Tuesday, 08 April 2014 01:38

ဘိုင်ယန်နှင့်ပွဲတွင် ရွန်နီ ပါဝင်နိုင်ရန် (၇၀)ရာခိုင်နှုန်း သေချာ

Written by 
Rate this item
(0 votes)

 

မန်ယူ တိုက်စစ်မှူး ရွန်နီမှာ ဘိုင်ယန်နှင့် ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်ဖွယ် ရှိကြောင်း မန်ယူအသင်းနှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ ဖွင့်ဟခဲ့သည်။ ရွန်နီသည် ပထမအကျော့ ပွဲစဉ်တွင် ခြေချောင်းဒဏ်ရာ ရရှိခဲ့ပြီး နယူးကာဆယ်ကို (၄)ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ်တွင်လည်း မန်ယူအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။

 

သို့သော် Scan ဖတ် စစ်ဆေးမှုများအဖြစ် ရွန်နီ၏ ဒဏ်ရာအခြေအနေ ဆိုးရွားခြင်း မရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် အပြေးလေ့ကျင့်မှုစသည့် အပေါ့စား လေ့ကျင့်ခန်းများ လုပ်နိုင်နေသည့် ရွန်နီအနေဖြင့် ဘိုင်ယန်နှင့်ပွဲစဉ်တွင် ပါဝင်နိုင်ရန် ၇၀ရာခိုင်နှုန်းအထိ ရှိနေသည်ဟု သိရသည်။

@z (ရိုးရာလေး)

Read 1603 times Last modified on Tuesday, 08 April 2014 02:46