ဗီလာကို ၃ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် မန်ယူမှာ အကြိမ် ၂၀မြောက် ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည်။ မန်ယူသည် လက်ကျန် ၄ပွဲ ကစားရန်ကျန်ရှိချိန်၌ ၈၄မှတ် ရရှိထားပြီး မန်စီးတီးမှာ ၅ပွဲ ကစားရန် ကျန်သေးသော် လည်း ၆၈မှတ်သာ ရရှိထားသဖြင့် မန်ယူကို လိုက်မီရန် မဖြစ်နိုင်သည့်အတွက် မန်ယူ ဗိုလ်စွဲသွားခဲ့ခြင်းဖြစ်သည်။ ဗန်ပါစီ၏ဟက်ထရစ်ဂိုးကြောင့် မန်ယူမှာ ပထမပိုင်း၌ပင် ဗီလာကို ၃ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး ဗန်ပါစီ အနေဖြင့်လည်း သွင်းဂိုး ၂၄ဂိုးဖြင့် ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်း သူနေရာတွင် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။ ထို့ကြောင့် PFA တစ်နှစ်တာ အကောင်းဆုံးဆု ပဏာမစာရင်းတွင် ပါဝင်နေသော ဗန်ပါစီအနေဖြင့်လည်း ဆုရရန် အခြေအနေပိုကောင်းလာခဲ့ပြီး မိမိအတွက် ပထမဆုံး ပရီးမီးယားလိဂ်ဖလားရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည်ဟု ၎င်းက ဆိုသည်။
ရီးရဲလ် အသင်း၏ နောက်ခံလူ ရာဖေးလ်ဗာရိန်းမှ သူ့အား ပထမ အသင်းကြီးတွင် ယုံကြည်စွာ နေရာပေး ခဲ့သည့် နည်းပြ မော်ရင်ဟို အား ကျေးဇူးတင် စကားပြောကြား ခဲ့သည်။ အသက် (၁၉)အရွယ်သာ ရှိသေးသည့် ဗာရိန်းမှာ ရီးရဲလ် အသင်းသို့ ရောက်ရှိပြီး ဒုတိယ ရာသီမှာပင် နည်းပြ မော်ရင်ဟို၏ ယုံကြည်ခြင်းကို ခံယူခဲ့ရသူပြီး ယင်းမှ ယခုလို ယုံကြည်စွာဖြင့် နေရာပေးခဲ့သည့် နည်းပြ မော်ရင်ဟို အား ကျေးဇူးတင်နေခြင်း ဖြစ်သည်။ ဗာရိန်းမှ “ကျွန်တော့်ကို ယုံကြည်စွာနဲ့ နေရာပေးခဲ့ပြီး ကစားသမား တစ်ဦးအဖြစ် ခြေစွမ်း တိုးတက်အောင် ကူညီပေးခဲ့တဲ့ နည်းပြကြီးကို ကျေးဇူး တင်တယ်လို့ ပြောချင်ပါတယ်”ဟု
ချဲလ်ဆီးဘက်ကို ချေပဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ကို လီဗာပူးက ဒဏ်ငွေတပ်ခဲ့သလို နည်းပြ ရော့ဂျာကလည်း ဆွာရက်ဇ်နေရာကို တခြားကစားသမားနဲ့ အစားထိုးသွားဖို့ရှိတယ်လို့ သတိပေးတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ချဲလ်ဆီးနဲ့ပွဲမှာ အီဗန်နိုဗစ်ရဲ့လက်မောင်းကို ကိုက်ခဲ့ပြီး ဒီလုပ်ရပ်ကြောင့် မာဆေးဆိုဒ်ရဲတွေက သူ့ကို လာစစ်ဆေးခဲ့ပေမယ့် အရေးယူခြင်း ခံရဖို့တော့ မရှိပါဘူး။ ဒိုင်မမြင်ခဲ့တဲ့ ဒီလုပ်ရပ်ဟာ ရုပ်သံပြကွက်တွေအရတော့ ပြစ်မှုကျူးလွန်တာ ထင်ရှားနေပြီး ဆွာရက်ဇ်ကတော့ သူ့လုပ်ရပ်အတွက် ပြန်တောင်းပန်ထားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် (၅)ပွဲသာ ကစားရန် ကျန်ရှိနေချိန်တွင် တန်းဆင်ဇုန်၏ အထက် အသင်းနှင့် (၁၀)မှတ် ကွာဟ နေသော်လည်း ကျူပီအာ အသင်း၏ နည်းပြဖြစ်သူ ရက်ဒ်နပ်မှ သူ၏အသင်း တန်းဆင်းရမည့် အန္တရာယ်မှ ရှောင်ရှား နိုင်လိမ့်မည်ဟု ယုံကြည်နေဆဲ ဖြစ်ကြောင်း သိရသည်။ ကျူပီအာ အသင်းမှာ ယနေ့တွင် တန်းဆင်းဇုန်၏ အထက်(၃)မှတ် အကွာတွင် ရပ်တည်နေသည့် စတုတ်စီးတီး အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကာ အသင်းအတွက် မဖြစ်မနေနိုင်ပွဲ ရရှိရန် လိုအပ်နေပြီ ဖြစ်သည်။ ရက်ဒ်နပ်မှ “ကျွန်တော်တို့ နောက်ဆုံး ကစားရမယ့် (၅)ပွဲမှာ (၄)ပွဲနိုင်(၁)ပွဲသရေ ကစားရင် လွတ်မြောက် နိုင်ပါတယ်။
အေစီမီလန် အသင်း၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဂယ်လ်လီယာနီမှ အသင်းသို့ အီဗရာဟီမိုဗစ်ခ်ျ ပြန် လည် ရောက်ရှိ လာမည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။ ယခုနှစ် ရာသီ အစတွင်မှ ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့ သွားခဲ့သည့် မိုဗစ်ခ်ျမှာ အသင်းသစ်တွင် အကောင်းဆုံး ခြေစွမ်းပြသ နေနိုင်သော် လည်း မပျော်မရွှင် ဖြစ်နေပြီး အေစီသို့ ပြန်လာရန် စီစဉ်နေသည့် သတင်းများက ဖော်ပြနေမှု အပေါ် ဂယ်လ်လီယာနီမှ ပြန်လည် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဂယ်လ်လီယာနီမှ “အီဗရာဟီမိုဗစ်ခ်ျ ပြန်လာဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့လစာက အရမ်းကို မြင့်မားနေပါတယ်။ သူ့ကို ရောင်းလိုက်ရတဲ့ အတွက် ကျွန်တော်တို့ အရမ်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ် ဒါပေမယ့်လည်း သူ့အဲဒီမှာ ရနေတဲ့ လစာငွေကို ကျွန်တော်တို့ ပေးဖို့က အရမ်းကို မြင့်မား လွန်းနေပါတယ်”ဟု သတင်းထောက် များအား ပြောကြား ခဲ့သည်။
ဆွမ်ဆီး အသင်းသည် လာမည့် နွေရာသီတွင် ဘတ်တစ် အသင်း၏ ကွင်းလယ် ကစားသမား ကားနက်စ်အား ခေါ်ယူရန် သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။ ကားနက်စ်နှင့် ဘတ်တစ် အသင်းတို့ ချုပ်ဆို ထားသည့် စာချုပ် သက်တမ်းမှာ ယခုနှစ် ဘောလုံးရာသီ အကုန်တွင် ကုန်ဆုံးမည် ဖြစ်သောကြောင့် ဆွမ်ဆီး အသင်းမှ ယင်းအား အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ နိုင်ခဲ့ ခြင်းလည်း ဖြစ်သည်။ ဘတ်တစ် အသင်း၏ လူငယ် ကစားသမား ဘ၀မှ အသင်းကြီး အဆင့်သို့ တက်လှမ်း နိုင်ခဲ့သည့် ကားနက်စ်သည် ပုံမှန် ပွဲထွက် ကစားခွင့် ရနေသူ ဖြစ်ပြီး လာလီဂါ ပွဲစဉ် (၃၁)ပွဲတွင် (၂၄)ပွဲထိ ပါဝင် ကစား ထားသူ ဖြစ်သည်။
မြန်မာ့အလင်းသတင်းစာ |
7 Day News 7Day Sport The Voice Weekly 7Day Shopping Guide Envoy News Pyi Myanmar |
Northern Star Popular News Snap Shots Myanmar News Weeks Daily Sport SoccerMyanmar |
||
IT weekly Yatanarpon Morning Post Shwe Mandalay The Mandalay Times Planet |
Myanmar News Weeks Opportunity Journal HR Journal Good Health Daily Sport 8 Days Journal |
Flower News Journal Popular Journal Net Guide Journal IT weekly Myanmar Special Journal Yatanarpon |
Monitor News Journal Upper Myanmar Journal Hot News Weekly Journal Faces Magazine The Nay Pyi Taw Times Yangon Times Journal |
Myawady News Myawady Sport Myawady Entertainment Myawady Health Myawady Artists Myawady Tech |