အဲဗာတန် ၂-၁ ကာဒစ်ဖ်
ဖူလ်ဟမ် ၁-၀ နယူးကာဆယ်
ဆောက်သမ်တန် ၄-၂ နောဝစ်ခ်ျ
စတုတ်စီးတီး ၃-၁ ၀က်စ်ဟမ်း
ဆန်းဒါးလန်း ၀-၀ ခရစ္စတယ်ပဲလေ့စ်
ဆွမ်ဆီး ၁-၂ ၀က်စ်ဘရွန်း
ဟူးလ်စီးတီး ၀-၂ မန်စီးတီး

ဘွန်ဒက်စ်လီဂါပွဲစဉ် (၂၅)ရလဒ်များ

ဒေါ့မွန် ၁-၂ ဂလာဘတ်
ဝါဒါဘရီမင် ၁-၁ စတုဂတ်
ဟော့ဖန်ဟိမ်း၂-၄ မိန့်ဇ်
ဘရွန်ရှဝစ် ၁-၁ ၀ုဖ်ဘတ်
ဟာသာဘာလင် ၀-၃ ဟမ်နိုဗာ

@z (ရိုးရာလေး)

 

မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရုန်းကန်နေရချိန်၌ လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသည်ကို မြင်ရခြင်းမှာ ရင်နာစရာဟု မန်ယူတိုက်စစ်မှူး ရွန်နီက ပြောသည်။

ဦးနှောက်ခွဲစိတ်ကုသမှု ခံယူရမည့် ၁၀လသား အရွယ် ကလေးငယ်အတွက် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ကုန်ကျစရိတ် ယူရို ၆၀၀၀၀ ပေးလှူခဲ့သည်ဟု စပိန်အခြေစိုက် အေအက်စ်သတင်းစာက ဖော်ပြသွားသည်။

 

ဟူးလ်စီးတီး ကွင်းလယ်လူ မေလာကိုခေါင်းဖြင့်တိုက်ခဲ့သည့် နယူးကာဆယ် နည်းပြ အလန်ပါဂျူးကို အက်ဖ်အေက(၇)ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေ ပေါင် (၆၀၀၀၀)ပေးဆောင်ရန်
ပြစ်ဒဏ်ချမှတ်ခဲ့သည်။

 

(၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ကမ္ဘာ့ဘောလုံး ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည့် ပါရာဂွေး လှပျိုဖြူ လာရီဆာ ရီကွယ်လ်မီးတစ်ယောက် စေ့စပ်လိုက်ပြီ ဖြစ်သည်။ ကံထူးသူ ဂျိုနသန် ဖာဘရိုသည် လာရီဆာကို လက်ထပ်ခွင့် တောင်းဆိုမှုအတွက် လိုက်လျော သဘောတူ ကြည်ဖြူမှုကို ရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ဖာဘရိုသည် အာဂျင်တီးနား နာမည်ကျော် ဘောလုံးအသင်း ရေးဗားပလိတ်တွင် ကစားနေသူ ဖြစ်သည်။ လာရီဆာက သူမသည် ဖာဘရို၏ လက်ထပ်ခွင့် တောင်းခံမှုကို လိုက်လျော သဘောတူညီခဲ့ကြောင်း ပရိသတ်များထံသို့ Twitterမှတစ်ဆင့် ဝေမျှ အသိပေးခဲ့သည်။

အင်္ဂလန် ကွင်းလယ်လူ ၀ီလ်ရှိင်းယားမှာ ဒိန်းမတ်ကို အနိုင်ရခဲ့သည့် ခြေစမ်းပွဲစဉ်တွင် ခြေခုံရိုးကျိုးခဲ့သည့်အတွက် သီတင်းပတ် ၆ပတ် အနားယူရတော့မည်ဖြစ်သည်။ အင်္ဂလန်က ဒိန်းမတ်ကို ၁-၀ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်၏ ပွဲချိန် ၁၁မိနစ်တွင် ဒိန်းမတ်နောက်ခံလူ အဂ္ဂါ၏ ဖျက်ထုတ်မှုကြောင့် ၀ီလ်ရှိင်းယား ဒဏ်ရာရခဲ့သော်လည်း ပွဲချိန် ၅၉မိနစ်အထိ ဆက်ကစားသွားခဲ့သည်။

 

လာမည့်ရာသီတွင် မန်ယူအသင်း ယူရိုပါလိဂ်ပြိုင်ပွဲ ကစားရပြီး ယူရိုပါလိဂ် လက်မှတ်ခများကို ချန်ပီယံလိဂ် လက်မှတ်ခအတိုင်းကောက်ခံသွားပါက ဆန္ဒပြမည်ဟု မန်ယူ ပရိသတ်များက သတိပေးထားသည်။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 3 of 24