ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းကို ၁၁ ဂိုး ၁၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်လွှာတင်သွင်းမယ်လို့ မြန်မာအသင်း ဘောလုံးနည်းပြက ပြောဆိုကြောင်း Goal အားကစားဆိုင်ရာ အင်တာနက်စာမျက်နှာက ဖေါ်ပြပါတယ်။

အဲဒီပွဲမှာ ဒိုင်လူကြီးအဖြစ်ဆောင်ရွက်သူ Maria Robello နဲ့ သူ့ရဲ့ စည်းကြပ်ဒိုင် နှစ်ဦးရဲ့အရည်အချင်းနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် အာရှဘောလုံးအဖွဲ့ချုပ် AFC ကို သက်သေအထောက်အထား မှတ်တမ်းမှတ်ရာနဲ့တကွ တိုင်ကြားမှာဖြစ်တယ်လို့ မြန်မာအမျိုးသမီး ဘောလုံးနည်းပြ ကုမဒါ ယိုရှီနီုရီ က ပြောပါတယ်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ လက်ရှိအချိန်ထိ ဆုကြေးငွေ မြန်မာကျပ်ငွေ သိန်း ၁၂၀၀ ကျော်ရရှိနေပြီလို့ အမျိုးသမီးဘောလုံးအသင်း အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဌေး က RFA ကို ဒီကနေ့ ပြောလိုက်ပါတယ်။

အဲဒီ ဆုကြေးငွေတွေထဲမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ရဲ့ ဆုကြေးငွေတွေအပြင် မန္တလေးမြို့ခံတွေရဲ့ ဆုကြေးငွေတွေလည်း ပါဝင်တယ်လို့ အသင်းအောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဌေးက ပြောပါတယ်။

ပွဲအပြီးမှာ ဒီလိုအငိုမျက်ဝန်းတွေနဲ့ အဆုံးသတ်ရမယ်လို့စကတည်းက မမျှော်လင့်ဘူးဗျာ။ သူတို့အကောင်းဆုံး ကြိုးစားခဲ့ကြတယ်။ကံဇာတ်ဆရာအလိုကျမှာ မိမိတို့ဘက်မှကံနည်းခဲ့ရတာပါ။ ပရိတ်သတ်အားပေးမှုအတွက်လည်းအကောင်းဆုံးပေးဆပ်ခဲ့ကြသူတွေပါ။ ဒီနေ့တော့ ပရိတ်သတ်ဝမ်းနည်းမှုထက်သူတို့တွေရဲ့  ၀မ်းနည်းမှုကို ကြည့်မိလေတိုင်း စိတ်မကောင်းဖြစ်ရတယ်။၂၀ ရက်နေ့ ၄ နာရီကန်ရမည့် မလေးနဲ့ တတိယလုပွဲကို အနိုင်ကန်ပါ။၂၀၁၄ အာရှဖလားမှာ တစ်အုပ်စုတည်းကျရောက်နေတဲ့ထိုင်းကို အနိုင်ကန်ပြီး ကမ္ဘာ့ဖလားအမျိုးသမီး ၀င်ခွင့်ရအောင်စွမ်းဆောင်ပေးကြစမ်းပါဗျာ..။မျှော်လင့်ယုံကြည်နေအုံးမှာပါ။အမြဲတမ်းဂုဏ်ယူနေမှာပါ..။အမျိုးသားဘောလုံးဖူဆယ်မှာတော့ မြန်မာက တတိယနေရာလုပွဲကန်ရမယ်။မြန်မာကထိုင်းကို ဆီမီးမှာ (၈) ဂိုး တစ်ဂိုးနဲ့ ထပ်တူရှုံးခဲ့တယ်။တတိယလုပွဲမှာ အမျိုးသားကလည်းအင်ဒိုကိုအနိုင်ကန်နိုင်ပါစေ။နောက်တစ်ခေါက် ၂၀ ရက်နေ့ကတော့ ကံကောင်းတဲ့နေ့ တစ်နေ့အဖြစ် မျှော်လင့်ဆုတောင်းနေလျှက်ပါခင်ဗျ..။။။။

မိုးတိမ် (တမာမြေ)

မြန်မာ ယူ-၂၃ အသင်း၏ အဓိက နောက်ခံလူ တစ်ဦးဖြစ်သည့် ဇော်မင်းထွန်းသည် ဧရာဝတီကို အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် အသင်းနှင့် အတူ လေ့ကျင့်ခန်း ဆင်းနိုင်ခြင်း မရှိဘဲ အနားယူနေရကြောင်း သိရသည်။

ဇော်မင်းထွန်းသည် ဧရာဝတီနှင့် ပွဲတွင် ခြေသလုံး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဒဏ်ရာပျောက်ကင်းရန် ငါးရက်ခန့် အနားယူရမည်ဟု ဆရာဝန်များက ပြောကြားသည်။ သို့ဖြစ်ရာ ဇော်မင်းထွန်း အနေဖြင့် ဒီဇင်ဘာ (၇)ရက်တွင် စတင်မည့် မြန်မာအသင်း၏ ဆီးဂိမ်း အုပ်စုပွဲစဉ်များကို ကြံ့ခိုင်မှု အပြည့်ဖြင့် ပြန်လည် ပါဝင်နိုင်မည် ဖြစ်သည်။ “ဇော်မင်းထွန်း ဒဏ်ရာက အရမ်းမ ပြင်းထန်ပါဘူး။ ဒါပေမယ့် ရက်အနည်းငယ် နားဖို့တော့ လိုလိမ့်မယ်။ ဆီးဂိမ်း စဖို့အချိန်ရှိသေး တာကြောင့် စိုးရိမ် စရာမရှိပါဘူး။ ပြိုင်ပွဲအမီ ပြန်သက်သာလာမှာပါ"ဟု မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက ပြောသည်။

နိုဝင်ဘာလ အတွက် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ မြန်မာ့ လက်ရွေးစင် အသင်းမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် အဆင့်(၉)ဆင့် ခုန်တက်သွားခဲ့ပြီး အာဆီယံ ဒေသတွင်းတွင် အဆင့်(၂)နေရာသို့ ရောက်ရှိလာခဲ့သည်။

မြန်မာ အသင်းအနေဖြင့် အောက်တိုဘာလ အတွင်းတွင် မည်သည့် ခြေစမ်းပွဲမျှ ကစားခဲ့ခြင်း မရှိသော်လည်း အဆင့်(၉)ဆင့် မြင့်တက်ကာ ကမ္ဘာ့အဆင့် (၁၄၀)သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရပ်တည်မှုမှာ မြန်မာ အသင်းအတွက် အမြင့်မားဆုံး ကမ္ဘာ့အဆင့် ရပ်တည်မှု ဖြစ်ပြီး အာရှ အဆင့်တွင် အဆင့်(၂၂)သို့ ရောက်ရှိစေကာ အာဆီယံ ဒေသတွင်းတွင် အဆင့်(၂)သို့ ရောက်ရှိသွားစေခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလ သတ်မှတ်ချက်တွင်လည်း မြန်မာ အသင်းမှာ အဆင့်(၁၃)ဆင့် ခုန်တက်ခဲ့သည့် အတွက် အံ့အားသင့်ခဲ့ ရသေးသည်။ ထိုစဉ်ကလည်း မြန်မာ အသင်းမှာ ဟောင်ကောင် အသင်း

မလေးရှားစူပါလိဂ်ကလပ် ပီရက်မှာ ကမ္ဘောဇအသင်း ကွင်းလယ်လူကျော်ဇေယျာဝင်းကို ခေါ်ယူရန်ဆွေးနွေးနေသည်ဟု အတည်ပြုခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း သဘောတူညီမှုရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ မြန်မာ့ ယူ-၂၃ အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းမှာလက်ရွေးစင်အသင်းတွင်

ခြေစွမ်းပြနေသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် (၂)လခန့်က ယှဉ်ပြိုင်ကစားခဲ့သည့် မာဒေးကာ ဖလားပြိုင်ပွဲမှ ကျော်ဇေယျာဝင်း၏ ခြေစွမ်းကို နှစ်သက်သည့်အတွက်ခေါ်ယူရန်ဆွေးနွေးနေခြင်းဖြစ်သည်ဟု ပီရက်အသင်း နည်းပြ အဇာအာမက်က အတည်ပြုခဲ့သည်။

<< Start < Prev 1 2 3 4 5 Next > End >>
Page 2 of 5