Saturday, 29 March 2014 05:07

အားကစားသတင်း အတိုအစများ

Written by 
Rate this item
(0 votes)

ရီးရဲလ်နည်းပြ အန်စလော့တီက ဗယ်လီကာနိုနှင့်ပွဲတွင် တိုက်စစ်မှူး ရော်နယ်ဒို ပါဝင်ကစားနိုင်မည်ဟု ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မန်ချက်စတာဒါဘီပွဲတွင် မန်စီးတီးနောက်ခံလူ ဇာဘလက်တာကို တံထွေးထွေးခဲ့ဖွယ်ရှိသည့် မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို ရုပ်သံမှတ်တမ်းများ အသုံးပြု၍ အက်ဖ်အေမှ စုံစမ်းစစ်ဆေးလျက်ရှိသည်။

မီယာမီ မာစတာတင်းနစ်ပြိုင်ပွဲတွင် ဆရီနာဝီလျံနှင့် လီနာတို့ ဗိုလ်လုပွဲကစားရမည်ဟု သိရသည်။

ဗလင်စီယာ ကွင်းလယ်လူ ကီတာမှာ အယ်လ်မီရီယာနှင့် နှစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်တွင် (၇.၆)စက္ကန့်ဖြင့် ဂိုးသွင်းယူခဲ့ပြီး လာလီဂါ သမိုင်းတစ်လျှောက် အမြန်ဆုံး သွင်းဂိုးစံချိန်တင်နိုင်ခဲ့သည်။

ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ် အသက်(၁၆)နှစ်အရွယ်က ကျူပီအာအသင်းမှ ၎င်းကိုခေါ်ယူရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

၉၂မျိုးဆက် မန်ယူအသင်းသားများဖြစ်သည့် နဗီးညီနောင်၊ နစ်ကီဘတ်၊ ရိုင်ယန်ဂစ်တို့မှာ ဆဲလ်ဘတ်အသင်းကို ၀ယ်ယူရန် သဘောတူညီမှု ရယူနိုင်ခဲ့သည်။

ယမန်နှစ်က မန်ယူနှင့် ရီးရဲလ်တို့ ချန်ပီယံလိဂ်ပွဲစဉ် ကစားပြီးစဉ်ကတည်းက ဖာဂူဆန်မှာ မော်ရင်ဟို ချဲလ်ဆီးသို့ ပြန်လာမည်ဟု သိခဲ့ကြောင်း ဒေးလီးမေးလ်က ထုတ်ဖော်ခဲ့သည်။

@z (ရိုးရာလေး)

Read 1088 times Last modified on Saturday, 29 March 2014 05:08