Tuesday, 07 January 2014 02:18

မြန်မာU-22အသင်း၏ ဒုတိယမြောက်ခြေစမ်းပွဲအနိုင်ရရှိ

Written by 
Rate this item
(0 votes)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့သွားရောက်လေ့ကျင့်နေသော မြန်မာU-22 အသင်းသည် ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် ယနေ့ ညနေ ၄နာရီတွင်

ထိုင်းလက်ရွေးစင် U-20 အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ ၂ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ နှစ်သင်းစလုံးအပြန်အလှန် တိုက်စစ်ဖွင့်ကစားခဲ့ပြီး
ပထမပိုင်းတွင် ဂိုးမရှိသရေကျနေခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းလူစားလဲမှုအချို့ ပြုလုပ်ခဲ့ကာ ကစားကွက်ပိုမိုကောင်းမွန်လာခဲ့သည်။
ုမြန်မာအသင်းအတွက် ဂိုးများကို ရန်နိုင်ထွေး က ၇၂ မိနစ်တွင်လည်းကောင်း၊ သက်နိုင် က ၈၅ မိနစ်တွင်လည်းကောင်း အသီးသီးသွင်းယူခဲ့သည်။

မြန်မာU-22 အသင်းသည် လေ့ကျင့်ရေးအစီအစဉ်များ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ဘန်ကောက်မြို့မှတဆင့် အာရှဖလား U-22 ပြိုင်ပွဲကျင်းပမည့်
အိုမန်နိုင်ငံသို့ ဇန်န၀ါရီလ ၉ ရက်နေ့တွင်ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း
သတင်းရရှိသည်။ ခြေစမ်းပွဲတွေမှာတော့ ပွဲတိုင်းအနိုင်ရခဲ့တဲ့ အာရှဖလား ယူ-၂၂ ပြိုင်ပွဲဝင်မြန်မာလူငယ်အသင်းဟာ
ပြိုင်ပွဲမှာ အကောင်းဆုံးအနေအထားနဲ့ ယှဉ်ပြိုင်ကစားနိုင်ကြမယ်လို့တော့ သတ်မှတ်ရမှာဖြစ်ပြီး၊ အိမ်ရှင် အိုမန်အသင်းနှင့်
၁၁ ရက်နေ့တွင် အာရှဖလားစကန်ရတော့မည် ဖြစ်ပါသည်။

 

credit= MFF
မိုးတိမ် (တမာမြေ)

Football Café

Read 1100 times Last modified on Tuesday, 07 January 2014 02:24