Wednesday, 15 January 2014 01:58

အာရှဖလားဘောလုံးပြိုင်ပွဲတွင် ရှုံးပွဲ ၂ ပွဲ ရှိနေသော်လည်း နိုင်ငံတကာမီဒီယာများမှ မြန်မာအသင်း၏ ကြိုးစားမှုကို ချီးကျူးပြောဆိုကြ

Written by 
Rate this item
(0 votes)

အာရှဖလား U-22 ပြိုင်ပွဲ၏ ယနေ့ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းက မြန်မာအသင်းကို၃ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိသွားခဲ့သည်။ တောင်ကိုရီးယားအသင်းသည် အာရှအင်အားကြီးအသင်းတစ်သင်းဖြစ်သည်နှင့်အညီ ပွဲစသည်နှင့်တရစပ်တိုက်စစ်ဆင်ကစားခဲ့ပြီး မြန်မာအသင်းမှာခံစစ်အသားပေးပုံစံတန်ပြန်တိုက်စစ်ဖြင့်သာ ခုခံကစားခဲ့ရသည်။ ပွဲချိန် ၁၉ မိနစ်တွင်

ကိုရီးယားကစားသမား ဂိုးဧရိယာအပြင်မှကန်သွင်းသည့်ဘောလုံးကို မြန်မာအသင်းမှ သက်ပိုင်ဦး ကာကွယ်ရာတွင်လက်ဖြင့်ထိသည်ဟု ဒိုင်လူကြီးမှသတ်မှတ်ကာ (နှစ်ဝါ တစ်နီ)အနီကဒ်ဖြင့်ထုတ်ပယ်ခဲ့သဖြင့်နစ်နာခဲ့ရသည်။ထို့အတွက်ကြောင့်မြန်မာအသင်းမှာမိနစ် ၇၀ကျော် လူတစ်ယောက်အလျော့ဖြင့်ယှဉ်ပြိုင်ခဲ့ရသည်။တောင်ကိုရီးယားအသင်းအတွက်ဂိုးများကို ၃၂၊ ၆၀၊ ၇၈ မိနစ်များတွင်သွင်းယူသွားခဲ့ခြင်းဖြစ်သည်။ယနေ့ပွဲစဉ်တွင် မြန်မာအသင်းမှာ မိမိထက် အစစ အရာရာသာလွန်သော ကိုရီးယားအသင်းကိုရေကုန်ရေခမ်း ကြိုးစားကစားခဲ့သဖြင့် နိုင်ငံတကာ မီဒီယာများမှပင် ချီးကျူးခဲ့ကြသည်။

By MFF

Read 1023 times Last modified on Wednesday, 15 January 2014 02:01