မြန်မာနိုင်ငံသို့ ခြေစမ်းပွဲများ ကစားရန် ရောက်ရှိနေသည့် ဂျပန်လက်ရွေးစင် အမျိုးသား ယူ-၁၅ ဘောလုံးအသင်းသည် ခြေစမ်းပွဲနှစ်ပွဲ ကစားပြီးချိန်တွင် နှစ်ပွဲစလုံး အနိုင်ရရှိထားကြောင်း သိရှိရသည်။ ဂျပန်လက်ရွေးစင် ယူ-၁၅ အသင်းသည် ပြီးခဲ့သည့် ဧပြီ ၂၀ ရက်က မြန်မာ့လက်ရွေးစင် ယူ-၁၈ (ခ)အသင်းနှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းကစားခဲ့ရာ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ ဧပြီ ၂၁ ရက်က အောင်ဆန်းကွင်း၌ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ပြင် ဂျပန် ယူ-၁၅ အသင်းသည် လာမည့် ၂၃ ရက်တွင် အောင်ဆန်းကွင်း၌ မြန်မာ့လက်ရွေးစင် ယူ-၁၈ (က) အသင်းနှင့် ထပ်မံခြေစမ်းကစားမည်ဖြစ်သည်။

အခု တစ်ပတ်မှာတော့ ဆီးဂိမ်းမှာ ယှဉ်ပြိုင်မယ့် အားကစား နည်း ၃၃ နည်းထဲက သေနတ်ပစ် အားကစားနည်းကို သရုပ်ဆောင် အေးမြတ်သူနဲ့ အတူ မြောက်ဒဂုံမြို့ နယ် သေနတ်ပစ် အဖွဲ့ချုပ်မှာ စီစဉ် ရိုက်ကူး ဖြစ်ခဲ့ ပါတယ်။ အေးမြတ်သူက "ဆီးဂိမ်းဆိုတာ တကယ့် အထင် ကရပါပဲ။ ကြီးကျယ် ခမ်းနားတဲ့ ပွဲပါ။ ၂ဝ၁၃ မှာ မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရတဲ့ အတွက် နိုင်ငံသား တစ်ယောက် အနေနဲ့ ပြောမပြတတ်အောင် ဝမ်းသာ ဂုဏ်ယူပါတယ်။ ဆီးဂိမ်းနဲ့ ပတ်သက်ပြီးလာမယ့် နိုင်ငံခြားသား ဧည့်သည် တွေကလည်း အများကြီးပဲ။ အကုန်လုံးက မြန်မာနိုင်ငံကို လေ့လာ ရေးအတွက်ရော၊ စီးပွားရေးအတွက်ရော နိုင်ငံတွေ အကုန်လုံးက စူးစမ်းနေကြတယ်။ မြန်မာနိုင်ငံ အတွက် ၂ဝ၁၃ ဆီးဂိမ်းကြောင့်

ပြီးခဲ့တဲ့တစ်ပတ် ပွဲစဉ် ၇ မှာတော့ ရန်ကုန်၊ ဇေယျာရွှေမြေတို့ ရှုံးပွဲတွေ ကြုံတွေ့ခဲ့ရပြီး ရန်ကုန်အသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ ကမ္ဘောဇ အသင်းက အမှတ်ပေးဇယား ဒုတိယနေရာထိ တက်လှမ်းလာ နိုင်ပါတယ်။   ဒီတစ်ပတ်မှာလဲ ရန်ကုန်အသင်းက မကွေး၊ ဇေယျာရွှေမြေအသင်းက နေပြည်တော်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ရန်ကုန်၊ ဇေယျာရွှေမြေတို့ ပွဲကြပ်ချိန်မှာ ကမ္ဘောဇအသင်းက အိမ်ကွင်းမှာ ဇွဲကပင်အသင်းနဲ့ပဲ ကစားရမှာဖြစ်တယ်။ ပွဲစဉ်တွေ အားလုံးအပြီး ဇေယျာရွှေမြေ အသင်းကပဲ အမှတ်ပေးဇယား ထိပ်ဆုံးကို ဆက်လက်ဦးဆောင်နိုင်မှာလား၊ ကမ္ဘောဇအသင်းကပဲ ဇယား ထိပ်ဆုံးကို တက်ရောက်နိုင်မလားဆိုတာ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို နပန်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားကို ဧပြီ ၅ ရက်(ယနေ့) နံနက် ၁၁း၃၀ နာရီက ရန်ကုန်မြို့၊ သိမ်ဖြူ အားကစားကွင်း၌ ကျင်းပခဲ့သည်။  ဖွင့်ပွဲ အခမ်းအနားသို့ အားကစား ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးသောင်းထိုက်၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အရှေ့တောင်အာရှနိုင်ငံများမှ ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်/နည်းပြများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အားကစား ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးသောင်းထိုက်က ယခုပြိုင်ပွဲတွင် လက်ရွေးစင် ကစားသမားများ အတွေ့အကြုံ ကောင်း ကောင်းရရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

<< Start < Prev 1 2 3 4 5 Next > End >>
Page 5 of 5