ဂလေဇာမှာ လက်ရှိအချိန်တွင် မန်ယူအသင်း၏ ရှယ်ယာ (၉၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး နယူးယော့ခ် စတော့ရှယ်ယာဈေးကွက်တွင် မန်ယူ၏ ရှယ်ယာတစ်စု ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၁၆.၁၄ တန်ကြေး ရှိနေသည်။ ယင်းအတွက်ကြောင့် မန်ယူအသင်း တန်ကြေးမှာ ပေါင် (၁.၆)ဘီလီယံသာ ရှိပြီး ဘက်ခမ်းတို့အဖွဲ့၏ ပေါင် (၂)ဘီလီယံဖြင့် ကမ်းလှမ်းမှု အောင်မြင်ဖွယ်ရှိနေသည်ဟု ဂလေဇာနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းတွင် သတင်းထွက်ပေါ်နေသည်။
@z (ရိုးရာလေး)