၂၀၁၃ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF Women's AYA Bank Championship 2013 ပြိုင်ပွဲ အုပ်စု(ခ) နောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာ အမျိုးသမီး အသင်းနှင့် ဂျပန် အမျိုးသမီး အသင်းတို့သည် စက်တင်ဘာ ၁၈ ရက်နေ့ ညနေ(၄း၀၀) နာရီ တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ အဆိုပါ ပွဲစဉ်သည် မြန်မာနှင့် ဂျပန် နှစ်သင်းစလုံး အတွက် အုပ်စု ပထမ နေရာ ရရှိရန် ပြိုင်ဆိုင်ရမည့် ပွဲဖြစ်ပြီး မြန်မာ အသင်းအနေဖြင့် မိမိ ပရိသတ် ရှေ့မှောက် အောင်ပွဲခံ နိုင်ရန် ကြိုးစား ယှဉ်ပြိုင် သွားမည်ဖြစ်သည်။
ယနေ့ယှဉ်ပြိုင်ခဲ့သော မာဒေးကားဖလား အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအသက် ၂၃နှစ်အောက် အသင်းသည် စင်္ကာပူအသက် ၂၃ နှစ်အောက်အသင်းကို ၂-၀ဖြင့် အနိုင်ရခဲ့ပြီး မလေးရှား
စည်းမျဉ်း စည်းကမ်း ဥပဒေ မရှိသော အားကစားဟူ၍ မရှိပါ။ သို့ရာတွင် ယင်း စည်းမျဉ်း စည်းကမ်း ဥပဒေများကို မသိကျိုးကျင် ဥပေက္ခာပြုနေကြသည်။ ထို့ကြောင့် အားကစားသမားတိုင်း၏ အကျိုးကျေးဇူးအတွက် စည်းမျဉ်း စည်းကမ်း ဥပဒေများကို ထိန်းသိမ်းကြရပါမည်။ အားကစား စည်းမျဉ်း စည်းကမ်း ဥပဒေများကို ချိုးဖောက်ခဲ့လျှင် အပြစ်ပေးခံရမည် ဆိုခြင်းကို အားကစားနှင့် ပတ်သက်သူတိုင်းအတွက် အကျိုးသက်ရောက် အာဏာတည်စေရမည်ဖြစ်သည်။
ကမ္ဘောဇ အသင်း၏ နည်းပြချုပ် ဆီဗာဂျီက ဇေယျာရွှေမြေနှင့် တွေ့ဆုံတိုင်း ရလဒ်မကောင်းမှုများကို ယခုတစ်ကြိမ်တွင် ချေဖျက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဇသည် ဇေယျာရွှေမြေနှင့် နောက်ဆုံး(၆)ကြိမ် တွေ့ဆုံမှု တွင် တစ်ကြိမ်မျှ အနိုင်မရခဲ့ဘဲ (၄)ကြိမ်ရှုံးကာ (၂)ကြိမ် သရေကျထားသည်။ ကမ္ဘောဇသည့် ဇေယျာရွှေမြေ အိမ်ကွင်း၌ နောက်ဆုံး ကစားခဲ့သည့် (၂)ကြိမ်စလုံး ရှုံးနိမ့်ထားရာ လာမည့် ပွဲစဉ်တွင် ဇေယျာအိမ်ကွင်း၌ ကမ္ဘောဇ နိုင်ပွဲ မရနိုင် ဟူသည့် ခန့်မှန်းချက်များကို ချေဖျက်သွားမည် ဖြစ်ကြောင်း ဆီဗာဂျီက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မန်ယူ ကစားသမားဟောင်းများ ပါဝင်သည့် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းနှင့် မြန်မာ နေရှင်နယ်လိဂ်မှ နိုင်ငံခြားသား ကစားသမားများ အသင်း (MNL Foreigners Team) ခြေစမ်းပွဲကို ဇွန်လ ၉ ရက်နေ့ ညနေ ၄နာရီက သုဝဏ္ဏကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်ရာ ပွဲအပြီး MNL Foreigners အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။ ပထမပိုင်းတွင် မန်ယူကစားမား ၄ အင်ဒီကိုးလ်၊ ဒင်းနစ် အာဝင်၊ ကလေတန် ဘလက်မိုးနှင့် လီရှပ်တို့ နိုင်ငံခြားသား အသင်းမှ ပါဝင်ကစားခဲ့ကြသည်။ ပွဲချိန် ၈မိနစ်တွင် မြန်မာအသင်း ကောင်တာ တိုက်စစ်မှ မိုင်အိုက်နိုင်၏ ပေးပို့မှုကို အောင်မြင့်အေး ဂိုးသွင်းရန် ကြိုးပမ်းခဲ့ရာ ဂိုးသမား ကာကွယ် သွားနိုင်ခဲ့သည်။
မြန်မာ့အလင်းသတင်းစာ |
7 Day News 7Day Sport The Voice Weekly 7Day Shopping Guide Envoy News Pyi Myanmar |
Northern Star Popular News Snap Shots Myanmar News Weeks Daily Sport SoccerMyanmar |
||
IT weekly Yatanarpon Morning Post Shwe Mandalay The Mandalay Times Planet |
Myanmar News Weeks Opportunity Journal HR Journal Good Health Daily Sport 8 Days Journal |
Flower News Journal Popular Journal Net Guide Journal IT weekly Myanmar Special Journal Yatanarpon |
Monitor News Journal Upper Myanmar Journal Hot News Weekly Journal Faces Magazine The Nay Pyi Taw Times Yangon Times Journal |
Myawady News Myawady Sport Myawady Entertainment Myawady Health Myawady Artists Myawady Tech |