စပိန်ထိပ်သီး ဘာစီလိုနာအသင်း တာဝန်ရှိသူများသည် အသင်း၏ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်သည့် နေမာအား အသင်းတွင် ဆက်ရှိနေစေရန်အတွက် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ကြောင်း မီဒီယာများမှ ဖော်ပြခဲ့ကြသည်။ အသင်းအနေဖြင့် နေမာအား ပေါင် ၁၈၂ သန်းတန် ငါးနှစ်စာချုပ်သစ် ထပ်မံချုပ် ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်မီဒီယာများသည် မန်ယူက နယူးကာဆယ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် တစ်ဦးနှင့်တစ်ဦး တံတွေးဖြင့် အပြန်အလှန် ထွေးခဲ့သည့် နယူးကာဆယ် တိုက်စစ်မှူး ပါပစ်ဆစ်ဆီနှင့် မန်ယူနောက်ခံလူ ဂျွန်နီအီဗန်စ်တို့ကို ရုပ်သံမှတ်တမ်းများကို ကြည့်ရှု၍ ပွဲပယ်ပြစ်ဒဏ်ချမှတ် အရေးယူရန် တိုက်တွန်းနေကြပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

 

မန်ယူ တိုက်စစ်မှူး ရွန်နီမှာ ဘိုင်ယန်နှင့် ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်ဖွယ် ရှိကြောင်း မန်ယူအသင်းနှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ ဖွင့်ဟခဲ့သည်။ ရွန်နီသည် ပထမအကျော့ ပွဲစဉ်တွင် ခြေချောင်းဒဏ်ရာ ရရှိခဲ့ပြီး နယူးကာဆယ်ကို (၄)ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ်တွင်လည်း မန်ယူအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။

 

ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အမှတ်ကွာဟမှု ကျဉ်းမြောင်းနေတဲ့ အဲဗာတန်နဲ့ အာဆင်နယ်တို့ ပွဲစဉ်ကို အာစင်ဝင်းဂါးက ခြောက်မှတ်တန် ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ ပွဲမကစားမီ ကင်ပွန်းတပ်ခဲ့ပါတယ်။ အခုပွဲမှာ အဲဗာတန်က ကစားကွက် အချိတ်အဆက် မိခဲ့သလို တိုက်စစ်ထိုးဖောက်မှုတွေကလည်း ထိရောက်ခဲ့ပါတယ်။

ပုံမှာ မြင်ရတာ စတန်းဒက်လီဂီ ပရိသတ်တွေရဲ့ စက္ကူ ရေတံခွန်ပါပဲ။ ဘယ်ဂျီယံ ရှုံးထွက်ပြိုင်ပွဲအဖြစ် ကစားခဲ့တဲ့ စတန်းဒက်လီဂီနှင့် အန်ဒါလက်ခ်ျတို့ ပွဲစဉ်မှာ စတန်းဒက်လီဂီ ပရိသတ်တွေက အိမ်သာသုံး စက္ကူ တွေကို ပြိုင်တူပစ်ချခဲ့လို့ အခုလို ပုံစံဖြစ်ပေါ်နေချိန်မှာ အခြားပွဲကြည့်စင်ဘက်ခြမ်းက ပရိသတ်တစ်ဦးက ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပါတယ်။

မနေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ မန်ယူအသင်းဟာ ဗိုလ်စွဲဖို့  ရေပန်းအစားဆုံးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အိုးထရက်ဖို့ ဒ်မှာ အကောင်းဆုံးယှဉ်ပြိုင်ကစားပြီး သရေရလဒ်ကို အရယူနိုင်ခဲ့ပါတယ်။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 1 of 24