ကာဒစ် ယူနီဗာစီတီမှ သုတေသီများရဲ့ လေ့လာချက် များအပေါ် အခြေခံ၍ ပီကေ ဝါးခြင်းသည် မှတ်ဥာဏ် နည်းပါးစေကြောင်း တွေ့ရှိခဲ့ပါတယ်။ ပီကေ မဝါးသည့် လူတွေနှင့် ပီကေဝါးတဲ့ လူများကို စာများ၏ စာရင်းနှင့် နံပါတ်များအား ပြောပြ၍ မှတ်ဥာဏ်ကို နှိုင်းယှဉ် လေ့လာကြည့်ရာ ပီကေဝါးတဲ့ သူတွေမှာ မှတ်ဥာဏ်ပို၍ နည်းပါးပြီး မမှတ်မိကြောင်း တွေ့ခဲ့ရပါတယ်။

အသားအရေ ပျက်စီးစေတဲ့ အချိန်တွေထဲမှာ သင်္ကြန်ပြီးကာ လဟာ အသားအရေ  အပျက်စီးဆုံး ကာလ တစ်ခုပဲ ဖြစ်ပါတယ်။ ဒီကာ လအတွင်းမှာ လူပေါင်းများစွာဟာ နေ၊ ရေကြောင့် အသားအရေ ပျက်စီးရ တတ်ပါတယ်။ နေ၊ ရေကြောင့် ပျက်စီးရတဲ့ အသားအရေဟာ အ ရက်သေစာ အလွန်အကျွံ သောက်စားခြင်း၊ အစားအသောက် မမှန် ခြင်းတို့ကြောင့်လည်း ပိုပြီး ပျက်စီး  နိုင်ပါသေးတယ်။ နေလောင် ဒဏ် အပြင် အရေပြား တွန့်ခြင်း၊ အစက် အပြောက်များ ပေါ်လာခြင်းတို့ပါ ဆ ထက်ထမ်းပိုး ဖြစ်ပွားလာနိုင်ပါ သေးတယ်။

အသက်ကြီး လာစဉ်မှာ မိမိဘဝရဲ့ နေထိုင်မှု ပုံစံဟာ အသက်ကြီး လာစဉ်မှာ မိမိရဲ့အရပ် ဘယ်လောက် လျော့နည်း သွားမလဲ ဆိုတာပေါ်မှာ လွှမ်းမိုးမှု ရှိတယ် လို့ ဟားဗတ် တက္ကသိုလ်မှ သုတေသီတွေ က ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ အရပ်အမြင့် နဲ့ ကျန်းမာရေးဟာ ငယ်စဉ် အရွယ်နဲ့ ကြီး လာစဉ် နှစ်မျိုးစလုံးမှာ ဆက်စပ်မှု ရှိပါ တယ်။သင်ရဲ့အရပ် ဘယ်လောက်ရှည် ရှည် ကြီးလာစဉ်မှာ အရပ် အမြင့်ပေ လျော့နည်း သွားတာဟာ ကျန်းမာရေးအ တွက် အရေးကြီးတဲ့ ညွှန်ပြချက်ဖြစ်တယ် လို့ ဆိုပါတယ်။ အသက်ကြီး လာစဉ်မှာ အရပ်ပု သွားတာဟာ ရေတို မှတ်ဥာဏ် ဆုံးရှုံးတာ၊ လွယ်ကူတဲ့ သင်္ချာ ဂဏန်းတွေ ကို တွက်ချက် နိုင်စွမ်း မရှိတာနဲ့ နေ့ရက် တွေကို မသိတာ လိုမျိုး ဥာဏ်ရည် နိမ့်ကျ သွားတတ် ပါတယ်။ အသက်ကြီး လာစဉ် အရပ်ပု သွားတာ ဟာလည်း ပညာအရည် အချင်းနဲ့ ဆက်စပ်မှု ရှိပါတယ်။


ထမင်းစားစားပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားစားပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။
၁။ ဆေးလိပ်မသောက်ရ
ထမင်းစားစားပြီးချင်း ဆီးကရက် ၁ လိပ် သောက်ခြင်းဟာ ၁၀ လိပ်သောက်တာနဲ့ ညီမျှတယ်လို့ သက်သေပြထားပါတယ်။ ဒါကြောင့် ဆေးလိပ် အရမ်းသောက်ချင်တယ်ဆိုရင်တောင်မှ အစာစားပြီးချင်း မသောက်သုံးသင့်သေးပါဘူး။

၂။ အသီးချက်ခြင်း မစားရ

- လောင်စာဆီ သက်သာခြင်း
- စိတ်ဖိစီးမှု ကျဆင်းခြင်း
- သွေးချို၊ဆီးချိုဖြစ်နိုင်ချေ ကျဆင်းခြင်း
- သွေးပေါင်ချိန် မြင့်တက်မှကို ကာကွယ်ခြင်း

နှလုံး ကျန်းမာ စေတဲ့ ဆယ်လ်မွန် ငါးမှာ ဗီတာမင် ဘီအုပ်စုနဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်တို့ ပါဝင်တာကြောင့် မျက်စိကို ကာကွယ်ပေးပါတယ်။ ရိုင်ဘို ဖလေဘင်နဲ့ နိုင်ယာစင်တို့ ပါတဲ့အစာတွေကို များများစား တာကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေ ကို ထက်ဝက်ခန့် လျော့ကျ စေကြောင်း လေ့လာမှု တွေအရ သိရပါတယ်။ ဒါ့အပြင် ဆယ်လ်မွန်ငါးမှာ ပါဝင်တဲ့ ကောင်းတဲ့ အဆီဟာ မက်ကူလာ ယိုယွင်းပျက်စီးမှုဖြစ်နိုင်ခြေ ကို လျော့ကျ စေပါတယ်။ တစ်ပတ်မှာ ငါးတစ်ကြိမ် စားရုံနဲ့ မက်ကူလာယို ယွင်းပျက်စီးမှု ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းကျော် လျော့ကျ စေကြောင်း လေ့လာမှု တစ်ရပ်အရ သိရပါတယ်။

<< Start < Prev 25 26 27 28 29 30 31 32 33 34 Next > End >>
Page 34 of 34
You are here:   HomeHealth