ဘဟီယာမှာလုပ်တဲ့ ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှုမှာ အသင်းကြီးတွေ ဘယ်အသင်းနဲ့ ဘယ်အသင်းတွေ့မလဲလို့

ရင်ခုန်ရသလိုမျိုး မစ္စလီမာရဲ့အလှအပနဲ့ ဖက်ရှင်က ရင်ခုန်စရာဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မဲခွဲပွဲအပြီး ဘရာဇီးမော်ဒယ်လေးကို တွစ်တာကနေ စကားပြောတဲ့သူက တစ်စက္ကန့်ကို (၁၀)ယောက်နှုန်းတောင် ရှိခဲ့တာပေါ့။ မစ္စလီမာရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ထပ်ပြီးမြင်တွေ့ရမှာကတော့ ဇန်န၀ါရီ(၁၃)ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား
ဆုပေးပွဲ အခမ်းအနားမှာပါ။

ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ် မဲခွဲမှုများ ပြုလုပ်ခဲ့ရာတွင် မန်ချက်စတာနှစ် သင်း ရှောင်လွဲနိုင်ခဲ့သည်။ စတုတ်စီးတီးကို

အနိုင်ရခဲ့သည့် မန်ယူမှာ ဆန်းဒါးလန်း အသင်းနှင့် တွေ့ဆုံနေပြီး ၎င်းတို့အတွက် ၁၃ကြိမ်မြောက် လိဂ်ဖလား ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခြင်းဖြစ်လာခဲ့သည်။

တင်းနစ်ပြိုင်ပွဲတွေ နားထားပေမယ့် ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား နာဒယ်ကတော့ ချန်ပီယံဆုတစ်ခုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချက်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဥရောပပိုကာပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၁) ပိုကာသမား နီဂရီယာနူကို အနိုင်ကစားပြီး ဥရောပပိုကာ ချန်ပီယံဘွဲ့ ဆွတ်ခူးခဲ့တာပါ။ အဲဒီပြိုင်ပွဲမှာ အေစီမီလန် တိုက်စစ်မှူးဟောင်း ရှက်ဗ်ချန်ကို၊ နာမည်ကျော် အီတလီ နှင်းလျှောစီးသမား တွမ်ဘာတို့ ပါဝင်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ဝင် ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုလည်း ပါဝင်ခဲ့ပါတယ်။

လီဗာပူးလ်သည် လူးဝစ်ဆွာရက်ဇ်ကို အသင်း၏ စံချိန်တင် စာချုပ်သစ် တစ်ရပ်ဖြင့် ချုပ်ဆိုရန်အတွက် စီစဉ်နေကြောင်း သိရသည်။

အသင်း၏ မန်နေဂျင်းဒါရိုက်တာ အီယန်အိုင်ရီသည် ဆွာရက်ဇ်၏ အေးဂျင့်ဖြစ်သူ ပီရီ ဂွာဒီယိုလာနှင့် ဆွေးနွေးရန် အင်္ဂါနေ့က ဘာစီလိုနာသို့ သွားရောက်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် စာချုပ်သစ် တစ်ရပ်ဖြင့် ကမ်းလှမ်းခဲ့ခြင်း မရှိသော်လည်း နွေရာသီတွင် ကစားသမားကို အသင်းတွင် ဆက်လက်ထိန်းထားနိုင်ရန် ရည်ရွယ်ထားကြောင်း ဆိုသည်။

မန်ယူနှင့်ပွဲတွင် အိုလံပီယာကို့စ်အိမ်ကွင်း တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခံရမည်မန်ယူနှင့် ကစားရမည့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တွင် အိုလံပီယာကို့စ်အသင်း ပွဲကြည့်စင်

တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ယူအီးအက်ဖ်အေက ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာ ၁၀ရက်နေ့က အိုလံပီယာကို့စ်နှင့် အန်ဒါလက်ခ်ျတို့ ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂရိကလပ် အသင်းပရိသတ်များက လူမျိုးရေးခွဲခြားမှုများ၊ မီးရူးမီးပန်း ပစ်ဖောက်မှုများ၊ လေဆာရောင်ခြည်ဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ယူအီးအက်ဖ်အေမှ စွဲချက်တင်ကာ ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် မန်ယူနှင့် ကစားရမည့်ပွဲစဉ်၌ (အိုလံပီယာကို့စ်အိမ်ကွင်း) ကာရိုင်စကာကစ်ကွင်း မြောက်ဘက်ခြမ်းပွဲကြည့်စင် အောက်ပိုင်းကို ပိတ်ပင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အကယ်၍ ယာယီမန်နေဂျာ ရာထူးဖြင့် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါက တော့တင်ဟမ်၏ အမြဲတမ်း မန်နေဂျာ အဖြစ် တင်မ်ရှားဝုဒ်ကို ခန့်အပ်ဖွယ်ရှိကြောင်း Goal မှ ဖော်ပြခဲ့သည်။

တော့တင်ဟမ်သည် တနင်္လာနေ့ မနက်က အင်ဒရီ ဗီလာ ဘိုအာ့စ်ကို ထုတ်ပယ်ခဲ့ပြီးနောက် အသင်းကို တာဝန်ယူရန် ရှားဝုဒ်အား ယာယီ ခန့်အပ်ထားခဲ့သည်။

တနင်္လာနေ့ ညနေက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် တော့တင်ဟမ်က မိမိတို့အနေဖြင့် တင်မ်ရှားဝုဒ်၊ ရမ်ဆေးနှင့် လက်စ်ဖာဒီနန်တို့ကို ပထမအသင်း၏ တာဝန်ရှိသူများအဖြစ် ခန့်အပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

<< Start < Prev 4 5 6 7 8 9 10 11 12 13 Next > End >>
Page 9 of 24