ယမန်နေ့က ၂၉နှစ်မြောက် မွေးနေ့ပွဲ ကျင်းပခဲ့သည့် ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ကို အီဘရာဟီမိုဗစ်က Nike အမှတ်တံဆိပ်
အင်္ကျီတစ်ထည်ကို တွစ်တာမှတစ်ဆင့် မွေးနေ့ လက်ဆောင် ပေးခဲ့ပြီး အဆိုပါ အင်္ကျီတွင် ဇလာတန်ကို ယှဉ်ပြိုင်ရဲလားဆိုသည့် စာသားရေးသားထားခဲ့ကြောင်း သိရသည်။အီဘရာဟီမိုဗစ်နှင့်
ရော်နယ်ဒိုတို့မှာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ခြေစစ်ပွဲတွင် ပြိုင်ဘက်များအဖြစ် ရင်ဆိုင်ခဲ့ရပြီး ၂၀၁၃ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆုကို မိမိသာရသင့်သည်ဟု အီဘရာဟီမိုဗစ်က ဝေဖန်ခဲ့ဖူးသည်။

ဘာစီလိုနာ အသင်း၏ ကွင်းလယ် ကစားသမား ရှာဗီဟာနန်ဒက်ဇ်က ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် ကြံစည်နေကြောင်း သတင်းများကို ပယ်ချလိုက်သည်။

 

ဆွမ်ဆီးမှာ၎င်းတို့၏နည်းပြ လောက်ဒရပ် ကိုရာထူးမှထုတ်ပယ်လိုက်သည်။
လောက်ဒရပ်သည် ရော့ဂျာထွက်ခွာသွားပြီးနောက် ဆွမ်ဆီးအသင်းကို တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် ရာသီက ဆွမ်ဆီးအသင်းအတွက် ကက်ပီတယ်ဝမ်းဖလား ဆွတ်ခူးပေးနိုင်ခဲ့ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၉)နေရာတွင် ရပ်တည်နိုင်စေခဲ့သည်။

 

ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက မိမိတို့အသင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ပြင်းပြင်းထန်ထန်စိန်ခေါ်နိုင်စွမ်းမရှိသေးကြောင်း မန်စီးတီးကို အနိုင်ရသောပွဲအပြီးပြောကြားခဲ့သည်။ ချဲလ်ဆီးမှာ အီဗန်နိုဗစ်၏ ၂၄ကိုက်ကန်ချက်ဖြင့် မန်စီးတီးကို အနိုင်ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်မှတစ်ဆင့် မန်စီးတီးကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့သည်။ ယင်းနိုင်ပွဲကြောင့် ချဲလ်ဆီးမှာ မန်စီးတီးနှင့် ရမှတ်တူသွားခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် အဆင့်(၃)နေရာ၌သာ ဆက်ရှိနေခဲ့သည်။ သို့သော် မော်ရင်ဟိုက အာဆင်နယ်နှင့် မန်စီးတီးတို့သာ ပရီးမီးယားလိဂ် ချန်ပီယံစာရင်းဝင်သည်ဟု သုံးသပ်ခဲ့သည်။

 

ဒီအဖြစ်အပျက်ကတော့ ဘိုလော့နာအသင်းတာဝန်ရှိသူတွေမေ့တတ်လွန်းလှတယ် လို့ ပြောရမလိုပါပဲ။ ဘရာဇီးကလပ်ကိုရင်သီယန် ကစားသမား အစ်ဘ်ဆန်ဟာ ဘိုလော့နာကို ပြောင်းဖို့ သဘောတူညီမှု ရရှိခဲ့ပြီးသားဖြစ်လို့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးတဲ့နောက်မှာ အီတလီမြေကို ရောက်ရှိလာခဲ့ပေမယ့် အသင်းတာဝန်ရှိသူ တစ်ယောက်မှ သူ့ကို လာမကြိုခဲ့တာကြောင့် လေဆိပ်မှာ
ယောင်ချာချာဖြစ်ခဲ့ရပါတယ်။

 

ဘီလ်ဘာအိုနှင့် တစ်ဂိုးစီသရေကျခဲ့ သည့်ပွဲတွင် ရော်နယ်ဒိုကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင် အီဇာ၏ဆုံးဖြတ်ချက် ပြင်းထန်လွန်းသည်ဟု ရီးရဲလ်နည်းပြ အန်စလော့တီက ဝေဖန်သွားခဲ့သည်။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 5 of 24