KO KO POUK

KO KO POUK

စွေမိုးသည် စိမ့်လျက် …

အပြစ်ဆိုးကြီးကို ကြုံအံ့ဆဲဆဲတွင် လောကသည် မပြုံးမရွှင်နိုင်သည်သို့ အုံ့မှိုင်းသောကောင်းကင်သည် မိုးရိပ်ဖြင့် ဝေရီနေသည်။
စွေမိုးကြောင့်ပင် လမ်းများ၌ လူအသွားအလာနည်းပါးလျက်ရှိသည်။ ဆယ်နာရီသာသာတွင် ကျွန်ုပ်သည် ဆိုင်ရာရုံးသို့ ရောက်လာခဲ့သော်လည်း တရုံးလုံးထိုင်းမှိုင်းနေသည်သို့၊ ဆိတ်ငြိမ်နေလေသည်။ တဖြောက်ဖြောက် မြည်နေသော လက်နှိပ်စက်သံကလေးသာလျှင် ထိုအချိန်၌ အသက်ဝင်လျက်ရှိတော့သည်။

ဆယ်နာရီခွဲခန့်တွင် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးဝန် ဦးဉာဏသည် ကျွန်ုပ်တို့ရုပ်ရှင်ဌာနခွဲသို့ ခပ်သုတ်သုတ်ဆင်းလာပြီး ကျွန်ုပ်အား ပုခုံးမှဆွဲကာ လူရှင်းရာသို့ခေါ်၍ ““ဗိုလ်ချုပ်တို့ အခန်းထဲမှာ စက်သေနတ်နဲ့ဝင်ပစ်သွားတယ်။ မင်း ဗိုလ်ထွန်းလှလည်း ထိသွားတယ်လို့ ဖုန်း(Phone) လာတယ်။ မြန်မြန် လိုက်သွားစမ်းပါဦး””

စကားဆုံးသည်နှင့် ကျွန်ုပ်သည် ရုံးလှေကားမှ အပြေး --- ဖြစ်နေ သည်။

လမ်းတွင် ၁၅ ဟန်ဒရက်ဝိတ်ဖို့ဗွီအိပ်ကို နှေးသည်ဟုထင်မိသည်။ အတွင်းဝန်ရုံးဖြစ်ပွားရာသို့ သွားနေခိုက်။ ဤမျှအဖြစ်ဆိုးကိုတွေ့ရမည်ဟု ကျွန်ုပ်မထင်။ မတွေးမိ။ အပြေးအလွှား ၀င်ရင်းပစ်ရ၍ ဗိုလ်ချုပ်တို့အား မထိဘဲ အနီးအနားရှိသူ ဗိုလ်ထွန်းလှကိုသာ အနည်းငယ်ထိသည်ဟု ထင်မိသည်။
စပါတ်လမ်း (Spark Street)ဘက်။ ဗဟိုလှေကားအရောက်တွင် သူနာပြုကားတစင်း မိုးကာအုပ်ထားသည့် ထမ်းစင်တခုကိုတင်၍ ထွက်သွားသည်ကို တွေ့လိုက်ရသော်လည်း ၎င်းထမ်းစင်အထက်၌ လူထုမျက်ရွဲ “ဗိုလ်ချုပ်အောင်ဆန်း”ပါသွားသည်ဟု ကျွန်ုပ်မသိလိုက်ရပေ။
အပေါ်သို့ ကျွန်ုပ်ရောက်ချိန်တွင် အခန်းတံခါးပိတ်လျက် ရှိချေပြီ။ ဗိုလ်ထွန်းလင်း အခန်းတွင်းရှိ ဗိုလ်ထွန်းလှ၏ မင်းစေကလေးကိုလှမ်း၍ မှန်အပြင်မှ လက်ပြလိုက်ရာ ဗိုလ်ထွန်းလှအား ကျွန်တော်လာကြောင်း ပြောပြီး ခွင့်ရမှ ဖွင့်ပေးပါသည်။

ဗိုလ်ထွန်းလှအား တွေ့လျှင်တွေ့ချင်း။ ““ဗိုလ်ထွန်းလှ၊ ဗိုလ်ချုပ်ကော၊ ခင်ဗျားလည်း ထိသေးတယ်ဆို””ဟူသော မေးခွန်းဖြင့် စတင်နှုတ်ဆက်လိုက်မိသည်။

ထိုအချိန်တွင် ဗိုလ်ချုပ်ကား ကျဆုံးလေပြီ၊ သို့သော် ခေါင်းဆောင်ကြီးကျဆုံးကြောင်းကို ရုတ်တရက် ကြားသိလျှင် လူထုသည် အကြီးအကျယ်ထိခိုက်သွားမည်ကို စိုး၍၎င်းင်း၊ ရန်သူများ အမှန်သိရှိကလည်း ဗိုလ်ချုပ်ကျဆုံးပြီဖြစ်၍ ခြေလှမ်းတိုးကြံစည်မည်များကိုစိုးရိမ်၍၎င်းင်း၊ ဗိုလ်ထွန်းလှသည် လူတိုင်းအား ““ဗိုလ်ချုပ် ကိစ္စမရှိဘူးဗျာ။ နဲနဲရှပ်သွားတာပါ””ဟု ပြောနေခိုက်ဖြစ်သည်။
ကျွန်ုပ်အား ဗိုလ်ထွန်းလှသည် ထိုအတိုင်းပင် ပြောခဲ့သေးသည်။ ပြီးမှ ““ခင်ဗျား ဦးလေး (၀န်ကြီး-ဒီးဒုတ်-ဦးဘချိုကို ဆိုလိုသည်) လဲ ထိသွားတယ်။ ခင်ဗျားအစ်ကိုလည်းရောက်နေပြီ ဓာတ်ပုံတော့ မရိုက်ပါနဲ့တော့ဗျာ။ တိုင်းပြည်က မြင်လို့မကောင်းပါဘူး””ဆို၍ ကျွန်ုပ်သည် ဗိုလ်ထွန်းလှအား ကင်မရာပေးခဲ့ပြီး ဗိုလ်ထွန်းလင်းအခန်းမှ ဗိုလ်ချုပ်အခန်းတွင်းသို့ ၀င်သွားပါသည်။
ကျွန်ုပ်မျက်စေ့ကို ကျွန်ုပ်မယုံမိပါ။ စက္ကန့် ၃၀ ခန့်ငြိမ်ပြီး ကြည့်နေ မိပါသည်။ ဤမျှ အဖြစ်ဆိုးမည်ဟု မထင်ခဲ့မိပါ။ ထိုကြောင့်လည်း ကျွန်ုပ် မျက်စေ့ကို ကျွန်ုပ် မယုံမိခြင်းဖြစ်ပါသည်။

တခါကမျှ တိုင်းပြည်နှင့်လူထုအား သစ္စာမဖောက်ခဲ့ဖူးသော ခေါင်းဆောင်ကြီးများကား ကိုယ်ကျိုးရှာ လူမသမာတစုတို့၏လက်ချက်ဖြင့် ကျဆုံးခဲ့လေပြီ။

သွေးသံရဲရဲ သွေးအိုင်ထဲတွင် မရှုမလှ ဘ၀ဆုံးနေရသော ခေါင်းဆောင်ကြီးများ၏ ကျဆုံးနေပုံကို ကျွန်ုပ်မှတ်မိသမျှ ပြန်လည်၍ရေးရလျှင် ဘဏ္ဍာရေးဝန်ကြီး သခင်မြသည် ကြမ်းပြင်ပေါ်၌ ခပ်ကွေးကွေး ပုံလျက် ကျနေလေသည်။ လက်ျာဘက်လက်ပေါ်တွင် လက်ျာပါးတင်လျက် ကွယ်လွန်နေရှာသည်။ မျက်နှာအနေအထားမပျက်။ သွေးထွက်လွန်၍ နှုတ်ခမ်းများပြာနေသည်ကိုလည်း သတိထားမိပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကို ၀န်ကြီးဦးဘ၀င်းကား ခြေထောက် တဖက် ကုလားထိုင်ပေါ်တင်လျက် နောက်ကိုမှီရင်း လက်ဝဲဘက်သို့ ခေါင်းအနည်းငယ် စောင်းကာ ဘ၀ဆုံးနေလေသည်။

ဆရာကြီး ဦးရာဇတ်မှာမူ ခြေနှစ်ဘက်ရှေ့စန့်လျက် ကုလားထိုင် နောက်မှီကို တည့်တည့်မှီရင်း လက်နှစ်ဘက် ကုလားထိုင်လက်ရမ်းအပြင် သို့ တွဲရွှဲကျနေသည်ကို တွေ့ရပါသည်။
မိုင်းပွန်စော်ဘွားကြီးနှင့် ၀န်ကြီးမန်းဘခိုင်ကိုမူ ကျွန်ုပ်သတိမထား မိပါ။ ၀န်ကြီးဦးဘချိုမှာ အသက်ရှင်လျက် အနည်းငယ် ညည်းညူနေသည် ကို တွေ့ရပါသည်။ သို့သော် သတိကား လစ်နေလေပြီ။ ကျွန်ုပ်၏အစ်ကို သည် (ထိုစဉ်က ဦးဘချို၏သက်တော်စောင့်) ၀န်ကြီးဦးဘချို၏ လက်ဝဲ ဘက်မှဖေး၍ ထားပါသည်။ ကုလားထိုင်မှာ အစည်းအဝေးစာပွဲနှင့်ကပ်နေ၍မပြုစုသာသဖြင့် ကျွန်ုပ်က ဦးဘချို၏ လက်ျာဘက်မှဝင်၍ ကျွန်ုပ် ၏အစ်ကိုနှင့်အတူ ဦးဘချိုအား ကုလားထိုင်ပါမ၍ နောက်သို့ --- ရွှေ့ လိုက်ပါသည်။

ထိုအခိုက်တွင် ဗိုလ်ထွန်းလှ ၀င်လာသဖြင့် ဆေးရုံသို့ အမြန်ပို့ရန် စီစဉ်ဖို့ပြောပါသည်။ ဦးအုံးမောင်အလောင်းကို ထိုအချိန်တွင်မှ သတိပြုမိ ပါသည်။ အရှေ့မြောက်အရပ်ကို ခေါင်းပြုလျက် စန့်စန့်ကြီး ကွယ်လွန်ရှာ ပါသည်။ သွေးလွန်၍ အသားများပင် ၀ါနေတော့သည်။ ကျွန်ုပ်သည် ဦးအုံးမောင်နှင့် အတော်ရင်းရင်းနှီးနှီး သိခဲ့သော်လည်း ထိုနေ့က မည်သူ မှန်းမခွဲခြားနိုင်လောက်အောင် ဖြစ်နေတော့သည်။
ဝန်ကြီးဦးဘချို၏ လက်ျာနားတွင် သွေးအနည်းငယ်စိုနေပါသည်။ ကြေးနီရောင်ဗန်ကောက်လုံချီနှင့် အင်္ကျီမှာ ခါးတွင်သွေးများစွန်းနေ၍ ကြည့်ရာ ဒဏ်ရာကိုတွေ့ပါသည်။

ထိုအခိုက်တွင် သူနာပြုကားများရောက်လာ၍ အမြန်ဆေးရုံသို့ ပို့ရ လေသည်။
ဆေးရုံရောက်သည့်အခါမှ ၀န်ကြီးမန်းဘခိုင်အား သတိထားမိရာ ၀န်ကြီးမန်းဘခိုင်နှင့် ၀န်ကြီးဦးရာဇတ်တို့မှာ သွေးထွက်တုံးပင် တွေ့ရပါ သည်။ ဆရာကြီးဦးရာဇတ်၏ နံ့သာရောင်ဘောင်းဘီ၊ အင်္ကျီတို့မှာ သွေး အလူးလူးဖြစ်နေသည့်ပြင် ဆေးရုံကားပေါ်မှအချတွင် မိုးရွာနေသဖြင့် မိုးပါ စိုနေလေသည်။

ဝန်ကြီးဦးဘချိုအား လာရောက်စမ်းသပ်သူမှာ ဆရာဝန်ကြီး ဒေါက်တာဘသန်းပင် ဖြစ်ပါသည်။ ဒဏ်ရာသုံးချက်မှာ လက်ျာနံစောင်းမှ ၀င်ပြီး ဗိုက်မှတချက်ထွက်ကာ လက်ျာလက်မောင်းတွင် တချက်ဖြစ်ပါ သည်။ လက်ျာနား တည့်တည့်မှဝင်သွားသည့် ကျည်ဆံမှာ နဖူးအတွင်း တွင်ရှိသဖြင့် ၎င်းင်းဒဏ်ရာကို အစ၌မတွေ့ပါ။ ထို့ကြောင့်လည်း ဆရာဝန် ကြီးဦးဘသန်းက (Very Hopeful Case)မျှော်လင့်ချက် အများကြီးရှိသည်ဟုပြောခြင်းဖြစ်ပါသည်။ ဆရာမနှစ်ယောက်နှင့်လက်ထောက် ဆရာဝန် တယောက်ကိုခေါ်၍ အင်္ကျီကို ကပ်ကျေးနှင့်ခွဲခိုင်းပြီး ဦးဘသန်း ကိုယ်တိုင် ချက်ချင်း ဆေးတလုံးထိုးပါသည်။
ဝန်ကြီးအချို့၏ သက္ကလပ်အင်္ကျီနက်ပြာမှာ ၀တ်၍မရနိုင်တော့ သဖြင့် ပစ်လိုက်ရန် ပေးလိုက်ကာ လက်ပတ်နာရီနှင့် အိတ်တွင်းမှ ဖောင်တိန်၊ အလုပ်နှင့် သက်ဆိုင်သည့်စာများ၊ (Diary)အစရှိသည်တို့ကို ကျွန်ုပ်တို့ ညီအစ်ကိုနှစ်ယောက် သိမ်းခဲ့ရပါသည်။ ထိုမှတဖန် အသေးစိတ်ဒဏ်ရာ များကို စစ်ဆေးရန်နှင့် ဆေးထည့်ရန် အပေါ်ထပ်သို့ ရွှေ့ရပါသည်။
အပေါ်ထပ်ဆေးခန်းတွင်မှ မိုင်းပွန်စော်ဘွားကြီးအား ပါးတွင်ဒဏ်ရာ ရသဖြင့်၊ ဆေးထည့်နေသည်ကို တွေ့ရပါသည်။ ဆရာဝန်များ အသေ အချာ စစ်ဆေးသည့်အခါမှ ၀န်ကြီးဦးဘချို၏ လက်ျာနားမှ ဒဏ်ရာသည် ကျည်ဆံအတွင်းဝင်သွားကြောင်း သိရပြီ။ ဒဏ်ရာပြင်းထန်ကြောင်း သိရလေတော့သည်။ ထိုအခိုက်တွင် ဗိုလ်ချုပ်ဇနီး ဒေါ်ခင်ကြည်လိုက်လာသည် ကို တွေ့ရပါသည်။

ဒီးဒုတ်စာပုံနှိပ်တိုက် (၀န်ကြီးဦးဘချိုအိမ်)ကို တယ်လီဖုံးဆက်ရန် ဆင်းလာရာ သတင်းအမှားများ ပေါက်ကြားမည်စိုး၍ ဆေးရုံကြီး တယ်လီဖုံး ဖြတ်ထားသဖြင့် ဆက်၍မရတော့ပေ။ အခြား အရေးပါအရာရောက်သူများ နှင့် သက်ဆိုင်ရာဆွေမျိုးများအောက်တွင် ရောက်နေသည်ကိုတွေ့ရသော်လည်း အောက်ထပ်ဝင်ပေါက်တံခါးကြီးကို ပိတ်ထား၍ အပြင်တွင်သာ စောင့်နေကြရလေသည်။ အပြင်မှ သတင်းထောက်အချို့ ကျွန်ုပ်အားတွေ့လျှင် အတွင်းသတင်းယူခဲ့ရန်လာမှာပါသည်။
ကျွန်ုပ်အပေါ်သို့ ပြန်တက်သွားပြီး မကြာမီ ၀န်ကြီးဦးဘချို၏ဇနီး ဒေါ်လှမေနှင့် သမီးငယ် ခင်ခင်ဦးတို့ လာရောက်ကြောင်း ရဲဘော်တဦး လာပြောပါသည်။

ကျွန်ုပ်ဆင်းသွားရာ ““ကိုကိုမြင့် ဖေဖေ ဘယ့်နှယ် နေသေးသလဲ””ဟူသော ခင်ခင်ဦး၏ မေးခွန်းနှင့်။

““မောင်မြင့် မင်းဦးလေး သက်သာရဲ့လားကွယ်””ဟူသည့် မေးခွန်းနှစ်ခုတို့မှာ လက်ဝဲ၊ လက်ျာ နားနှစ်ခုမှ ဒက်ထိ( Dead Heat)တိုးလာပါ သည်။

ရုတ်တရက် ကျွန်ုပ် ဘယ်လိုဖြေရမှန်းမသိအောင် ခက်သွားပါ သည်။ ညီမလေး အမာ (ခင်ခင်ဦး)က ““ဟင် ပြောစမ်းပါအုံး၊ အမာတို့က ဆရာကြီး(ဦးရာဇတ်ကို ဆိုလိုသည်)တယောက်ထဲ ထိတယ်ကြားလာလို့”” ဟူသည့် ဒုတိယမေးခွန်းနှင့် ““မင်းကလည်းကွယ်၊ စိတ်ပူလို့မေးတာ မြန်မြန် ထက်ထက်လေး ဖြေမှပေါ့””ဆိုသည့် (ဒေါ်လှမေ)တို့၏ ဆင့်မေးသံများ ကြောင့် ဆရာဝန်ကြီးတွေကတော့ ကိစ်္စမရှိဘူးလို့ ပြောတာပဲ။ ခုလည်း သူတို့ သွေးအားနည်းလို့ဆိုပြီး သွေးဖြည့်နေကြတယ်။

မင်းဦး . . . ဘာပြောသေးသလဲ။

သတိမရလို့ ဘာမှမပြောနိုင်ဘူး။ ဒါပေမဲ့ သွေးအားပြည့်လာရင် တော့ ပြောနိုင်လိမ့်မယ်ထင်တာပဲ။

ဘယ်သူတွေများ ထိသေးသလဲ။ သေတဲ့လူတွေကော ရှိသေး သလား။

ကျွန်ုပ် ဖြေရခက်ပြန်ပြီ။ မည်သူမည်ဝါ ကျဆုံးကြောင်းကိုလည်း သက်ဆိုင်ရာလူကြီးများက ကျွန်ုပ်တို့အား နှုတ်ပိတ်ထား၍။ ဟာ ကျွန်တော်လည်း ဦးလေးသာကြည့်နေရတာ ကျန်တဲ့လူတွေ သတိမထားမိဘူး။ သြော် မိုင်းပွန်စော်ဘွားကြီးတော့ ဦးလေးနဲ့ ခုတင်တခုခြားမှာရတယ်။ သူလည်း ကိစ်္စမရှိဘူး ဒေါ်ဒေါ်ဟုသာ ပြောနိုင်ပါတော့သည်။ ဒေါ်လှမေတို့ကိုလည်း စိတ်မပူပင်ရန်ပြောပြီး အပေါ်သို့ ပြန်တက်သွားပါသည်။
အပေါ်ထပ်သို့ရောက်လျှင် ၀န်ကြီးဦးဘချိုအား အခြားနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်ကိုတွေ့ရပါသည်။ တနေရာသို့ ပြောင်းရွှေ့ သွားပြီး သက်ဆိုင်ရာမျက်နှာဖြူဆရာဝန်ကြီးတဦးက လက်ခံကုသပါ သည်။ ဦးဘချိုအား ဆေးရုံအ၀တ်အစားလဲပေးသဖြင့် ဦးဘချို၏ လုံချည်၊ အင်္ကျီများ လာအပ်ပါသည်။ အ၀တ်အစားများနှင့်အတူ ဦးဘချို၏ခေါင်းမှ ဆံပင်များလည်း ပါလာပါသည်။ ဦးဘချိုကား မြန်မာပီပီ ဆံပင်ရှည်ထား သူဖြစ်၍ ဦးဆံကို အထူးဂရုစိုက်ပါသည်။ သူ၏ဆံပင်ကို နံနက်တိုင်း သမီးမခင်ပု (ယခု တိုင်းပြည်ပြုလွှတ်တော်အမတ်)က ရှင်းပေးပါသည်။ ယခုမူ ရန်သူ့လက်ဆောင်ကောင်းကြောင့် ဆံပင်လည်း ရိတ်ခဲ့လေပြီ။ သမီး မခင်ပုမှာလည်း ဖခင်၏ဆံပင်ကို ရှင်းချိန်ရောက်တိုင်း ဆွေးမျက် မျက်ရည် တစိမ့်စိမ့်နှင့် ဖခင်အား တမ်းတလျက်ရှိရှာသည်ကို ကျွန်ုပ်သည် ဤစာကိုရေးရင်းမှပင်လျှင် မြင်မိသေးတော့သည်။
ဒဏ်ရာကို အသေအချာစစ်ဆေးကြည့်ရှုမှပင် ပြင်းထန်ကြောင်း သိရသဖြင့် မျက်နှာဖြူဆရာဝန်ကြီးသည် ခွဲစိတ်ကုသရမည့်အကြောင်း ပြောဆိုပြီး ၀န်ကြီးဦးဘချိုအား (Operation)ခွဲစိတ်ကုသရာအခန်းသို့ ယူသွားလေသည်။ ခွဲစိတ်ရာအခန်းတွင်းသို့ရောက်ပြီး အစစ စီစဉ်ပြီးလျှင် ဆရာဝန်ကြီးသည် အပြင်သို့ တဖန်ထွက်လာပြီး ယခုပင် ခွဲစိတ်တော့မည် အကြောင်း ပြောပြလေသည်။ ဒဏ်ရာမှာ ပြင်းထန်လှသဖြင့် အကယ်၍ တိမ်းပါးသွားကာ သူ၏တာဝန်မဟုတ်ကြောင်းလည်း ပြောသွားလေသည်။ ထိုအချိန်၌ ကျွန်ုပ်နှင့်အတူ ကျွန်ုပ်၏အစ်ကိုအပြင် အလုပ်သမားဌာန ညွှန်ကြားရေးဝန်ကြီးဦးထွန်းဇော်ပါရှိလေသည်။

နေ့မွန်းလွဲ ၁ နာရီ ၃၇ မိနစ်တိတိတွင် စတင်ခွဲစိတ်ပါသည်။ ဇောနှင့် စောင့်စားနေသူ ကျွန်ုပ်တို့သုံးဦးသည် မိုးတစိမ့်စိမ့် စွေနေသည့် အထဲကပင် မကြာခဏချွေးသုတ်ရပါလေသည်။

ဆရာမတဦးထွက်လာပြီး ကျွန်ုပ်တို့အား ပြန်ပေးထားသော ဦးဘချို ၏လုံချည်ကို ပြန်တောင်းပါသည်။ နောက်ထပ် ဆရာမလေးတဦးထွက် လာပြီး ကျွန်ုပ်တို့အား ( Hard Luck So Sorry )ဟုပြောမှ ကျွန်ုပ်တို့သည် ဦးဘချို ကွယ်လွန်ကြောင်း သိပေတော့သည်။ ကျွန်ုပ်တို့ခေါင်းပေါ်ရှိ လျှပ်စစ်နာရီသည် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ မှ စက္ကန့်အနည်းငယ်ယွန်းနေလေပြီ။ ကျွန်ုပ်သည် ကျွန်ုပ်အစ်ကိုအား လှမ်းကြည့်မိသည်။ ဦးထွန်းဇော် အား လှမ်းကြည့်မိသည်။ ထို့အတူ သူတို့လည်း တဦးကိုတဦး ကြည့်မိ သည်။ သို့သော် မည်သူမျှ စကားမပြောနိုင်ကြပါ။
မကြာမီ ဦးဘချို၏အလောင်းကို လက်တွန်းလှည်းကလေးနှင့်ထုတ် လာပြီး ရင်ခွဲရုံသို့ယူသွားတော့သည်။ နံနက် ၉ နာရီခွဲပြီးစကလေးတွင် ၀ိုစတေ (R.A.830) ကိုစီးကာ အတွင်းဝန်ရုံးသို့ ရုံးတက်ခဲ့သော ဦးဘချို သည် နေ့ ၂ နာရီအချိန်ခန့်တွင် ဆေးရုံလက်တွန်းလှည်းထက်တွင် ယူ ဆောင်ရာသို့ ပါနေချေပြီ။ မမြဲသောလောကပင်တကား။

သက်ဆိုင်ရာ ဆွေမျိုးများကား အလောင်းများကို ပြန်လည်ယူငင်ရန် ရင်ခွဲရုံ၌ စောင့်ဆိုင်းနေကြ၏။ သို့သော် ဖ-ဆ-ပ-လ ဦးစီးအဖွဲ့၊ အရေးပေါ်အစည်းအဝေး၊ ဘုရင်ခံအိမ်၌ ဘုရင်ခံ၊ သခင်နု၊ ၀န်ကြီးဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြတို့၏ အစိုးရသစ်ဖွဲ့စည်းရေး ဆွေးနွေးပွဲတို့ကြောင့် ကျဆုံး လေပြီးသော ခေါင်းဆောင်ကြီးများကို ပြည်သူ့ဈာပနအဖြစ် ဂျူဗလီဟော ၌ ထားဦးမည့်အကြောင်းကို ညနေ ၄ နာရီခန့်တွင်မှ အသေအချာသိရ တော့သည်။
ထိုညနေအပြန်၌ ဘတ်(စ)ကားထက်တွင် အမျိုးမျိုးသော သတင်း တို့ကို ကြားရတော့သည်။ တဦးနှင့်တဦး သတင်းများမတူဘဲ မည်သို့ပင် ကွဲလွဲစေကာမူ ယူကျုံးမရ၊ ကြိတ်မနိုင်ခဲမရ အပူလုံးကြွနေသည်ကား လူတိုင်းလူတိုင်းပင်။ ကျွန်ုပ်သည် တခါတွင် ဤအဖြစ်ဆိုးကြီးကို မျက်မြင် ကိုယ်တွေ့ပင် ဖြစ်လင့်ကစား ယုံကြည်ရမှာပင် ခက်နေပြီးလျှင် အိပ်မက် မက်နေသည်ဟုပင် ထင်မှားမိသေးသည်။

၁၉၄၇ ဇူလိုင်လ ၂၀ တနင်္ဂနွေနေ့

မိုးသည် အုံ့မြဲအုံ့လျက် ...

နံနက် ၇ နာရီခန့်ကပင် ဗိုလ်ချုပ်အိမ်တ၀ိုက်တွင် ဗိုလ်ချုပ်အား အလေးပြုရန် လူထုသည် ငိုလျက်ရှိတော့သည်။ နံနက် ၁၁ နာရီခန့် ကျွန်ုပ်လိုက်သွားသည့်အချိန်တွင်မူ ဗိုလ်ချုပ်အိမ်သို့ဝင်ရာ တာဝလိန်း အတွင်းသို့ မော်တော်ကားဝင်ရန်ပင် အတော်လမ်းရှင်းယူရသည်။
ဗိုလ်ချုပ်အိမ်ပေါ်ရောက်ရန်ကား အတော်ခက်နေလေပြီ။ လှေကား တွင် မတက်သာ၊ မဆင်းသာလောက်အောင် ကျပ်နေတော့၏။ ရဲဘော် များကား ““ခဏ သည်းညည်းခံကြပါ။ အခု ကြာရှည်ထားနိုင်အောင် ဆေးစိမ်ဘို့ ပြင်ဆင်နေလို့ပါ””တစာစာတောင်းပန်နေရတော့သည်။ ခဲယဉ်း စွာဖြင့် ကျွန်ုပ်အပေါ်သို့ ရောက်သည့်အချိန်တွင် ဆရာဝန်ကြီးကာနယ် ဘသော်နှင့် ဒေါက်တာဘသန်းတို့သည် ရင်ခွဲရန် အသင့်ဖြစ်နေလေပြီဖြစ် ၍ ရင်ခွဲပြီးသည့်အထိ ကျွန်ုပ်စောင့်နေရတော့သည်။

ကျွန်ုပ်တို့သည် ရင်ခွဲရာအခန်းတွင်းသို့ စ၀င်ရသော် အပေါက် က ဖြစ်နေ၍ အစအဆုံးမြင်ရလေသည်။ ဒေါ်ခင်ကြည်နှင့် သားသမီး တစုကား ဆွေမျိုးများနှင့်အတူကပ်လျက် အခန်းတွင်းရှိနေသဖြင့် ကျွန်ုပ် သည် ရုပ်ရှင်နှင့် ဓာတ်ပုံကို ဗိုလ်ချုပ်ရင်ခွဲ၍ မပြီးမီ ရိုက်ထားနှင့်ပါသည်။ ဒေါ်ခင်ကြည်မှာ သောကမီးကြောင့် မချိတရိ ခံစားရသော်လည်း ရဲရင့် သော ဗိုလ်ချုပ်ကတော်ပီပီအဆွေးကို ပြင်ပသို့မထွက်စေဘဲ ကြိတ်မှိတ် ၍သာ ခံစားနေရှာလေသည်။ ဒေါ်ခင်ကြည်၏ အမြဲရီနေသောမျက်လုံးတို့ သည် ထိုနေ့က နီနေပါသည်။

ဗိုလ်ချုပ်အား ရင်ခွဲပြီးလေလျှင် စစ်ဝတ်စစ်စားပြန်ဝတ်ပါသည်။ ဒေါ်ခင်ကြည်ကိုယ်တိုင် ဗိုလ်ချုပ်စီးနေကြ နီညိုရောင်ရှူးဖိနပ်နှင့် အနက် တွင် အဖြူပြောက်ပါ ခြေအိတ်ကိုယူသွားပြီး ဗိုလ်ချုပ်အလောင်းကို ပြင်ဆင် ပေးသည့်အချိန်တွင် ကျွန်ုပ်သည် နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိပါ သည်။
အပြည့်အစုံပြီးစီးသည့်အချိန်တွင် ကျွန်ုပ်သည် ၀င်ရောက်ကာ ရုပ်ရှင်၊ ရုပ်သေ ရိုက်ကူးတော့သည်။ ကျွန်ုပ်သည် ယခုကျွန်ုပ်ရိုက်ကူးသော ကင်မ ရာများနှင့်ပင် ရုပ်ရှင်နှင့် ပြဇာတ်ပြပွဲဖွင့်ရာသို့ ဗိုလ်ချုပ်ကြွရောက်စဉ် ရိုက်ကူးခဲ့သေးရာ ထိုစဉ်အခါက ဗိုလ်ချုပ်သည်လည်း ယခုအလောင်းပြင် ဆင်ရာတွင် ၀တ်ထားသည့်အ၀တ်အစားများကိုပင် ၀တ်ဆင်လျက်။ သို့သော် ထိုစဉ်ရုပ်ရှင်ရိုက်ကူးသည်ကို ပြုံးရွှင်စွာကြည့်ခဲ့သော ဗိုလ်ချုပ် သည် ယခု သူ့အား ရုပ်ရှင်ရိုက်ကူးနေသည်ကို မသိချေတော့ပြီတကား။

နေ့ ၁ နာရီခန့်တွင် ဗိုလ်ချုပ်အလောင်းကို ဂျူဗလီရှိရာသို့ စတင်ယူဆောင်တော့သည်။ ကျွန်ုပ်သည် ပြည်သူ့ဆက်ဆံရေးရုပ်ရှင်ထုတ်ဝေသူ ဦးဘသက်တင်၊ ဗြိတိသျှဘားမားဦးချန်ထွန်းတို့နှင့်အတူ လမ်းတလျှောက် တွင် သတင်းကားရိုက်ကူးရာ မချိတင်ကဲ လှိုက်လှဲလှသဖြင့် တရှုံ့ရှုံ့ငိုကြွေးသူများ၊ ကြိတ်၍ရှိုက်သူများကား လမ်းတလျှောက်ရှိ ပရိသတ်တိုင်းလိုလိုပင် ဖြစ်တော့သည်။ လူမျိုးခြား တရုတ်၊ ကုလား၊ အင်္ဂလိပ်များပါမကျန် ဣနြေ္ဒမဆည်နိုင်ကြသည်ကို တွေ့ခဲ့ရလေသည်။

““ကျွန်ုပ်တို့ခေါင်းဆောင်ကြီး၏အလောင်းကို ယူလာပါပြီ။ ယူလာပါ ပြီ၊ ယူလာပါပြီ။ နောက်ဆုံးအရိုအသေပြုခြင်းဖြင့် ဦးထုပ်များကို ချွတ်ကြ ပါ။ ထီးများကိုပိတ်ကြပါ။ အလေးပြုကြပါ””ဟု ရှေ့တော်ပြေးကားကြီးနှင့် လိုက်လံသတိပေးနေသည့်အချိန်တွင် ဗိုလ်ချုပ်ကား မလှုပ်မရှက်။ ရဲဘော်တို့ ပခုံးထက်ဝယ်။ လဲလျောင်း၍ လိုက်ပါလာလေသည်။
ရှေ့ဆုံးမှ တော်လှန်ရေးအလံတော်ကို ရဲဘော်များလှဲ၍ ကိုင်ဆောင် ထားသည်။ နောက်မှ ဗိုလ်ချုပ်အလောင်းကို ပြည်သူ့ရဲဘော်များ၊ ဗမာ့ တပ်မတော်သားများ တလှည့်စီထမ်းဆောင်၍ ယူလာသည်။ ပရိဒေ၀မီး တောက်လောင်နေသော ဒေါ်ခင်ကြည်ကား အလောင်းနောက်မှ လမ်းလျှောက်လိုက်ပါခဲ့လေသည်။
မိုင်းပွန်စော်ဘွားကြီး ကျဆုံးကြောင်းကိုလည်း ဗိုလ်ချုပ်အိမ်မှမထွက် မီကလေးတွင်ပင် ကြားသိရလေသည်။ ဗိုလ်ချုပ်အလောင်း ဆေးရုံသို့ အရောက်တွင် ဦးဘ၀င်း၊ ဦးဘချို၊ သခင်မြ၊ မိုင်းပွန်စော်ဘွားကြီး စောစံ ထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုံးမောင်၊ ဦးထွေးတို့၏ အလောင်းများ ဆေးရုံတွင်းမှ ထုတ်ယူကာ ဗိုလ်ချုပ်နောက်မှ အစီအစဉ်အရ ဂျူဗလီဟော သို့ ပို့ဆောင်လေသည်။ ဂျူဗလီဟောအရောက်တွင် ဦးရာဇတ်နှင့် သက်တော်စောင့်ဦးထွေး၏အလောင်းတို့ကို ထုံးတမ်းအရ သဂြုင်္ိဟ်ရန် မူဆလင် သင်းချိုင်းသို့ ယူဆောင်သွားလေတော့သည်။

ထိုမှစ၍ နေ့စဉ်နှင့်အမျှ အမြို့မြို့မှ လာရောက်အလေးပြုသည်များ ကိုမူ သတင်းစာများတွင် သိကြပြီးသည့်အတိုင်း အထူးရေးရန်မလိုတော့ ဟု ထင်မိပါသည်။

ဇူလိုင်လ ၂၀ နေ့ထုတ် သတင်းစာများတွင် ၁၉ ရက်နေ့ ညနေပိုင်း ၌ ဂဠုန်ဦးစောနှင့်ပေါင်း လူ (၂၀)ခန့်ကို လုပ်ကြံမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီး လိုက်ကြောင်းများကို ဘော်ပြပြီး ဦးစောအိမ်တွင်းမှ လက်နက်ပုန်းများ တွေ့ရှိကြောင်းကိုပါ ထုတ်ဖော်ထားရာ လူထုကား ““ရိုင်းလိုက်လေကွာ၊ ကိုယ့်တယောက်တည်းအကျိုးအတွက် ဒင်းမို့ လုပ်ရက်ပေ””စသည်ဖြင့် တဖြစ် ထောက်တောက် ဖြစ်နေတော့သည်။

နောက်နေ့ သတင်းစာများတွင်လည်း ဆက်ကာ ဆက်ကာဘရင်းဂန်း တွေ့မှု၊ တော်မီဂန်းတွေ့မှုများပါလာပြီး ဘရင်းဂန်း ၂၀၀၊ စတင်ဂန်း ၁၀၀၀ ပျောက်ဆုံးသည့်အမှုနှင့် ဆက်စပ်ဖော်ပြကြတော့သည်။ ထိုအချိန် ထိ ပုလိပ်များက သတင်းလည်းမပေး၊ ရသည့်သတင်းရေးပြန်ကလည်း တားမြစ်ပြန်သဖြင့် သတင်းထောက်နှင့် အယ်ဒီတာများကား တိုင်းပြည်သို့ အမှန်အတိုင်း တင်ပြချင်သည့်ဇောကြောင့် ချွေးစီးများပင် ပြန်နေကြရှာသည်။

၁၉၄၇ အောက်တိုဘာလ ၈ ရက်

နေသည်ပြင်းလျက် ...

တချက်, တချက်တွင်သာ စစ်ဆေးမည့်အမှုကြီး၏ အပုပ်မှိုင်းရိုက်သည်သို့ အုံ့၍, အုံ့၍ သွားလေသည်။

ထိုနေ့တွင် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောနှင့်အတူ သက်နှင်း၊ မောင်စိုး၊ စိန်ကြီး၊ ရန်ကြီးအောင်၊ ခင်မောင်ရင်၊ သုခ၊ မှုံကြီး၊ မောင်နီတို့ကို လုပ်ကြံမှု၊ ပုန်ကန်မှုတို့ဖြင့် စတင်စစ်ဆေးမည်ဖြစ်၍ နံနက် ၈ နာရီခွဲခန့်က ပင် သတင်းစာတိုက်အသီးသီးဆီမှ သတင်းထောက်များသည် အင်းစိန် ထောင်ကြီးဆီသို့ ရောက်နေကြသော်လည်း အစောင့်ပုလိပ်များ မရောက် သေး၍ မ၀င်ကြရသေးပေ။ ၈ နာရီ မိနစ် ၂၀ ခန့်တွင် RA 5717 စထေးရှင်း ၀က်ဂွန်းကားဖြင့် ဒေါ်သန်းခင် (ဦးစောဇနီး)နှင့် သ်္မီး မေရီစော၊ ဒေါ်သန်းခင်၏ ဘခင် ဦးလူကလေးတို့ ရောက်လာသည်။ ဒေါ်သန်းခင်နှင့် မေရီစောမှာ မှုံမချယ်ဘဲ အပူကြွယ်ပုံပေါက်နေသည်။

၉ နာရီခန့်တွင်မှ အစောင့်ပုလိပ်များ ရောက်ရှိလာပြီး မကြာမြင့်မီပင် တရားခံများယူလာလေသည်။ အစိုးရရှေ့နေချုပ်ကြီး ဦးထွန်းဖြူ၊ အစိုးရရှေ့နေကြီး အယ်(လ)ချွန် ဖောင်း၊ ဦးမြသိန်း၊ နယ်ခြားဒေသဆိုင်ရာအတွင်းဝန် ဦးမြင့်သိန်း၊ စုံထောက် မင်းကြီး ဦးထွန်းလှအောင်၊ ရန်ကုန်ပုလိပ်မင်းကြီး ဦးအောင်ချိန်တို့ အသီး သီးရောက်ရှိပြီး တရားဝန်ကြီး ဦးကျော်မြင့်၊ စက်ရှင်တရားဝန်ကြီးဦးအောင်သာကျော်၊ ဦးစီဘူးတို့ရောက်လာလေသည်။
၉ နာရီ မိနစ် ၄၀ တွင် သတင်းထောက်များနှင့်အတူ ကျွန်ုပ်တို့ ပါဝင်ခွင့်ရသော်လည်း ဘူးပေါက်ဝအတွင်း၌ ဆရာဝန်ဆေးစစ်သည့် နီးပါး အရှာအဖွေခံရပြီးမှ အတွင်းသို့ ၀င်ရလေသည်။
၁၀ နာရီခွဲခန့်တွင် တရားခံများအား စတင်ယူဆောင်လာရာ ရန်ကြီးအောင်ကို ပထမဆုံးထုတ်လာပါသည်။ ပြီးမှ စိန်ကြီး၊ မောင်နီ၊ ခင်မောင်ရင်၊ သုခတို့ကို တဦးစီ ထုတ်လာပါသည်။ နောက်တသုတ် မှုံကြီး၊ မောင်စိုးနှင့် သက်နှင်းတို့ တပြိုင်တည်း ထုတ်ယူလာလေပြီ။ ခေတ္တအကြာတွင် ဂဠုန်ဦးစောအား ခေါ်လာပါသည်။

ဘန်ကောက်လုံချည်အစိမ်း၊ ပိုးရှပ်အဖြူ၊ တိုက်ပုံ အင်္ကျီအဖြူ၊ မျက်မှန်စိမ်းတပ်ခါ ၀င်ရောက်လာသော ဦးစောသည် ထောင်ထဲတွင် လွတ်လွတ်လပ်လပ်နေ၍လားမသိ။ ၀နေသည်ဟုပင် ထင်မိလေသည်။ ၎င်းအ၀တ်အစားများကို ၀တ်လျက်။ ဗိုလ်ချုပ်တို့ကို မလုပ်ကြံခင် ၃ လခန့်က ဦးစောသည် ဖရေဇာလမ်းနှင့် စပါတ်လမ်းထောင့် သူ၏ မျိုးချစ် ပါတီတိုက်၌ Press Conference သတင်းစာဆရာ အစည်းအဝေးကျင်းပကာ သူ့အား ရန်သူများလုပ်ကြံရန် အမြဲကြံစည်နေကြောင်း၊ တခါလည်း ကြံစည်ခဲ့ကြောင်းများကို ထုတ်ပြောခဲ့ရာ သတင်းစာဆရာတဦးက လမ်းမတော်ပိုင်းတွင် လူမိုက်တဦး နာမည်ကြီးစဉ်က ထိုသူ လူသတ်မည်ကြံတိုင်း ပုလိပ်အား သူကဦးအောင် ကျွန်တော့်အား မည်သူမည်ဝါ သတ်ရန်ကြံနေ၍ ကွယ်ကာပေးရန် တိုင်ကြားလေ့ရှိသည်ကို သတိရကြောင်းဖြင့် ပြောဖူးသေးသည်။ ကျွန်ုပ်သည် ဦးစောအား ထိုအ၀တ်အစားနှင့် မြင်လိုက် လိုက်ခြင်း ချက်ချင်းသတိရမိတော့သည်။

ဦးစောအား ခေါ်ဆောင်လာပြီးပြီးခြင်း တရားဝန်ကြီးများ တက်ရောက်လာခါ အမှုကို စတင်ဖွင့်နေရာ ဦးစောက ရှေ့နေမရောက်သေး၍ အမှုရွှေ့ဆိုင်းရန် လျှောက်လဲလာသည်။

တရားဝန်ကြီးဦးကျော်မြင့်က ဘိလပ်ဝတ်လုံရောက်မည့်နေ့ရက်များ ကို တွက်ချက်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ထိ ရွှေ့ဆိုင်းလိုက်လေ သည်။
ရုံးပြန်အဆင်းတွင် ကျွန်ုပ်သည် ပိလက်-ဘိုးလက်(ခ)(၁၆) ရုပ်ရှင် ကင်မရာ ရီတီနားရုပ်သေကင်မရာတို့ဖြင့် ရိုက်ကူးနေရာ ကျွန်ုပ်သည် ဦးစော မျက်နှာလွှဲသွားလိမ့်မည်ဟု ထင်မိသော်လည်း မျက်နှာပြောင်သော ဦးစောသည် ကင်မရာကို တည့်တည့်ကြည့်ကာ ဟန်လုပ်၍ပင် ပြုံးသွားသေး တော့သည်။ ထိုနေ့တွင် မောင်စိုး၊ သက်နှင်း၊ မှုံကြီး၊ ရန်ကြီးအောင်တို့သည် ဦးစော၏အလိုကျ ဦးစော ရှေ့နေငှားတာကို ကျေနပ်ပါသည်ဟုပြောပြီး တဂိုဏ်းကွဲကာ ကျန်တရားခံများဖြစ်သူ ခင်မောင်ရင်၊ မောင်နီ၊ စိန်ကြီးတို့ ရှေ့နေ မငှားဟု ဂိုဏ်းကွဲတော့သည်။ သုခကား သီးခြားရှေ့နေ တောင်းဆို လေသည်။

၁၄၉၇ အောက်တိုဘာလ ၅ ရက်၊ လုပ်ကြံမှုစစ်ဆေးသည့် ဒုတိယမြောက်နေ့။

အစစ အရာရာ စီစဉ်ပြီးဖြစ်သဖြင့် တရားခံ အပို့အယူ၊ သတင်း ထောက်များ အထွက်အ၀င်များမှာ ပထမနေ့ကလောက် မခဲယဉ်းပေ။ အရင်ရောက်သူများ အရင်ဝင်ခွင့်ရသဖြင့် ကျွန်ုပ်တို့ ဘူးပေါက်ထဲအရောက် တွင် မေရီစောနှင့် အဘိုးဖြစ်သူ ဦးလူကလေး၊ ရှေ့နေဦးစံဝင်း၊ ဦးသိန်း ကျော်တို့နှင့်အတူ တွေ့ရသည်။ ဒေါ်သန်းခင် နေမကောင်း၍ မလာနိုင်ရှာ။ ဘူးပေါက်အတွင်း ရောက်,ရောက်ချင်း ကျွန်ုပ် ပထမဆုံး ရလိုက်သော ဓာတ်ပုံကား မေရီစော၊ ဦးလူကလေးနှင့် ဦးစံဝင်းတို့ ဆွေးနွေးနေပုံပင်တည်း။
၁၀ နာရီခွဲခန့်တွင် အမှုကိုစတင်စစ်ဆေးရာ အစိုးရရှေ့နေချုပ်ကြီး က အမှုကို စတင်လျှောက်လဲတော့ကြောင်း၊ လုပ်ကြံမှု မတိုင်မီ ၂ ရက်၊ ဇူလိုင်လ ၁ ရက်နေ့က ဒေါ်သန်းခင်၏တူ ခင်မောင်ရင် (တရားခံ) က အစည်းအဝေးရှိ,မရှိ စုံစမ်းသည်မှအစ ၁၈ ရက်နေ့၌ ဦးစောက အစစ အရာရာ သွန်သင်ပြီး ၁၉ ရက်နေ့တွင် ခင်မောင်ရင်၊ မှုံကြီး၊ မောင်နီ၊ ဘညွန့်တို့က သွားနှင့်ပြီး နောက်မှ သက်နှင်း၊ မောင်စိုး၊ စိန်ကြီး၊ ရန်ကြီးအောင်၊ သုခတို့ လိုက်သွားပြီး လုပ်ကြံခဲ့ပုံ၊ ပြန်လာပြီး အိမ်၌ အောင်ပြီ, အောင်ပြီဟု ကြွေးကြော်ပုံများကို လျှောက်သွားလေသည်။ သခင်နုကို သတ်ခိုင်းပုံများကိုပါ လျောက်လဲပြီး လက်နက်များတွေ့ပုံ၊ ဂျစ်ကားနံပါတ်လိမ်တွေ့ပုံတို့ကိုပါ ထည့်သွင်းလျှောက်လဲစေသည်။
ရန်ကုန်ပုလိပ်မင်းကြီး ဦးအောင်ချိန်ကလည်း ဖြစ်ပွားစဉ်က အတွင်း ၀န်ရုံး၊ ပုလိပ်မင်းကြီးရုံး၌ရှိပြီး ချက်ချင်း ဗိုလ်ချုပ်တို့အခန်းကို သွား ရောက်တွေ့ရပုံ၊ တမြို့လုံးရှာဖွေရန် အမိန့်ပေးပုံတို့နှင့် တကွ၊ ညနေပိုင်း ဦးစောအိမ်ကိုရှာပြီး ဦးစောအား ဖမ်းဆီးကြောင်း သတင်းရပုံများကိုပါ ထွက်ဆိုသွားလေသည်။

၁၉၄၇ ခု အောက်တိုဘာလ ၁၆ ရက်။

လုပ်ကြံမှုကြီးကို ဆက်လက်စစ်ဆေးရာ ၀န်ကြီး ဦးဗဂျမ်း၊ ၀န်ကြီး ဦးအောင်ဇံဝေ ဗိုလ်ချုပ်အပါးတော်မြဲဗိုလ်ထွန်းလှ၊ လုပ်ကြံရန် တက်လာ သူများကို မြင်ရသော ကိုအုံးခင်နှင့် ကိုမောင်မောင်တို့အား စစ်ဆေးလေ သည်။
ထိုနေ့က အစစ်ခံချက်များကို လွယ်ကူစွာ နားလည်နိုင်ရန် ဗိုလ် ချုပ်အခန်း၊ ပုံစံ အတွင်းဝန်ရုံးမြေပုံများကို တင်ပြလေသည်။
ဝန်ကြီးဦးအောင်ဇံဝေအား စတင်စစ်ဆေးရာ ဦးအောင်ဇံဝေက ဇူလိုင် ၁၉ ရက်နေ့ အစည်းအဝေးတွင်ရှိကြောင်း၊ ထိုသို့ အစည်းအဝေးပြုလုပ် နေစဉ်တွင် စစ်ဝတ်စစ်စား ၀တ်ထားသူများ တံခါးတွန်းဖွင့်လာကာ တယောက်က မအော်ရန်သော်၎င်းင်း၊ မပြေးရန်သော်၎င်းင်း အော်ဟစ်ရာ ဗိုလ်ချုပ်အောင်ဆန်းကသူသတ်တို့အား မျက်နှာမူလျက် မတ်တပ်ထလိုက်ကြောင်း။ ထိုအချိန် တွင် စတင်ပစ်ခတ်ရာ ဗိုလ်ချုပ်လဲသွားကြောင်း။ မိမိလည်း လှဲချလိုက် ကြောင်းများကို ထွက်ဆိုသွားကြောင်း။
ဆက်လက်၍ ၀န်ကြီးဦးဘဂျမ်းကို စစ်ဆေးရာ ထိုအတိုင်းပင် ထွက်ဆိုသွားပြီး လက်၌သေနတ်မှန်၍ဒဏ်ရာရသည်ကိုပါ ထည့်သွင်းထွက် ဆိုသွားကြောင်း။
ဗိုလ်ထွန်းလှအား စစ်ဆေးရာ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်က ဗိုလ်ချုပ်နှင့်အတူ ရုံးသို့လာကြောင်း။ ဖြစ်ပွားစဉ်က ဗိုလ်ချုပ်နားတွင် မရှိကြောင်း။ အသံကြားပြီးမှ ၀င်သွားရာ ယမ်းစော်နံပြီး မီးခိုးများရှိ ကြောင်း။ ဗိုလ်ချုပ်မှာ အသက်မရှိတော့ကြောင်း ဆိုင်ရာသို့ သူနာပြုကား များ မှာယူကြောင်းနှင့် ဗိုလ်ချုပ် ဘိလပ်သွားစဉ်ကလည်း အပါးတော်မြဲ အဖြစ် ပါသွားကြောင်းများကို ထွက်ဆိုသွားလေသည်။ မစ်္စတာဗတားနစ် (ဦးစောရှေ့နေက) အပြန်အလှန် မေးခွန်းများထုတ်ကြောင်း။
ဦးအုံးခင်အား စစ်ဆေးရာ ထိုနေ့က ဦးမောင်မောင်နှင့်အတူ ပြန် လည်ထူထောင်ရေးရုံးခန်းထောင့်မှာ စကားပြောနေစဉ် စစ်ဝတ်စစ်စား ၀တ်ပြီး သေနတ်များကိုင်ဆောင်ကာ တက်လာသူများကို တွေ့ကြောင်း။ ဒီလူတွေဟာ ဗိုလ်ချုပ်အောင်ဆန်းအခန်းဘက်သွားတာကို တွေ့ရပြီး သေနတ်သံများ ကြားရကြောင်းကို ထွက်ဆိုသွားလေသည်။
ဦးမောင်မောင်ကလည်း ထိုသို့ပင် ထွက်ဆိုသွားပြီး မေးရိုးကြီးကြီး နှင့် လူတယောက် (သက်နှင်း) ကို သတိထားလိုက်မိကြောင်းများကို အစစ်ခံသွားလေပြီး ထိုနေ့အတွက် ရုံးဆင်းလိုက်လေသည်။

၁၉၄၇ အောက်တိုဘာ ၁၉ ရက်။

ထိုနေ့တွင် ဖော်ကောင် ဘညွန့်၏ ဖြောင့်ဆိုချက်ရှိ၏။ လူတိုင်းစိတ် ၀င်စားလျက် ရှိလေသည်။ ထောင်ထဲသို့ ၀င်ရန်မှာလည်း နားလည်မှု ရှိသွားပြီဖြစ်၍ အနည်းငယ်လွယ်ကူသွားလေပြီ။

တရားခံများကို ဦးစောနှင့်အတူ ရှေ့နေငှားကြသည့် သက်နှင်း၊ မောင်စိုး၊ မှုံကြီး၊ ရန်ကြီးအောင်တို့ကို တသုတ်။ ရှေ့နေ မငှားလိုကြသည့် ခင်မောင်ရင်၊ စိန်ကြီး၊ မောင်နီ၊ သုခတို့အား တတွဲထုတ်လာလေသည်။ ထူးခြားချက်တရပ်မှာ အရေးကြီးသည့် သက်သေဘညွန့်အား စစ်မည့် နေ့တွင် ဦးစော ရှေ့နေ ဗတားနစ်မရှိခြင်းပင်တည်း။

၁၀ နာရီတွင် ဦးစောအား ထုတ်လာရာ မန်းကျည်းမှည့်အသစ်ရောင် မန္တလေးလုံချည်အဖြူကွက်ကျဲနှင့် ရှပ်အင်္ကျီအညိုဖျင်၊ သက္ကလပ် တိုက်ပုံ အညိုဖျော့ဖျော့။ မျက်မှန်စိမ်းတို့နှင့် ၀င်လာသည်။ မျက်နှာမှာ အရင်နေ့များလောက် မပြုံးနိုင်သော်လည်း ဣနြေ္ဒမပျက်လှသေးပေ။
ပထမဆုံး အတွင်းဝန်ဦးတင်အုံးအား စတင်စစ်ဆေးရာ လက်ရေး တိုစာရေး မောင်အောင်နှင့်အတူ ဦးရွှေဘော် အခန်းပြင်ရှိ မောင်အောင်၏ အခန်းအပြင်ဘက်တွင် ထိုင်နေရာမှ ခြေသံကြားသဖြင့် အခန်းပြင် ၀ရံတာ ကြည့်မိရာ ယူနီဖောင်းအစိမ်း ၀တ်ထားသူ လေးငါးဦးကို သေနတ်များနှင့် တွေ့လိုက်ကြောင်း၊ အပြင်ဘက်သို့ ထွက်ကြည့်ရာ ထိုသူများက ဗိုလ်ချုပ် အခန်းတံခါးကို တွန်းဖွင့်ဝင်သွားသည်ကို တွေ့လိုက်ရပြီး မကြာခင်ပင် အော်သံများ၊ သေနတ်သံများ ကြားရကြောင်းကို ထွက်ဆိုအစစ်ခံလေ သည်။

ဇူလိုင်လ ၁၈ ရက်နေ့မှာ ကျရောက်မယ့် မိမိရဲ့မွေးနေ့မတိုင်ခင် အထိမ်းအမှတ်အနေနဲ့ သံလျင်မြို့နယ်၊ ထာမလုံ လက်ယက်စမ်း ကျေးရွာရှိ အဂ္ဂါပေမေတ္တာ ပရဟိတ ဂေဟာ (Myanmar Young Crusaders) ကို ဒီနေ့ရောက်ခဲ့ပါတယ်။

ပရဟိတဂေဟာဖြစ်သော Myanmar Young Crusaders ကို ၁၉၇၄ ခုနှစ် သြဂုတ်လ (၅)ရက်နေ့တွင် သိက္ခာ တော်ရ ဒေါက်တာဒေးဗစ်ရုံးမိုက စတင် တည်ထောင်ခဲ့ပါတယ်။ ဒီကျောင်းငယ်လေးမှာ မူးယစ် ဆေးစွဲလူငယ် တွေကို အကျင့်စာရိတ္တပြုပြင်ပေးတယ်။ မိဘမဲ့ကလေးငယ်တွေကို ပြုစုပျိုးထောင် ပညာ သင်ပေးတယ်။ အနာကြီးရောဂါသည်များ သာသနာပြုခြင်းလုပ်ငန်း၊ အသင်းတော် စိုက်ပျိုးခြင်းလုပ်ငန်း၊ ဓမ္မတေးနှင့် ဧ၀ံဂေ လိ၊ ဓမ္မကောလိပ်(ကျမ်းစာသင်ကျောင်း)များကို လုပ်ဆောင်နေပါတယ်။ အလွန်မွန်မြတ်တဲ့ အလုပ်တွေကို နှစ်ကာလရှည်ကြာစွာ နှလုံးသားမှလာတဲ့ မေတ္တာရင်းခံပြီး လုပ်ဆောင်နေတဲ့အတွက် ဒီနေရာလေးကိုရောက် တော့ မျက်ရည်စို့မိပါတယ်။

ထူးဖောင်ဒေးရှင်းမှစာသင်ဆောင်ဆောက်လုပ်နိုင်ရန်အတွက် အလှူငွေထည့်ဝင်လှူဒါန်းခဲ့သော ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ၀က်ထိုးကျေးရွာရှိ တွဲဘက်အထက်တန်းကျောင်း၊ စာသင်ဆောင်ဖွင့်ပွဲ အခမ်းအနားသို့(၂၀၁၄)၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီင်္း ၀န်ကြီးချုပ်ဦးသိန်းအောင်၊ လူမှုရေးဝန်ကြီးဒေါ်ခင်စောမူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

"Management" ဟူသော စီမံခန့်ခွဲမှုသည် အရင်းအမြစ်များကို အကောင်းဆုံး၊ အထိရောက်ဆုံး၊ ရလဒ်အမြင့်ဆုံးရအောင် ဆောင်ရွက်ခြင်း ဟု အဓိပ္ပာယ်ဖော်နိုင်ပါလိမ့်မည်၊ အရင်းအမြစ် များစွာရှိသည်၊ အများသိသော အရင်း အမြစ်များမှာ လူ၊ အချိန်၊ ငွေ စသည်တို့ဖြစ်၏။ ကဏ္ဍ များစွာ၊ ပညာရပ် များစွာအပေါ်လည်း စီမံခန့်ခွဲကြရပြန်သည်။ Political Management, Social Management စသည်ဖြင့် နောက်ဆုံးတွင် အားလုံးထက် ပို၍အရေးပါသော အရာတစ်ခု ပေါ်လာသည်၊ ၎င်းကို ပညာအပေါ် စီမံခန့်ခွဲခြင်း ဟူသောုKnowledge Management (KM) ဖြစ်သည်။ အချို့သော ခေတ်နှင့်ရင်ဘောင်တန်းလိုက်ကြသည့် ကော်ပိုရေးရှင်းကြီးများတွင် (CFO – Chief Financial Officer) ဟူသကဲ့သို့ (CKO – Chief Knowledge Officer) ဟူ၍ ဖွဲ့စည်းလာ၏။ ထိုကော်ပိုရေးရှင်းကြီး၏ ပညာအသုံးချမှုဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အဓိက တာဝန်ယူရသည့်အပြင် အတိုင်ပင်ခံချုပ် Think Tank အဖြစ်လည်း တာဝန်ထမ်းဆောင်ကြရသည်။

ကျွမ်းကျင်မှုနှင့်ပညာမတူပါ

များသောအားဖြင့် ကျွမ်းကျင်မှု (Skill) နှင့် ပညာ (Knowledge) ကို မှားယွင်းတတ်လေ့ရှိသည်။ ကျွမ်းကျင်မှု (Skill) ဆိုသည်မှာ မည်သို့ ဆောင်ရွက် ရမည်ကိုသိခြင်း Knowing 'how' to do ဖြစ်ပြီး၊ ပညာ Knowledge မှာ မည်သည်ကိုဆောင်ရွက်ရမည့်အပေါ်သိခြင်း Knowing 'what' to do ဟု အလွယ်တကူ ခွဲခြားနိုင်ပါလိမ့်မည်။ ကျွမ်းကျင်မှုတွင်ပင်လျှင်Soft Skill, Hard Skill နှင့် Smart Skill ဟူ၍ ရှိလာ၏။ Smart Skill ဖြစ်လာလျှင် ပညာ Knowledge ဘက်သို့ နီးစပ်လာပြီဟု ယေဘုယျ သတ်မှတ်နိုင်ပါလိမ့်မည်။

ပညာနှင့်ပညာမတူပြန်

Knowledge ဟူသည်မှာ ပညာရှိခြင်း၊ ပညာသိခြင်းဖြစ်ကာ Education ဟူသည်ကို စာတတ်ခြင်း၊ စာသိခြင်းဟု သတ်မှတ်သည်၊ သို့သော် လည်း Education ကို မြန်မာမှုနယ်ပယ်တွင် ယေဘုယျအားဖြင့် “ပညာ” ဟုသာ သုံးတတ်ပြန်သည်။ Educated Person ဟုဆိုလျှင် ဘွဲ့တစ်ခုခုရပြီးသူ၊ တက္ကသိုလ်ပညာအဆင့်ပြီးမြောက်သူဟု အလိုအလျောက် သိကြသည်။ သို့သော်လည်း “ပြန်လည်အသုံးချနိုင်သောအဆင့်” “အမှားအမှန် ပိုင်းခြားနိုင်သောအဆင့်” “အမြင့်ဆုံးထိရောက်ရလဒ်ရအောင် စွမ်းဆောင် နိုင်သောအဆင့်” မဟုတ်သေးပါ၊ လောက၏ အတွေ့အကြုံများ Experiences ကို ရယူပြီး ပေါင်းစပ်ကာ ဆောင်ရွက်နိုင်ပါမှ ပညာသိ Know- ledge ဟူသောအဆင့်သို့ ရောက်လာပါလိမ့်မည်။

ယေဘုယျအားဖြင့် အဆင့်(၅) ဆင့် ခွဲခြားထားနိုင်သည်ဟု ယူဆပါသည်။

(၁) Education (စာသိ)
(၂) Experience (အတွေ့အကြုံသိ)
(၃) Knowledge (သုတသိ)
(၄) Wisdom (ထိုးထွင်းသိ)
(၅) Enlightenment (တပ်အပ်သိ) ဟူ၍ဖြစ်သည်။

အမှန်တကယ် “ပညာဖြစ်” သောအဆင့်မှာပင် Knowledge သည် ပညာ၏ မူလတန်းအဆင့်မျှသာ ဖြစ်ပြီး၊ Wisdom က အလယ်တန်း အဆင့် ပညာရှိခြင်းဟု ခွဲခြားနိုင်ပြီး၊ Enlightenment အဆင့်ကသာ အထက်တန်း အဆင့်ပညာဟု ယူဆနိုင်ပါသည်။ Knowledge သည် “သုတ” ပေါ် အခြေခံ၍ ဖြစ်လာသော ပညာဖြစ်သဖြင့် သုတသိပညာဟု မြန်မာမှု ပြုလိုပါသည်၊ Wisdom အဆင့်မှာ အတွေ့အကြုံ၊ အတွေး အခေါ်များကို ထပ်မံပေါင်းထည့် ထားပြီးဖြစ်၍ ဖုံးကွယ်ထားသောအရာ များကိုပင် ဖော်ယူသိနိုင်စွမ်းရှိသဖြင့် “ထိုးထွင်းသိ ပညာ” ဟု မြန်မာမှု ပြုပါသည်။ အမြင့်ဆုံးသောပညာဖြစ်သည့် Enlightenment မှာ အရာရာ ကို ကောင်းစွာ ရှင်းရှင်းလင်းလင်း သိရှိနိုင်သော “အလင်းပေါက် ပညာသိ” ဖြစ်၍ မငြင်းနိုင်တမ်း တပ်အပ်သေချာမှုရှိသဖြင့် တပ်အပ်သေချာသိ ပညာဟု မြန်မာမှုပြုလိုပါသည်။

သင်ကြားပညာရေးအခြေခံ

ဘာသာရပ်များစွာကို ငယ်စဉ်က သင်ကြားပေးနေသော ကျောင်းပညာရေး၊ စာသင်ခန်း ပညာရေးမှာ အခြေခံ များစွာကျသည်ဟု မြင်သည်၊ မတူညီသော ဘာသာရပ်များအလိုက် စဉ်းစားပုံ၊ တွေးခေါ်ပုံ တွေးခေါ်နည်း၊ အသိရပုံရနည်းများ ကွဲပြားခြားနားခြင်းဖြင့် မိမိတို့၏ ပညာဖြစ်စေမှုဖြစ်သည့် ဦးနှောက်ကို တစ်စုံ တစ်ရာ လေ့ကျင့်ရင့်ကျက် စေပါသည်။ ယေဘုယျ နားလည်လွယ်ရန် ခပ်ကြမ်း ကြမ်း သရုပ်ခွဲထုတ်လျှင်
(၁) Education - Learning
(၂) Experiences - Education +Learning
(၃) Knowledge - Education +Experiences ( +Learning)
(၄) Wisdom - Knowledge + Experiences ( + Learning)
(၅) Wisdom - Knowledge + Experiences( + Learning)
ဟူ၍ တွေ့ရပါမည်။ သုတသိမှ ထိုးထွင်းသိ၊ တပ်အပ်သိပညာအဆင့်သို့ တိုးတက်သွားရာတွင် အတွေ့အကြုံဟူသော Experiences က အမြဲ ပါဝင်နေလေ့ရှိပါသည်။ လေ့ကျင့်ခြင်းတစ်မျိုး၊ ရယူခြင်းတစ်မျိုး၊ ဆည်းပူးခြင်း တစ်မျိုးလည်း ဖြစ်သည်။ လောကုတ္တရာနယ်ပယ်တွင်မှာပင် ပရိယတ်္တိ၊ ပဋိပတ်္တိဟူ၍ ရှိနေပြီး၊ “အလုပ်လုပ်ပါ” ဟူသည် တရားကို ရှုမှတ်လေ့ကျင့် (အတွေ့အကြုံထပ်ဆင့်) စေခြင်းဖြစ်၍ အတွေ့အကြုံသည် မည်မျှအရေး ပါသည်ကို တွေ့နိုင်ပါ၏။ သာမန်အားဖြင့် လူ့လောကထဲရောက်လာ သောအခါ အသက် (၂၀)ကျော်မျှအထိ စာသင်ခန်းတွင်း စာသင်ကြရ၏။ Education ဟူသော ကျောင်းစာသင်ခန်းမှ ပညာကို အနှစ် (၂၀) မျှ သင်ကြားပြီး၊ အလုပ်လုပ်ကြရသည်၊ ထိုမှ အတွေ့အကြုံ ရှာကြရသည်။ အတွေ့အကြုံ ကို လောကကြီးထဲမှရသောပညာဟု တင်စားကြသည်၊ မကုန်နိုင် မခမ်းနိုင်အောင်ရသော ပညာဖြစ်သလို၊ ယူတတ်သလောက် ရသောပညာ လည်း ဖြစ်သည်။ သုတပညာဆင့်တွင် သင်ကြားခဲ့ရသော အတန်းပညာကို ပြင်ပ မှရသော အတွေ့အကြုံဖြင့် ချိန်ညှိပြီး ပညာဖြစ်လာ၏။တစ်ဆင့်တက်သော Wisdom အဆင့် ထိုးထွင်းသိပညာတွင် လည်း သုတပညာ (Knowledge) ကို အတွေ့အကြုံဖြင့်ပင် ထပ်၍ ပေါင်းစပ်ထားရသည်ကို တွေ့နိုင်သည်။ Enlightenment ဟူသော ပညာ ၏ အမြင့်ဆုံးအဆင့်တွင်လည်ျးွှငျိသာ နှင့် အတွေ့အကြုံကို ပေါင်းစပ် ထားသဖြင့် အတွေ့အကြုံဟူသော Wisdom ၏ အရေးပါပုံကို ခန့်မှန်းနိုင်ပါလိမ့်မည်။

အင်တာဗျူးတစ်ခု သွားရတော့မယ် ဆိုရင် မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်လေးများကို ဆီလျော်အောင် ဘာသာပြန်ဆို ရေးသားပေး လိုက်ရ ပါတယ်။ ဒီအချက် ကလေးများဟာ သင့်အတွက် အင်တာဗျူးနေစဉ်မှာ များစွာပင် အထောက် အပံဖြစ်စေတာကြောင့်လိုက်နာကျင့်ကြံ့ဖို့ မမေ့နဲ့နော်။

တစ်အချက် - ပြုံးပါ

မိမိမှာ ဘယ်လိုအခက်အခဲတွေ ရှိနေပါစေ အင်တာဗျူးနေစဉ်မှာ ချိုသာသော အပြုံးများဖြင့် ပြောဆိုဆက်ဆံ ခြင်းဟာ တကယ် ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုဖြစ် ပါတယ်။

အောင်မြင်မှု ရလဒ်တွေဟာ ကောင်းမွန်တဲ့ တွန်းအားတွေကို ဖြစ်စေတယ်ဆိုတဲ့ ခံယူချက် မိမိမှာ ရှိပါတယ်။ ထူးဖောင်ဒေးရှင်းအနေနဲ့ ဒေသဖွံ့ဖြိုးမှုအားနည်းနေတဲ့ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းမှာ ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးတို့ကို ကိုယ်ကျိုးထက် တိုင်းပြည်နဲ့အနာဂါတ်လူငယ်တို့အကျိုးအတွက် ရည်ရွယ်ကာ ကြိုးပမ်း အကောင်အထည်ဖော်ခဲ့ပါတယ်။ ပူတာအိုခရိုင်အတွင်း အခမဲ့ပညာဒါန ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းပြီး ပညာသင်ကြားစေခဲ့ပါတယ်။

အောင်မြင်ဆိုတဲ့ အထဲမှာ ကိုယ်ကိုယ်ကို အောင်မြင်တာပါပါတယ်။ အလုပ်မှာ အောင်မြင်တာပါပါတယ်။ အချစ်ရေး၊ စီးပွားရေး။။။ စတဲ့ မိသားစု အရေးတွေမှာလည်း ပါဝင်သုံးစွဲနိင်ပါတယ်။ ဘယ်လို လုပ်မှ ကျတော်တို့ ဘ၀ကို အပေါ်က အချက်တွေပေါ်မှာ အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းနိင်မှာပါလဲ ?

စာရူသူတို့ ယခုထက်ပိုပြီး ဘ၀ရဲ့ နေရာတော်တော်များများမှာ အောင်မြင်နိင်ဖို့ ဘ၀နေနည်း အခြေခံ (၅) ခုကို ဖော်ပြလိုက်ပါတယ်။

၁) အကောင်းမြင်ပါ။

ဒါက ဗုဒ္ဓရဲ့ တရားတော်နဲ့လည်း အကျုံးဝင်နေပါတယ်။ ကျတော်တို့နဲ့ ဆိုင်တဲ့ အရာ အားလုံးဟာကျတော်တို့ ရဲ့ စိတ်ထဲကနေ စတင်ဖြစ်ပေါ်လာရတာပါ။ ကျတော်တို့ရဲ့ ကိုယ်စိတ်နှလုံး (၃)ပါးလုံးတွင် ကြမ်းတမ်းမလား၊ နှုးညံမလား၊ယဉ်ကျေးမလား ဆိုတာဟာ ကျတော်တို့ရဲ့ စိတ်ထားရှိ မူပေါ်မှာ မူတည်ပါတယ်။ ကျတော် တို့ဟာ ကိုယ်ရဲ့ ကံတရားကို တတ်အား သမျှ ကိုယ်ပိုင် ဖန်တီးသူေ တွဖြစ်ဖို့ ကြိုးပမ်းသင့် ပါတယ်။ စိတ်ညစ်စေတဲ့ အကြောင်းရှိလည်း" အော်ဒါ ငါ စိတ်ညစ်ရမဲ့ အချိန်ကြုံလို့ ပါလားဆိုတဲ့ " အတွေးနဲ့ ကိုယ်ကိုကိုယ် အကောင်း မြင်စေချင်ဟာ စိတ်ဆင်းရဲခြင်းတွေလည်း မရှိလို့ ဘ၀မှာ နေပျော်စေပါတယ်။ ဒါကြောင့် အကောင်းမြင်စိတ် ရှိခြင်းဟာ ဘ၀ကို အောင်မြင်စေဖို့ အချက်တွေထဲက ပထမတစ်ချက်ထဲမှာ ပါဝင်ပါတယ်။

၂) တာဝန်ယူပါ။

ကျတော်တို့မှာ တစ်စုံတစ်ရာကို လွတ်လွတ်လပ်လပ် ရွေးချယ်ဖို့ အခွင့်ရှိသလို ရွေးချယ်ထားတဲ့ အရာပေါ် တွင်လည်း တာဝန်ယူမူတွေ ရှိရပါမယ်။ လူတိုင်းကတော့ အကောင်းဆုံးကို မျှော်လင့်ကြတာဖြစ်ကြသလို ကိုယ်ရွေးချယ်ထားတဲ့ အရာတစ်ခုသည် တွေးထားသလို ဖြစ်မလာတော့သည့်အခါ ကိုယ်က ဒါကို စိတ်ပျက် အားငယ်ခြင်းမရှိပဲရွေးချယ်မူအပေါ်တာဝန်ယူကာ ရှိစေရပါမယ်။ အတွေးတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ အပြု အမူတွေ ကို ဦးဆောင်ထားတာဖြစ်ပါတယ်။ ထိုရဲ့ အကျိုးဆက်အနေနဲ့ မိတ်ဆွေဟာ ကိုယ်ကတာဝန်ယူနိင် စွမ်းရှိတဲ့ အတွေးတွေကို ထွက်ပေါ်လာတတ်တဲ့အကျင့်တစ်ခုဖြစ်တတ်လာပြီး ကမ္ဘာ့ကြီးကို ဦးဆောင်လာ နိင်မှာ ဖြစ်ပါတယ်။

၃)ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ပါ။

ငှက်သိုက်ဟူသည်


ငှက်သိုက်သည် ပျံလွှားငှက် တစ်မျိုးတွင် ပါဝင်သည့် ငှက်များက လုပ်သော အသိုက် ဖြစ်ပါသည်။ မိုးစာငှက်၊ ပြီးလဲငှက်၊ ဇီဝစိုးးငှက်များမှ ငှက်သိုက်ကို ထုတ်ယူရရှိနိုင်၏။ မြန်မာ နိုင်ငံတွင် ငှက်သိုက်ကို ဇီဝစိုးငှက်မှသာ ရရှိပါသည်။ ဇီဝစိုးငှက်သည် လေထဲတွင် ပျံသန်းရင်း ပိုးမွှားကောင်များကို ဖမ်းစားတတ်သောကြောင့် ``လေစားငှက်´´ ဟုလည်းခေါ်သည်။ ဇီဝစိုး ငှက်မှ အမဲရောင်ငှက်သိုက်နှင့် အဖြူရောင် ငှက်သိုက် (၂)မျိုး ရရှိပါသည်။ အမဲရောင်ငှက်သိုက် ကို Collocalia innominata ဆိုသည့် ဇီဝစိုးငှက်မှ ရရှိပြီး အဖြူရောင် ငှက်သိုက်ကို Collocalia fuciphaga ဆိုသည့် ငှက်သိုက်မှ ရရှိသည်။

ငှက်သိုက်ထွက်ရှိရာဒေသ

မြန်မာနိုင်ငံတွင် ငှက်သိုက်များကို ထားဝယ်ကမ်းခြေအနီးရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုသိမ်မြို့ အနောက် တောင်ဘက်ရှိ ကျွန်းများတွင် တွေ့ရ၏။ တနင်္သာရီတိုင်းအတွင်းရှိ ငှက်သိုက် ကျွန်းပေါင်း (၃၂)ကျွန်းမှ အဖိုးတန်းငှက်သိုက်များ ထွက်ရှိပါသည်။ မြိတ်ကျွန်းစုရှိ ငှက်သိုက်များကို ပုလောမြို့နယ်ရှိ မလိကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်းစု၊ ဘုတ်ပြင်း မြို့နယ်ရှိ ပုလုတိကျွန်းစု၊ ကော့သောင်းမြို့နယ်ရှိ ကဆိုင်းလှနှင့် ကော့ငန်းကျွန်းစု များမှ ရရှိ၏။ ယင်းကျွန်းစုများ အနက် မလိကျွန်းမှ ငှက်သိုက်အများဆုံး ရရှိသည်။

ဇီဝစိုးငှက် ပုံသဏ္ဍန်

မြန်မာနိုင်ငံတွင် ငှက်သိုက်အများဆုံး ထုတ်လုပ်ပေးသော ဇီဝစိုးငှက်သည် စာကလေး အရွယ်ခန့်သာ ရှိပြီး မီလီမီတာ ၁၀၀ မှ ၄၀၀ အတွင်းရှိသည်။ ကျောဘက် ငှက်မွေးမှာ အမဲရောင် ရှိပြီး ၀မ်းဘက် ငှက်မွေးမှာ မီးခိုးရောင် ဖြစ်နေ၏။ ဦးခေါင်းမှာ သေးလုံးနေပြီး ကတော့ပုံရှိ မာသော နှုတ်သီးနှင့် ကျယ်သော ပါးစပ်ပေါက် ရှိသည်။ တောင်ပံသည် ချွန်ပြီး အမြီးတိုသောကြောင့် ပျံသန်းမှုကို လျင်မြန်စေသည့် အပြင် ညအိပ်သည့် အချိန်မှ လွဲ၍ တစ်နေ့လုံး ပျံနိုင်သည်။ တိုပြီးကောက်နေသော ခြေသည်းပါသည့် ခြေချောင်း(၄)ချောင်းရှိ၏။ ခြေချောင်း(၄)ချောင်းအနက် (၃)ချောင်းသည် အရှေ့ဘက်သို့ ကား၍ ညွှန်းနေသောကြောင့် ကျောက်ဆောင် အစွန်းနှင့် အဆောက်အဦး များတွင် ခိုင်မြဲစွာ ကုတ်တွယ်ထားနိုင်သည်။

ဇီဝစိုးငှက်၏ သဘာဝ

ဇီဝစိုးငှက်သည် လူနှင့်ဝေးသည့် ပင်လယ်တွင်း ကျွန်းအချို့၌ ကျောက်ဆောင် လှိုဏ်ဂူများ အကြားတွင် နေထိုင်လေ့ရှိသည်။ အုပ်စုဖွဲ့နေတတ်၍ တစ်အုပ်စုလျှင် ထောင်ပေါင်း များစွာ ပါဝင်၏ ။ မြေပြင်တွင် ကျက်စားလေ့မရှိပေ။ ဝေဟင်နှင့် ပင်လယ် ရေပြင် ထက်တွင် လျင်မြန်စွာ ပျံသန်းစဉ် တောင်ပံပါ အင်းဆက် များကို ဖမ်းယူ စားသောက် ပေသည်။ တိမ်ရှိသည့် နေရာအထိ မြင့်မားစွာ ပျံသန်း နိုင်၍ အမြင်အာရုံ စူးရှပြီး လျင်မြန် ဖြတ်လတ်၏။ တပေါင်း၊ တန်ခူးလမှ စ၍ ငှက်သိုက်ပြုလုပ်တတ်သည်။ ၄င်းတို့၏ ငှက်သိုက်များသည် အခြား ငှက်များကဲ့သို့ သစ်ရွက်၊ သစ်ကိုင်းများဖြင့် မပြုလုပ်ကြပဲ ထူးဆန်းစွာ အာခေါင်မှ အာစေး တစ်မျိုးကို အန်ထုတ်၍ အသိုက်ပြုလုပ်ကြသည်။ ယင်းအသိုက်များတွင် ငှက်မများ ၀င်ဥ ကြသည်။ တစ်နှစ်လျင် နှစ်ကြိမ်ဥပြီး တစ်မြုံလျှင် ဥ နှစ်လုံးရှိသည်။ အများအားဖြင့် အထီး တစ်ကောင်၊ အမ တစ်ကောင် ပေါက်သည်။ ငှက်မသည် ငှက်ကလေးများကို နှစ်လ ကြာမျှ ကျွေးမွေး ပြုစုပြီး နောက် အသိုက်မှ ဆင်းသွားကြသည်။

အသိုက်ပြုလုပ်ပုံ

ဇီဝစိုးငှက်များသည် မျိုးပွားရာသီဖြစ်သော ဇန်န၀ါရီလ ၊ ဧပြီလနှင့် သြဂုတ်လများတွင် ဥများဥရန် အသိုက်ဆောက်လေ့ရှိသည်။ အသိုက်ဆောက်မည့် ကျောက်လှိုဏ်ဂူအမိုးမှာ ပေ ၄၅၀ ကျော်ခန့်အထိ မြင့်မားလှ၏။ ဇိဝစိုးငှက်အထီးကသာ အိမ်ဖွဲ့ပေးလေ့ရှိသည်။ အသိုက် ဆောက်လုပ်ရာတွင် ငှက်၏ တံတွေးဂလင်းမှ စစ်ထုတ်လိုက်သော တံတွေးရည်များနှင့် ချေဖျက်ပြီး အစာရည်အချို့ပါဝင်၏။ အသိုက်ပြုလုပ်မည့် နေရာကို စိတ်ကြိုက်ရွေးချယ်ပြီး တံတွေးများကို အံထုတ်လိုက်သည်။ ယင်းတံတွေးများသည် လေနှင့် ထိတွေ့သည့်အခါ မာကြောသွား၏။ ယင်းအံဖတ်များကို ထပ်ခါထပ်ခါ အံပြီး နှုတ်သီးဖြင့် ခွက်ပုံသဏ္ဍာန်ဖော်ပေး သည်။ တစ်ခါတစ်ရံတွင် ငှက်သိုက်၏ သွေးစများ ပါလာတတ်သည်ကို တွေရ၏။ ငှက်သိုက်မှာ အရွယ်ရောက် ငှက်တစ်ကောင်နှင့် ငှက်ပေါက်စ နှစ်ကောင် နေရန် လုံလောက်သည်။ အဖြူရောင် ငှက်သိုက်တွင် အဖြူရောင် ငှက်မွေးနုများ ပါဝင်သည်။ အမဲရောင်ငှက်သိုက်တွင် အမဲရောင် ငှက်မွေးနုများ ပါဝင်သည်။ အရွယ်အစားအားဖြင့် အမဲရောင် ငှက်သိုက်သည် အဖြူရောင် ငှက်သိုက်ထက် (၂)ဆကြီး၏။ စီးပွားရေး ဈေးကွက်တွင် အဖြူရောင် ငှက်သိုက်ကို လူကြိုက်များ သောကြောင့် (၁၀)ဆမျှ ဈေးပိုကြီးသည်။

ထိုင်းရေတပ်သည် ရေငုပ်သင်္ဘောတပ်ဖွဲ့ တိုးချဲ့ပိုင်ဆိုင်ရေးအတွက် ရေတပ်၏ အခြားဖွံ့ဖြိုးတိုးတက်ရေး အစီအမံများနှင့် မနီးမဝေး ကြိုးစားဆောင်ရွက်လျက် ရှိသည်။ ကနဦးအစီအစဉ်အဖြစ် ၂၀၁၁ ခုနှစ် ဧပြီလတွင် ထိုင်းအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ထိုင်းဘတ် (၇)ဘီလီယံကျော် ( ဒေါ်လာသန်း ၂၂၀ ) Budget ဖြင့် ဂျာမနီလုပ် အသုံးပြုပြီးသား Type 206A ရေငုပ်သင်္ဘော (၄)စီး ဝယ်ယူပိုင်ဆိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ခဲ့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ပျက်ပြားခဲ့ရသည်။ ယခုအခါတွင် ထိုင်းရေတပ်၏ Submarine Fleet အိမ်မက်သည် အစီအစဉ်တကျ အနေအထားမျိုးအဖြစ် တစ်စတစ်စ ပေါ်ထွက်လာပြီ ဖြစ်သည်။

ထိုင်းရေတပ်၏ Chon Buri's Sattahip Naval Base တွင် ရေငုပ်သင်္ဘော Headquarters နှင့် Training Centre ကို ဘတ်သန်း (၅၄၀) အကုန်ကျခံ၍ ၂၀၁၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၁၄ ခုနှစ် မတ်လတွင် ပြီးစီးတော့မည်ဟု သိရသည်။ ယင်းအနက် ဘတ်သန်း (၂၀၀) ခန့်ကို Training Stimulator အပါအဝင် Submarine Command Team Trainer အတွက် အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် အရာရှိ(၁၈)ဦး အား ဂျာမနီနိုင်ငံသို့ စေလွှတ်၍ (၃၂) ပါတ်ကြာ Submarine Training Course အားလည်းကောင်း၊ အရာရှိ (၁၀)ဦးအား တောင်ကိုရီးယားနိုင်ငံတွင် (၈)ပါတ်ကြာ အလားတူသင်တန်းမျိုးအား လည်းကောင်း တက် ရောက် စေလျက် ရှိပြီး ထပ်မံ၍ အရာရှိ/စစ်သည်များအား လိုအပ်သော နိုင်ငံခြား Submarine သင်တန်း များသို့ စေလွတ်သွားမည်ဖြစ်သည်။ ယင်းတို့အား သင်တန်းများပြီးစီးပါက Submarine Training School တွင် တာဝန်ပေးအပ်ကာ ပြည်တွင်း၌ပင် အနာဂတ်ရေငုပ်သင်္ဘောတပ်ဖွဲ့အတွက် လိုအပ်နေသော အရာရှိ/ စစ်သည်များ လေ့ကျင့် မွေးထုတ်သွားမည်ဟု သိရသည်။

ထိုင်းဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Yingluck Shinawatra သည် ထိုင်းဘုရင့်စစ်သေနာပတိချုပ် Supreme Commander Thanasak Patimaprakorn အား ယခုနှစ်မှစတင်၍ ထိုင်းတပ်မတော်အား ခေတ်မီ အင်အားတောင့်တင်းစေရန် တည်ဆောက်မည့် (၁၀)နှစ်အစီအမံ ရေးဆွဲဆောင်ရွက်စေလျက် ရှိပါသည်။ ယင်းတွင် Naval Building အစီအမံနှင့်အတူ (၁၀)နှစ်အတွင်း အနည်းဆုံး ရေငုပ်သင်္ဘော (၃)စီး ဝယ်ယူ၍ Submarine Fleet အား ခိုင်ခိုင်မာမာ အသက်သွင်းရန် ပါဝင်သည်။ သို့သော် ယခုအချိန်ထိ ရေငုပ်သင်္ဘော အမျိုးအစား ရွေးချယ်ရခြင်း မရှိသေးသော်လည်း တန်(၅၀၀) မှ တန်(၃၀၀၀) အတွင်းရှိ အမျိုးအစားအား မကြာမီရွေးချယ်ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းရေတပ်အနေဖြင့် ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင် ရန်၊ မကြာမီကာလတွင် မြန်မာနိုင်ငံ၌ ထားဝယ်ရေနက်ဆိပ်ကမ်း ဖြစ်ပေါ်လာတော့မည်ဖြစ်ပြီး ယင်းအတွက် အနောက်ပိုင်း ပင်လယ်ပြင်တွင် ရေကြောင်းဆိုင်ရာအကျိုးစီးပွားများကို ကာကွယ်ရန် Submarine Fleet လိုအပ်လာပြီဖြစ်ကြောင်း၊ အချိန်တို လတ်တလောကာလအတွင်း အဆိုပါ Submarine Fleet အတွက် ဘတ်ဘီလီယံပေါင်းများစွာ သုံးစွဲကုန်ကျရန် Budget အားဖြင့် မတတ်နိုင်သေးသော်လည်း နီးကပ်နေသော အနာဂတ်တွင် မရှိမဖြစ်ပိုင်ဆိုင်ရမည့် ရေငုပ်သင်္ဘောများအတွက် ယခုကဲ့သို့ စနစ်တကျ ပြင်ဆင်ဆောင် ရွက်နေခြင်း ဖြစ်ကြောင်း စသည်ဖြင့် ရေငုပ်သင်္ဘောတပ်ဖွဲ့နှင့် ပတ်သက်၍ ထိုင်းရေတပ် ဒုတိယဦးစီးချုပ် ဖြစ်သူ Admiral Narong Pipatanasai မှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

ထို့အတူ ထိုင်းရေငုပ်သင်္ဘောတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ Rear Admiral Panu မှလည်း ယခုလအောက် တိုဘာ (၁၁)ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်-

- ထိုင်းပင်လယ်ကွေ့အတွင်း နိုင်ငံခြားရေငုပ်သင်္ဘောများနှင့် အကြိမ်ကြိမ် လေ့ကျင့်စမ်သပ်ပြီးဖြစ်၍ ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ ရေအတိမ်/အနက်ပြဿနာအား စဉ်းစားတွေဝေနေရန် မလိုအပ် တော့ကြောင်း၊

- ထိုင်းရေတပ်သည် Surface ၊ Above Surface တပ်ဖွဲ့များ ရှိနှင့်ပြီးဖြစ်၍ Sub Surface တပ်ဖွဲ့သည် ထိုင်းရေတပ်၏ Naval Building တွင် မဟာဗျုဟာမြောက် စစ်ရေးစွမ်းရည် ပိုင်ဆိုင်လာစေရန် အဓိက အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊

- ယခုအခါ ပတ်ဝန်းကျင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား နှင့် ဗီယက်နမ် နိုင်ငံတို့တွင် Submarine Fleet အသီးသီး ပိုင်ဆိုင်နေကြပြီ ဖြစ်ကြောင်း၊ အရေအတွက်အားဖြင့် ရေငုပ်သင်္ဘော (၁၉)စီးခန့်သည် ထိုင်းရေပြင်ဝန်းကျင်တွင် ရောက်ရှိနေပြီး ဆက်လက်၍လည်း တိုးချဲ့ပိုင်ဆိုင်လာမည့် အစီအမံများ တွေ့နေရကြောင်း၊

- တောင်တရုတ်ပင်လယ်မှ ဖြစ်ပေါ်နေသော အငြင်းပွားမှု ပြဿနာမီးစများသည် ထိုင်းပင်လယ်ကွေ့သို့ အကြောင်းအမျိုးမျိုးဖြင့် ကူးစက်လာပါက ရေကြောင်းကုန်သွယ်သွားလာမှုများ ထိုင်းပင်လယ်ကွေ့ အတွင်း/ အပြင် ၊ အဝင်/အထွက် လုံခြုံလွတ်လပ်စွာ သွားလာနိုင်ရန်အတွက် လည်းကောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း ပြီးစီးပါက ယင်းတို့၏ အနောက်ပိုင်းပင်လယ်ပြင် ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာမည့် အခြေအနေအမျိုးမျိုး၌ ထိုင်းနိုင်ငံ၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို ရှေ့တန်းကျကျ ထိရောက်စွာ ကာကွယ်စောင့် ရှောက် နိုင်ရန်အတွက် လည်းကောင်း၊ အချုပ်အခြာအာဏာ နှင့် ပိုင်နက်ပင်လယ်ပြင်အား ကာကွယ်စောင့် ရှောက်ရန်၊ ရှိရင်းစွဲ လုံခြုံတည်ငြိမ်နေသော အခြေအနေများကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် လိုအပ် သော Defensive Capabilities များ မြှင့်တင်ရေးအတွက် လည်းကောင်း၊ ထိုင်းရေတပ်သည် အနီးဆုံး အနာ ဂတ်ကာလအတွင်း Submarine Fleet မဖြစ်မနေ လိုအပ်လာပြီဖြစ်ကြောင်း၊

Bi မွန်းတည့်နေဂျာနယ်တွင်ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း သတင်းသည်အစိုးရကို အကြည်ညိုပျက်စေပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေနိုင်သဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

<< Start < Prev 1 2 3 4 Next > End >>
Page 1 of 4
You are here:   HomeSportsKO KO POUK