လီဗာပူး အသင်းခေါင်းဆောင် ဂျရတ်က ဒီနှစ်မှာ ပရီးမီးယားလိဂ်ဖလား ရခဲ့မယ်ဆိုရင် သူ့ခန္ဓာကိုယ်တစ်ဝက်လောက်ကို တက်တူးပုံတွေ

ဖြည့်မယ်လို့ ပြောထားပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၀)ကစားပြီးချိန်မှာ အမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရပ်တည်နေပေမယ့် စတုတ်စီးတီးနဲ့ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် အဆင့်(၄)နေရာ ပြန်လည် ရယူနိုင်မှာဖြစ်ပါတယ်။

ဒီဇင်ဘာလအတွက် ဘာကလေအကောင်းဆုံးဆုများကို လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်နှင့် မန်စီးတီးနည်းပြ ပယ်လီဂရီနီတို့ ရရှိသွားခဲ့သည်။ ဆွာရက်ဇ်မှာ ဒီဇင်ဘာလအတွင်း ကစားခဲ့သည့်ပွဲစဉ်များတွင် ၁၀ဂိုး သွင်းယူနိုင်ခဲ့ပြီး နောဝစ်ခ်ျနှင့်ပွဲစဉ်တစ်ပွဲအတွင်း (၄)ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ခရစ္စမတ်ကာလက လီဗာပူးကို အမှတ်ပေးဇယားထိပ်တွင် ရပ်တည်နိုင်ရန် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

မန်စီးတီးသည် ပြီးခဲ့သည့်လက ကစားခဲ့သော ပွဲစဉ်များအနက် အာဆင်နယ်၊ လီဗာပူးစသည့် အသင်းများကို အနိုင်ရရှိခဲ့ကာ ပွဲစဉ်(၇)ပွဲတွင် (၆)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့သည့်အတွက် နည်းပြ ပယ်လီဂရီနီကို တစ်လတာအကောင်းဆုံး နည်းပြဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ မန်စီးတီးမှာ လက်ရှိအချိန်တွင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ဦးဆောင်နေသည့် အာဆင်နယ်နှင့် တစ်မှတ်သာ ကွာဟပြီး အဆင့်(၂)နေရာရပ်တည်နေနိုင်သည်။

YoYarLay

ခရူဝီ အသင်းသည် ကစားသမားသစ်များ ခေါ်ယူရန်အတွက် အစီအစဉ် ရှိနေရာ ဥက္ကဋ္ဌ ဒေ့ဗ်ပိုတင်ဂါက ပရိသတ်များအား အသင်းအနေဖြင့် မည်သူ့ကို ဝယ်ယူသင့်ကြောင်း ဆန္ဒပြုစေခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန် လိဂ်ဝမ်းကလပ် အသင်းတစ်ခုဖြစ်သည့် ခရူဝီက အသင်းပရိသတ်များကို အသင်း၏ အရေးပါသော စီမံမှု တစ်ခုတွင် ပါဝင်အကြံပြုခွင့် ပေးလိုက်ကြောင်း သိရသည်။ ခရူဝီ အသင်းသည် ကစားသမားသစ်များ ခေါ်ယူရန်အတွက် အစီအစဉ် ရှိနေရာ ဥက္ကဋ္ဌ ဒေ့ဗ်ပိုတင်ဂါက ပရိသတ်များအား အသင်းအနေဖြင့် မည်သူ့ကို ဝယ်ယူသင့်ကြောင်း ဆန္ဒပြုစေခဲ့ခြင်း ဖြစ်သည်။ ဈေးကွက်ထဲတွင် ခရူဝီအသင်း ဝင်ရောက်လှုပ်ရှားခြင်း မပြုမီ ပရိသတ်အများစု အလိုရှိသော ကစားသမားကို ပိုတင်ဂါက မေးမြန်းခဲ့ခြင်းဟု သိရသည်။ ခရူဝီ အသင်းကို အားပေးသည့် ပရိသတ်များက Twitterမှတစ်ဆင့် မဲပေးခဲ့ကြပြီး မတ်တက်ဘ်စ်က မဲအများဆုံး ရရှိသွားခဲ့သည်။

ရီယိုဖာဒီနန်သည် အင်္ဂါနေ့က မန်ချက်စတာ ယူနိုက်တက်၏ လေ့ကျင့်ရေး ကွင်းတွင် အပေါ့စား လေ့ကျင့်ခန်းများ ပြန်လည် ပြုလုပ်နိုင်ခဲ့သော်လည်း ဒူးခေါင်း ဒဏ်ရာကြောင့် နောက်ထပ် နှစ်ပတ်ခန့် ဆက်လက် အနား ယူရဦးမည် ဖြစ်ကြောင်း Goal မှ ဖော်ပြခဲ့သည်။

မန်ချက်စတာယူနိုက်တက် နောက်ခံ ကစားသမားသည် ဆန်းဒါးလန်းကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိသော်လည်း အင်္ဂါနေ့က ကာရင်တန်ကွင်းသို့ လာရောက်ကာ အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။

ဆောင်းခို(ဆောင်းရာသီတစ်လနား)ပြီး ပြန်လာတဲ့ စီးရီးအေပွဲစဉ်(၁၈)မှာ ဂျူဗင်တပ်နဲ့ ရိုးမား၊ လာဇီယိုနဲ့အင်တာတို့လို အသင်းတွေ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲကြီးပွဲကောင်းတွေ ပါဝင်ပြီး အမှတ်ပေးဇယားဦးဆောင်သူ ဂျူဗင်တပ်က ရိုးမားကို (၃)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ သူတို့(၂)သင်းကြား (၈)မှတ်အထိ ကွာဟသွားခဲ့တာကြောင့် စကူဒတ်တိုဖလားအတွက် ရင်ခုန်စရာ သိပ်မကောင်းတော့ဘူးလို့ ပြောစရာရှိလာပါတယ်။

ခရစ္စမတ်အပြီး နောက်တစ်ရက်မှာ ကစားခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်တွေဟာ အသင်းကြီးတွေကိုဒုက္ခပေးတတ်တဲ့ အစဉ်အလာရှိခဲ့ပြီး ဒီတစ်ကြိမ်မှာ မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ်စတဲ့ အသင်းကြီး (၃)သင်းစလုံး နိုင်ပွဲရခဲ့ပေမယ့် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာတွေ့ရပါတယ်။ မန်ယူဆိုရင် (၁၅)မိနစ်အတွင်း (၂)ဂိုးပေးခဲ့ရပြီး ချက်စတာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာလည်း ဒုတိယပိုင်း ပြန်စစချင်း ၀က်စ်ဟမ်းရဲ့ ဦးဆောင်ဂိုးသွင်းတာ ခံခဲ့ရပြီး ၀ဲလ်ကော့ကြောင့် နိုင်ပွဲရခဲ့တာပါ။ အိုဇဲလ်၊ ကာဇိုလာတို့ရဲ့ တွဲလုံးကတစ်ဆင့် ဧရိယာထိပ်ကနေ ကန်သွင်းတဲ့ ၀ဲလ်ကော့ရဲ့ကန်ချက်အားမပြင်းပေမယ့် နောက်ခံလူ ခြေထောက်ကြားထဲကထွက်ပြီး ဂိုးသမားဖမ်းတာ ချော်သွားလို့ အာဆင်နယ် ချေပဂိုးရခဲ့သလို ပိုဒေါစကီးရဲ့ ဖြတ်တင်ဘော ၀က်စ်ဟမ်းနောက်တန်းနဲ့ထိပြီး ၀ဲလ်ကော့ ခေါင်းပေါ်ရောက်သွားခဲ့လို့ ဒီကစားသမားက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းခဲ့တာ တွေ့ရပါတယ်။

<< Start < Prev 3 4 5 6 7 8 9 10 11 12 Next > End >>
Page 8 of 24