Monday, 13 January 2014 02:30

ကစားသမားများထားရှိသင့်သည့် အနာဂတ်ခံယူချက်

Written by 
Rate this item
(0 votes)

မနေ့က အိုမန် နဲ့ မြန်မာပွဲမှာ ကြိုးစားအစွမ်းပြနေတဲ့ ကျော်ကိုကိုရဲ့  ကစားဟန်ဖြစ်ပါတယ်။ ပွဲစဉ်အပြီးမှာ ကျော်ကိုကိုနဲ့ ဂိုးသမား ပြည့်ဖြိုးအောင်(၂)ယောက်ကိုဘဲ အိမ်ရှင်နဲ့ AFC သတင်းသမား တွေတော်တော်များများသတိထားမိသွားကြတယ်ထင်ရဲ့ ၊ဒါ့ကြောင့် ဓာတ်ပုံသတင်းတွေမှာ ဖော်ပြထားကြတယ်။

ဟုတ်ပါတယ် သူတို့နှစ်ယောက်က အများဆုံးလှုပ်ရှားထိုးဖောက်မှုတွေ ကာကွယ်မှုတွေ ပိုထင်ပေါ်သလိုဖြစ်ခဲ့တော့ ယခုလိုသတိထားမိစေတာမျိုးဖြစ်ခဲ့တယ်။ ထိုနေ့က မြန်မာအသင်းကစားပုံနဲ့
စိတ်ဓာတ်က မဆိုးဘူးလို့ သုံးသပ်မိတယ်။ ဒုတိယပိုင်းပေးလိုက်ရတဲ့ ဂိုးတွေကအတွေ့အကြုံ နည်းဗျူဟာ ကြွယ်ဝမှုနဲ့ ကျဆုံးခဲ့ပြီး ဂိုးတွေအများကြီးပေးလိုက်ရတာမျိုးဖြစ်ခဲ့တာပါ။
မြန်မာနည်းပြကြီးပြောသလိုဘဲ ခုပွဲက အဓိကမကျပါဘူး လူငယ်တွေနောက်ပြိုင်ပွဲတွေမှာ ကျော်ကိုကိုတို့လိုမျိုး၊ ကြည်လင်းတို့လိုမျိုး
ရင့်ကျက်တည်ငြိမ်တဲ့ ခြေစွမ်းမျိုးပိုင်ဆိုင်လာစေပြီး အောင်မြင်မှုတွေရရှိနိုင်ရေးက အဓိက ကျလှပါတယ်။ဒါမှသာ မြန်မာတို့ ရွှေရောင်အနာဂတ်တစ်ခုကို လှပစွာဖန်တီးနိုင်မှာပါ။
အောင်မြင်မှုတစ်ခုမှာ ကျေနပ်နေယုံနဲ့တော့ အဲ့ဒီလူ အဲ့ဒီအဖွဲ့အစည်းဟာရေရှည်မှာ ဒုက္ခရောက်မယ်ဆိုတာ သင်ခန်းစာတစ်ခုလို့ မှတ်ယူမိတယ်။
အရင်ဆီးဂိမ်းမှာ အောင်မြင်မှုမရခြင်းက နည်းပြတွင်မကဘူး အားလုံးမှာတာဝန်ရှိတယ်လို့ ခံစားမိတယ်.။ ကျွန်းဆွယ်အားကစားပြိုင်ပွဲမှာ ဆက်တိုက်အောင်မြင်မှုရခဲ့တဲ့ မြန်မာအသင်းလည်း နောက်ပိုင်းမှာ မျိုးဆက်တွေ၏ လက်ဆင့်ကမ်းတာဝန်ကို ကျေပွန်အောင်မထမ်းဆောင်နိုင်ခဲ့မှု တာဝန်ရှိသူတွေရဲ့ အောင်မြင်မှုတွေအပေါ်သာယာမှုတွေကြောင့် နောက်ပိုင်းများမှာ ရွှေဆုတွေနဲ့ဝေးခဲ့ရတယ်။ ဆီးဂိမ်းအောင်မြင်မှု အာဆီယံ တိုက်ဂါးဖလားများတွင် အောင်မြင်မှု ဆက်တိုက်ရခဲ့တဲ့
ထိုင်းအသင်းလည်း မျိုးဆက်တစ်ဆက်ကြောင့် ၂ နှစ်ဆက်တိုက် ဆီးဂိမ်းအောင်မြင်မှုပြန်မရနိုင်ကြဘူး၊ ခုဆို ယခင်တိုက်ဂါးဖလား ယခု ဆူဇူကီးဖလားမှာတောင် ဖိုင်နယ်စင်မြင့်ကို တက်နိုင်ရေး ခက်ခဲနေရပြီ။
ယခုသူတို့က ပြန်လှမ်းလာနေကြပြီ။ ငါတို့မြန်မာအသင်းလည်းယခုဆို အာဆီယံဒေသတွင်းနိုင်ငံတွေတောင် လာပြိုင်နိုင်ရေး စာမေးပွဲမအောင်နိုင်ခဲ့ကြဖူး ငါတို့က အောင်နိုင်ခဲ့ကြတယ်၊ အခွင့်အရေးတစ်ခုကို အပြည့်အ၀ရယူရမယ်။ ရှုံးသည် နိုင်သည်ကအရေးမကြီးဘူး၊ အတွေ့အကြုံတွေ နည်းဗျူဟာတွေ
သူတို့ဆီက ရသင့်ရထိုက်တာတွေလည်းယူရမယ် သူတို့တွေ သတိထားမိလာအောင်လည်း ကြိုးစားပြရမယ်။နောက်ပွဲတွေမှာလည်း အတက်နိုင်ဆုံး ပိုကြိုးစားရမယ်
သင်ခန်းစာတွေ အပြည့်အ၀ယူနိုင်ခဲ့ပြီး အနာဂတ်မှာသမိုင်းမှတ်တမ်းအလှတွေကို စိုက်ထူနိုင်ရေးသူတို့အပေါ်လည်း မျှော်လင့်ချက်လေးထားမိပြန်ပါရဲ့ 

မိုးတိမ် (တမာမြေ)

Read 1150 times Last modified on Monday, 13 January 2014 02:40