Thursday, 03 April 2014 02:22

ဘိုင်ယန်မြူးးနစ်ကိုအိမ်ကွင်းမှာ သရေကစားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

Written by 
Rate this item
(0 votes)

မနေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ မန်ယူအသင်းဟာ ဗိုလ်စွဲဖို့  ရေပန်းအစားဆုံးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အိုးထရက်ဖို့ ဒ်မှာ အကောင်းဆုံးယှဉ်ပြိုင်ကစားပြီး သရေရလဒ်ကို အရယူနိုင်ခဲ့ပါတယ်။

ရှဝိန်းစတိုင်ဂျာ ရဲ့ နောက်ကျဂိုးကြောင့်သာ ဘိုင်ယန်မြူးနစ်အသင်း ရလဒ်ရရှိခဲ့ပြီး ဒုတိယအကျော့ ပွဲ အတွက် လက်ရှိချန်ပီယံလိဂ်ချန်ပီယံတို့ အခြေအနေကောင်းခဲ့ရတာပါ။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ရလဒ်ဆိုးတွေကို မေ့ထားနိုင်ခဲ့ပြီး လက်ရှိ ခြေစွမ်းပိုင်းကွာဟနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို မနေ့ ကပွဲစဉ်မှာ အကောင်းဆုံးယှဉ်ကစားနိုင်ခဲ့တာကိုတွေ့ ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာ မန်ယူကစားသမား ရိုင်ယန်ဂစ်အနာရရှိခဲ့လို့ ကာဂါဝါကို ထည့်သွင်းကစားခဲ့ရပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ ထောင့်ကန်ဘောကတဆင့် ၀ိန်းရူနီ ကန်တင်တဲ့ ဘောလုံးကို အသင်းခေါင်းဆောင်ဗီဒစ်က ဘိုင်ယန်မြူးနစ်နောက်ခံလူတွေကြားက ခေါင်းတိုက်သွင်းခဲ့လို့ မန်ယူတို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ တစ်ဂိုးပေးလိုက်ရပြီးနောက်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မြှင့်ကစားခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ရှဝိန်းစတိုင်ဂျာရဲ့ အပြင်းကန်သွင်းမှုကြောင့် ဘိုင်ယန်မြူးနစ်အသင်း ချေပဂိုး ရရှိခဲ့တာပါ။ ရှဝိန်းစတိုင်ဂျာဟာ ပွဲချိန် ၈၉ မိနစ်မှာ ၂ ၀ါ ၁ နီနဲ့ ထုတ်ခံလိုက်ရတဲ့အတွက် ဒုတိယအကျော့ ပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

တစ်ဖက်ပွဲစဉ်အဖြစ် စပိန်ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့  ဘာစီလိုနာအိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာလည်း ၁ - ၁ နဲ့ သရေကျခဲ့ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို ဒီယေဂိုက ၅၆ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး ဘာစီလိုနာ တိုက်စစ်မှူး နေမာက ပွဲချိန် ၇၁ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့လို့ သရေရလဒ်နဲ့ သာ ပြီးဆုံးခဲ့ပါတယ်။

Ref: bbc.com

Read 1051 times Last modified on Thursday, 03 April 2014 02:41