Friday, 24 January 2014 02:08

၂၀၁၄ ရာသီတွင် MFF Cup ရှုံးထွက်ပြိုင်ပွဲ ပြန်လည်ကျင်းပရန် MFF စီစဉ်

Written by 
Rate this item
(0 votes)

 

၂၀၁၂ MFF Cup ရှုံးထွက်ချန်ပီယံ ဧရာဝတီအသင်း(ဓာတ်ပုံ - ညီညီစိုးညွန့်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ယခု ၂၀၁၄ ရာသီတွင် MFF Cup ရှုံးထွက်ပြိုင်ပွဲကို ပြန်လည်ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။MFF သည် ယင်းရှုံးထွက်ပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ၂၀၁၃ ရာသီတွင် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် နီးကပ်နေမှုကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယင်းပြိုင်ပွဲအစား MNL Cup ပြိုင်ပွဲကိုသာ ကျင်းပခဲ့သည်။

MFF သည် ၂၀၁၄ MFF Cup ရှုံးထွက် ပြိုင်ပွဲကို လာမည့် ဇွန်လတွင် ကျင်းပရန် စီစဉ်ထားပြီး MFF မှ အသင်း ၁၂ သင်းနှင့် ပထမတန်း အမှတ်ပေးပြိုင်ပွဲတွင် အဆင့် ၁ မှ ၄ အထိရရှိမည့်အသင်းများ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။ ရှုံးထွက်ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းမှာ ၂၀၁၅ AFC Cup ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၁ ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ ၂၀၁၂ ပြိုင်ပွဲတွင် ဧရာဝတီယူနိုက်တက်အသင်းတို့က ချန်ပီယံဆုများရရှိထားကြောင်း သိရသည်။ MFF သည် ဘောလုံးရာသီတစ်ခုတွင် အမှတ်ပေးပြိုင်ပွဲနှင့် ရှုံးထွက်ပြိုင်ပွဲတို့ ကျင်းပပေးလျက်ရှိသည်။

Credit to EMG

Read 1123 times Last modified on Friday, 24 January 2014 02:10