အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်က မိမိတို့ အသင်းသားများ၏ ပင်နယ်တီစွမ်းရည် ပိုမိုတိုးတက် လာစေရန်အတွက်စိတ်ပညာရှင်များထံမှ အကူအညီ ရယူသွားမည်ဖြစ်ကြောင်း Sky sports သတင်းဌာနသို့ ပြောခဲ့သည်။ အင်္ဂလန်မှာ နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲ ၁၀ရပ်အနက် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် (၆)ကြိမ် ထွက်ခဲ့ရပြီး ယင်းအနေအထားကို ဟော့ဒ်ဆန်က

ပြင်ဆင်လိုခြင်းဖြစ်သည်။

ကိုယ်လုပ်ရမယ့် အလုပ်တစ်ခု မပြီးသေးခင် အောင်မြင်မှု အရိပ်အယောင်တွေ့ရုံနဲ့ အောင်ပွဲခံတာမှားယွင်းကြောင်း LCA အသင်းနဲ့ ဂရီဆီဗာဒန်အသင်းတို့ ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ်က ဂိုးသမားတစ်ဦးရဲ့အဖြစ်က သက်သေခံနေပါတယ်။ အဲဒီပွဲစဉ်မှာ အချိန်ပိုအထိ သရေကျနေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရဖို့ ဖြစ်လာခဲ့ပြီး အဲဒီအချိန်မှာ အံ့အားသင့်စရာ အဖြစ်အပျက် ပေါ်ပေါက်ခဲ့တာပါပဲ။ ပြိုင်ဘက်အသင်း ကစားသမားကန်သွင်းယူတဲ့ ပင်နယ်တီဟာ ဂိုးသမားရဲ့ ဒူးနဲ့ထိပြီး လေပေါ်မြောက်တက် သွားချိန်မှာ ဒီဂိုးသမားက ဂိုးမ၀င်တော့ဘူး ထင်မှတ်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

မဆုံးရှုံးဖူးရင် ရှုံးနိမ့်မှုရဲ့အရသာကို အပြည့်အ၀ ခံစားခွင့်မရဘူးလို့ တချို့က ပြောပါတယ်။ ဒီလိုဆိုရင်ပြီးခဲ့တဲ့ စနေနေ့တုန်းက တန်စတော အသင်း အောင်မြင်မှုအရသာကို အပြည့်အ၀ ခံစားခဲ့ရလိမ့်မယ်လို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့အသင်း နိုင်ပွဲပျောက် ဆုံးခဲ့တာ ၂၀၀၇ခုနှစ် စက်တင်ဘာ ကတည်းကဖြစ်ပြီး ၁၇၁ ပွဲ ကစားပြီးချိန်မှာတော့ ပထမဆုံး နိုင်ပွဲကို ပွေ့ဖက်နိုင်ခဲ့လို့ပါပဲ။

ဘာစီလိုနာမှာ နေမာကို ခေါ်ယူခဲ့ စဉ်က ပြောင်းရွှေ့ကြေးအမှား ထုတ်ပြန်ခဲ့သည့်အတွက် စပိန် အခွန်ဌာနသို့ ပေါင် ၁၁.၂သန်းပေးဆောင်ခဲ့ရသည်။ ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလက ဆန်းတို့စ်တိုက်စစ်မှူး နေမာကို ပေါင် ၄၈.၆ သန်းဖြင့် ခေါ်ယူခဲ့သည်ဟု ဘာစီလိုနာမှ ကနဦးဖော်ပြခဲ့သော်လည်း ဘာစီလိုနာ ပရိသတ်တစ်ဦးက အဆိုပါ အပြောင်းအရွှေ့တွင် မသမာမှုများ ရှိနေသည်ဟု စွပ်စွဲခဲ့ပြီး စုံစမ်းစစ်ဆေးရန် စပိန်တရားရုံးသို့ တင်ပြခဲ့သည်။


မန်ချက်စတာယူနိုက်တက် အနေဖြင့် မိမိတို့ အိမ်ကွင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားခြင်းသည် ကံကောင်းလွန်း၍သာ ဖြစ်ကြောင်း ခရစ္စတယ်ပဲလေ့စ် မန်နေဂျာ တိုနီပူးလစ်က ပြောကြားလိုက်သည်။

အဆိုပါ ပွဲစဉ်တွင် ယူနိုက်တက်အတွက် ဂိုးများကို ၆၂ မိနစ်တွင် ဗန်ပါစီက ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ပြီး မကြာမီတွင် ဝိန်းရွန်နီက ဒုတိယဂိုး သွင်းယူခဲ့သည်။

 

စနေည ပရီးမီးယားလိဂ် ပွဲစဉ်တွေကတော့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာအပြောင်းအလဲဖြစ်ခဲ့ပါတယ်။ အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်က မိနစ်(၂၀)အတွင်း (၄)ဂိုးပေးခဲ့ရပြီး ပွဲပြီးရလဒ် (၅-၁)ဂိုးနဲ့ ရှုံးနိမ်ခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ကဆင်းပေးခဲ့ရုံသာမက နှစ်(၅၀)အတွင်း ပရီးမီးယားလိဂ်မှာ လီဗာပူးကို အဆိုးရွားဆုံး ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 4 of 24