြီးဆုံးသွားခဲ့သည်။ ထို့နောက်ပိုင်းမှစ၍ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။

လွှတ်တော်နိုင်ငံရေးတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဦးတည်ပြောဆိုချိန်တွင် ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲစနစ်ပြင်ရေး(PRစနစ်ကျင့်သုံးရေး)ကို ရှေ့တန်းတင်လာသည်။

ထို့ကြောင့်လည်း မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ ၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ရှေ့တိုးမလာဘဲ ရပ်တန့်သွားသည့်အနေအထား ဖြစ်လာခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာနက တင်သွင်းခဲ့သော ပုံနှိပ်စက်သတင်းနှင့် ပတ်သက်ပြီး Eleven Media ၏ ရေးသားဖော်ပြမှုမှာ ပြန်ကြားရေး ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသဖြင့် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည်ဟု အောက်တိုဘာ ၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။
တရားစွဲဆိုနိုင်ရန်အတွက် စက်တင်ဘာလ ၂၉ ရက်ခန့်ကပင်

အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့လယ်ရှိ သမ္မတရုပ်ရှင်ရုံအနီး မင်းမဲ့စရိုက်ဆန်စွာ နှစ်ဖက်အပြင်းအထန် ရိုက်နှက်မှုအား သက်ဆိုင်ရာက အမှုဖွင့်အရေးယူမှု မရှိသေးကြောင်း သိရသည်။

ထို့အတူ ယင်းကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာ နှစ်ဖက်အပြန်အလှန် ရိုက်နှက်မှုဖြစ်စဉ်မျိုး

<< Start < Prev 164 165 166 167 168 169 170 171 172 173 Next > End >>
Page 172 of 173
You are here:   HomeHealthWinter