စပိန်ထိပ်သီး ဘာစီလိုနာအသင်း တာဝန်ရှိသူများသည် အသင်း၏ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်သည့် နေမာအား အသင်းတွင် ဆက်ရှိနေစေရန်အတွက် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ကြောင်း မီဒီယာများမှ ဖော်ပြခဲ့ကြသည်။ အသင်းအနေဖြင့် နေမာအား ပေါင် ၁၈၂ သန်းတန် ငါးနှစ်စာချုပ်သစ် ထပ်မံချုပ် ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

 ဖလွိုက် မေဝယ်သာနှင့် မန်နီ ပက်ကွီအိုတို့ ထိုးသတ်မည့် လက်ဝှေ့ပွဲအတွက် လက်မှတ်များကို အွန်လိုင်းမှ ရောင်းချရာ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားကြောင်း သတင်းရရှိသည်။

 ဆစ်ဒနီ ။    သြစတြေးလျနိုင်ငံသား ဆေးပညာရှင်များသည် အသက် ၂၃ နှစ် အရွယ်ရှိ ဘရေးဒန်စမစ် အမည်ရ တက်သစ်စ လူငယ်လက်ဝှေ့ကစားသမား တစ်ဦး အသက်ဆုံးရှုံးလိုက်ရ အပြီးတွင် လက်ဝှေ့အားကစားကို သြစတြေးလျနိုင်ငံတွင် ကန့်သတ်တားမြစ် ပယ်ဖျက်ပေးပါရန် အစိုးရ အာဏာပိုင်များကို တိုက်တွန်း တောင်းဆိုလိုက်ကြကြောင်း BBC က ဖော်ပြထားသည်။

အင်္ဂလိပ်မီဒီယာများသည် မန်ယူက နယူးကာဆယ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် တစ်ဦးနှင့်တစ်ဦး တံတွေးဖြင့် အပြန်အလှန် ထွေးခဲ့သည့် နယူးကာဆယ် တိုက်စစ်မှူး ပါပစ်ဆစ်ဆီနှင့် မန်ယူနောက်ခံလူ ဂျွန်နီအီဗန်စ်တို့ကို ရုပ်သံမှတ်တမ်းများကို ကြည့်ရှု၍ ပွဲပယ်ပြစ်ဒဏ်ချမှတ် အရေးယူရန် တိုက်တွန်းနေကြပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။


ဂျူ ဗင်တပ် နည်းပြ ကွန်တီမှာ ရာထူးမှနုတ်ထွက်သွားခဲ့ကြောင်း ဂျူ ဗင်တပ်အသင်းက အတည်ပြုသည်။ ကွန်တီသည် ကစားသမားဘ၀တွင် ဂျူ ဗင်တပ်အတွက် ပွဲ(၄၀၀)ကျော် ကစားပေးခဲ့ပြီး (၂၀၁၁)ခုနှစ်တွင် ဂျူ ဗင်တပ် နည်းပြအဖြစ် စတင်တာဝန်ယူခဲ့သည်။ ဂျူ ဗင်တပ် နည်းပြဘ၀ ပထမဆုံးရာသီတွင် ရှုံးပွဲမရှိစံချိန်ဖြင့် စကူဒက်တိုဖလား ဆွတ်ခူးပေးနိုင်ခဲ့သည့် ကွန်တီမှာ ဂျူ ဗင်တပ်ကို စကူဒက်တိုဖလား (၃)နှစ်ဆက် ရယူပေးနိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက် ဘောလုံးကလပ်အသင်း ကွင်း လယ်ကစားသမား ကြည်လင်း သည် ဇွန်လ ၁၉ ရက်က ၎င်းချစ် သူမိန်းကလေးမိဘများထံ တောင်းရမ်းလက်ထပ်ခဲ့ကြောင်း သတင်းရရှိသည်။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 1 of 33
You are here:   HomeSports