Monday, 20 January 2014 02:58

ကစား သမား ၆ ဦးကို ခေါ်ယူပြီး လူဝယ် ယူမှု ရပ်နား ခဲ့သည့် ရန်ကုန် ယူနိုက်တက်

Written by 
Rate this item
(0 votes)

၂၀၁၄ ဘောလုံး ရာသီတွင် AFC CUP ၊ မြန်မာ နေရှင်ယ် လိဂ်နှင့် ရှုံးထွက် ဖလား ပြိုင်ပွဲ များကို ၀င်ရောက် ယှဉ်ပြိုင်ရ မည့် ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်းမှာ ပြည်တွင်း၊ ပြည်ပ ကစား သမား ၆ ဦးကို ခေါ်ယူပြီး ရာသီကြို ကစား သမား ခေါ်ယူ မှုအား အဆုံး သတ်ခဲ့ကြောင်း သိရှိရ သည်။

 

မြန်မာ နေရှင် နယ်လိဂ် ၃ နှစ်ဆက် ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းသည် ရာသီ သစ်တွင် ချန်ပီယံ ဘွဲကို ဆက်လက် ကာကွယ်ပြီး AFC CUP ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန် ရှိသည့် အတွက် ပြည်ပ ကစားသမား ၄ သီးနှင့် ပြည်ပ ကစားသမား ၂ ဦးကို ခေါ်ယူ အားဖြည်ခဲ့ ခြင်း ဖြစ်သည်။

ရန်ကုန် ယူနိုက်တက် အသင်းမှာ ၂၀၁၃ ခုနှစ် မြန်မာ နေရှင် နယ်လိဂ် ရွှေဖိနပ် ဆုရှင် ဘရာဇီး တိုက်စစ်မှူး ဟောင်း ဆီဇာကို တစ်နှစ် သက်တမ်းရှိ စာချုပ်ဖြင့် ပြန်လည် ခေါ်ယူခဲ့ပြီး ကစား သမား သစ်များ အဖြစ် ဘရာဇီး တိုက် စစ်မှူး အီ မာဆင်၊ ဂျပန် နောက်ခံလူ ကာဇူကီနှင့် မက်ဆီဒိုး နီးယား နောက်ခံလူ အလက် ဇန္ဒားတို့ကို ၁ နှစ် သက်တမ်းရှိ စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ကစား သမားများ အပြင် ဧရာဝတီ ယူနိုက်တက် အသင်းမှ ဂိုးသမား ပြည့်ဖြိုးဦးကို ၂ နှစ် သက်တမ်းရှိ စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီး ဟံသာဝတီ ယူနိုက်တက် အသင်းမှ နောက်ခံလူ အောင်ဇော်ကို တစ်နှစ် စာချုပ်ဖြင့် အငှား ခေါ်ယူကာ ရာသီသစ် အတွက် ကစားသမား ခေါ်ယူ မှုအား အဆုံး သတ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူ နိုက်တက် အသင်းအား တစ်ကျော့ပြန် တာဝန်ယူ ကိုင်တွယ်ခွင့် ရရှိခဲ့သည့် နည်းပြချုပ် အဲရစ်ဝီလျှံက " ရန်ကုန် ယူနိုက်တက် အသင်းလို ၃ ကြိမ်ဆက် ချန်ပီယံ အသင်းကို တာဝန်ထား ရလို့ ဖိအား တွေတော့ ရှိပါတယ်။ အသင်းမှာ ထူးချွန်တဲ့ ကစားသမား ကောင်းတွေ၊ ထက်မြတ်တဲ့ နည်ပြ တွေနဲ့ ၀န်ထမ်း ကောင်းတွေ ရှိလို့ ရာသီ သစ်ကို အကောင်းဆုံး ရင်ဆိုင် နိုင်မှာပါ" ဟု ထုတ်ဖော် ပြောဆိုခဲ့ သည်။ ရန်ကုန် ယူနိုက်တက် အသင်းသည် ၂၀၁၄ ဘောလုံး ရာသီတွင် မြန်မာ နေရှင် နယ်လိဂ် ပွဲဦးထွက် ပွဲစဉ်အဖြစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် YUSC ကွင်း၌ မနောမြေ အသင်းနှင့် တွေ့ဆုံရမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မလေးရှား ကလပ်ကီ လန်တန် အသင်းနှင့် AFC CUP ပြိုင်ပွဲ ပထမဆုံး ပွဲစဉ်ကို အိမ်ကွင်းတွင် လက်ခံ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

Myanmar Soccer

Read 1372 times