ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ၀က်စ်ဟမ်းနှင့် ဂိုးမရှိသရေကျခဲ့သော ပွဲစဉ်တွင် ပြိုင်ဘက်အသင်း နည်းပြ ဆမ်အလာဒိုက်စ်၏ နည်းဗျူဟာကို

ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့သည်။ ချဲလ်ဆီးမှာ အဆိုပါ ပွဲစဉ်တွင် ဂိုးပေါက်ကန်သွင်းမှု ၃၉ကြိမ် ပြုလုပ်ခဲ့ပြီး ၀က်စ်ဟမ်းမှာ ဂိုးပေါက်ကန်သွင်းမှု ၁ကြိမ်သာ ရရှိခဲ့သည့်အထိ ခံစစ်ပိုင်းအားပြုကစားသွားခဲ့သည်။ ယင်းအနေအထားနှင့် ပတ်သက်၍ မော်ရင်ဟိုက “ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲမဟုတ်ပါဘူး။ ၀က်စ်ဟမ်းရဲ့ ကစားပုံကလည်း ၁၉ရာစု နည်းဗျူဟာမျိုးပါ။ ဂိုးသမားက ပွဲစကတည်းက အချိန်ဆွဲခဲ့ပြီး ဧရိယာထဲမှာ ကစားသမား ၁၀ယောက်လောက် စုပြုံပိတ်ဆို့တာက အောက်တန်းကျလွန်းပါတယ်”ဟု ဝေဖန်ခဲ့သည်။


Thursday, January 30, 2014

ယူနိုက်တက်သည် ယခုရာသီ ရလဒ်ပိုင်း ဆိုးရွားနေသော်လည်း ကမ္ဘာပေါ်တွင် ပရိသတ် အရေအတွက် အများဆုံး အသင်းတစ်ခု ဖြစ်ခြင်းနှင့် သမိုင်းကြောင်း အစဉ်အလာ ကြီးမားခြင်းများကြောင့် စပွန်ဆာ ကုမ္ပဏီကြီးများ၏ အာရုံကို ဆွဲဆောင်နိုင်ဆဲ ဖြစ်သည်

 

မာဆေးဆိုဒ်ဒါဘီပွဲမှ အကြွေစေ့ကိစ္စကို ရဲတပ်ဖွဲ့စစ်ဆေးနေလီဗာပူးက အဲဗာတန်ကို လေးဂိုးပြတ် အနိုင်ရခဲ့သည့် မာဆေးဆိုဒ်ဒါဘီပွဲစဉ် ပထမပိုင်းတွင် လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို အကြွေစေ့ဖြင့် ပစ်ပေါက်ခဲ့သည့် အဲဗာတန်ပရိသတ်များကို ဒေသခံ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ ပွဲချိန် မိနစ် ၂၀တွင် ဆွာရက်ဇ် ထောင့်ကန်ဘော ကန်တင်ရာ၌ အကြွေစေ့ဖြင့် ပစ်ပေါက်ခဲ့ပြီး ထိုပွဲစဉ်တွင် အကြွေစေ့ ပစ်ပေါက်မှု ၁၂ကြိမ် ရှိနိုင်သည်ဟု ဒေးလီးမေးလ်မှဖော်ပြထားသည်။

 

ဒဏ်ရာပြဿနာကြောင့် သီတင်းပတ် ၇ပတ်ကြာ အနားယူခဲ့ရသည့် မန်ယူတိုက်စစ်မှူး ဗန်ပါစီမှာ ကာဒစ်ဖ်ကို နှစ်ဂိုးပြတ် အနိုင်ရခဲ့သောပွဲစဉ်တွင် အသင်းအတွက် ပွဲထွက်ပါဝင်နိုင်ခဲ့ပြီး ပွဲချိန် ၆မိနစ်တွင် ၎င်းအတွက် ၁၁ဂိုးမြောက် ပရီးမီးယားလိဂ် သွင်းဂိုးရယူနိုင်ခဲ့သည်။ မန်ယူသည် ဗန်ပါစီ ပါဝင်သည့်ပွဲစဉ်များတွင် ရလဒ်ကောင်း ရရှိသည့် မှတ်တမ်းရှိနေပြီး တစ်ပွဲပျှမ်းမျှ ၂.၂မှတ် ရခဲ့သည်ဟု မှတ်တမ်းများက ဖော်ပြသည်။

 

စီးရီးအေတစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲ အခမ်းအနားကို ပြီးခဲ့သည့် တနင်္လာနေ့က မီလန်မြို့၌ ကျင်းပခဲ့ရာ ဂျူဗင်တပ်အသင်း ဆုအများဆုံးရခဲ့သည်။ ပြီးခဲ့သည့်ရာသီအတွက် တစ်နှစ်တာ အကောင်းဆုံးဆုကို ဂျူဗင်တပ် ကွင်းလယ်လူ ပီယာလို ဆွတ်ခူးသွားခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ဂျူဗင်တပ်နည်းပြ ကွန်တီရရှိခဲ့ကာ ဒုတိယဆုကို မွန်တဲလား(ဖီအိုရင်တီးနား)၊ တတိယဆုကို အယ်လီဂရီ (အေစီမီလန်နည်းပြဟောင်း)တို့ ရရှိခဲ့သည်။

 

မန်ယူမှာ အပြောင်းအရွှေ့ သတင်းများ ထွက်ပေါ်နေသည့် ၀ိန်းရွန်နီကို စံချိန်တင်လစာ ပေးချေ၍ စာချုပ်သက်တမ်းတိုးမြှင့်ရန် နီးစပ်နေကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။ ရွန်နီမှာ ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီး၏ ကမ်းလှမ်းမှု ခံခဲ့ရသူဖြစ်ပြီး ၎င်းအတွက် ကမ်းလှမ်းမှုများကို မန်ယူမှ ငြင်းပယ်ခဲ့သည်။ သို့သော် ယခုအခါတွင် မန်ယူမှ မာတာကို စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီး အသင်း၏ စီမံကိန်းများကို ကျေနပ်လာသည့် ရွန်နီအနေဖြင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် လက်ခံခဲ့ခြင်းဖြစ်သည်။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 6 of 24