Thursday, 03 April 2014 01:45

ဘာစီလိုနာအသင်း အပြောင်းအရွှေ့ လုပ်ဆောင်ခွင့် (၁၄)လ ပိတ်ပင်ခံရ

Written by 
Rate this item
(0 votes)

အသက် ၁၈နှစ်အောက် ကစားသမားများကို ခေါ်ယူရာတွင် ဖီဖာမှ သတ်မှတ်ထားသည့် စည်းမျဉ်းများ ချိုးဖောက်ခဲ့ခြင်းကြောင့် ဘာစီလိုနာကို ဖီဖာမှ အပြောင်းအရွှေ့လုပ်ဆောင်ခွင့် ၁၄လ ပိတ်ပင်လိုက်ကြောင်း သိရသည်။ ဘာစီလိုနာသည် (၂၀၀၉)ခုနှစ်မှ (၂၀၁၃)ခုနှစ်အတွင်း အသက် (၁၈)နှစ်အောက် ကစားသမားများကို ခေါ်ယူခဲ့ရာတွင် ကစားသမား (၁၀)ဦးအား စည်းမျဉ်းချိုးဖောက်ပြီး ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု ဖီဖာမှ ထုတ်ပြန်ခဲ့သည်။ ယင်းအတွက်ကြောင့် ဖီဖာက ဘာစီလိုနာကို လာမည့် အပြောင်းအရွှေ့ ကာလနှစ်ရပ်တွင် အပြောင်းအရွှေ့လုပ်ခွင့် ပိတ်ပင်ခဲ့ပြီး ပေါင်(၃၀၅၀၀၀) ဒဏ်ငွေ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် စပိန် ဘောလုံးအဖွဲ့ချုပ်ကိုလည်း ပေါင်(၃၄၀၀၀၀) ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ဘာစီလိုနာသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် ဂိုးသမား ဗဲလ်ဒက်စ်နေရာတွင် အစားထိုးရန် မိုချန်ဂလာဘတ် အသင်း ဂိုးသမား စတီဂျန်ကို သဘောတူညီမှု ရရှိထားသော်လည်း အပြောင်းအရွှေ့ လုပ်ဆောင်ခွင့် ပိတ်ပင်ခံရခြင်းကြောင့် ခေါ်ယူနိုင်တော့မည် မဟုတ်ဘဲ မက်ဆီ လက်သစ်ဟု တင်စားခံထားရသည့် ခရိုအေးရှား လူငယ်ကစားသမား ဟာလီလိုဗစ်ကိုလည်း ခေါ်ယူနိုင်တော့မည် မဟုတ်ပေ။ ဘာစီလိုနာအနေဖြင့် အဆိုပါ ပြစ်ဒဏ်ကို လာမည့် ရက် (၉၀)အတွင်း အယူခံဝင်နိုင်ကြောင်း သိရသည်။

@z (ရိုးရာလေး)

Read 1026 times Last modified on Thursday, 03 April 2014 01:58