မနေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ မန်ယူအသင်းဟာ ဗိုလ်စွဲဖို့  ရေပန်းအစားဆုံးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အိုးထရက်ဖို့ ဒ်မှာ အကောင်းဆုံးယှဉ်ပြိုင်ကစားပြီး သရေရလဒ်ကို အရယူနိုင်ခဲ့ပါတယ်။

အသက် ၁၈နှစ်အောက် ကစားသမားများကို ခေါ်ယူရာတွင် ဖီဖာမှ သတ်မှတ်ထားသည့် စည်းမျဉ်းများ ချိုးဖောက်ခဲ့ခြင်းကြောင့် ဘာစီလိုနာကို ဖီဖာမှ အပြောင်းအရွှေ့လုပ်ဆောင်ခွင့် ၁၄လ ပိတ်ပင်လိုက်ကြောင်း သိရသည်။ ဘာစီလိုနာသည် (၂၀၀၉)ခုနှစ်မှ (၂၀၁၃)ခုနှစ်အတွင်း အသက် (၁၈)နှစ်အောက် ကစားသမားများကို ခေါ်ယူခဲ့ရာတွင် ကစားသမား (၁၀)ဦးအား စည်းမျဉ်းချိုးဖောက်ပြီး ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု ဖီဖာမှ ထုတ်ပြန်ခဲ့သည်။ ယင်းအတွက်ကြောင့် ဖီဖာက ဘာစီလိုနာကို လာမည့် အပြောင်းအရွှေ့ ကာလနှစ်ရပ်တွင် အပြောင်းအရွှေ့လုပ်ခွင့် ပိတ်ပင်ခဲ့ပြီး ပေါင်(၃၀၅၀၀၀) ဒဏ်ငွေ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် စပိန် ဘောလုံးအဖွဲ့ချုပ်ကိုလည်း ပေါင်(၃၄၀၀၀၀) ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။


နိုက်တက်နှင့်ပွဲစဉ်မှာကွင်းလယ်ဒိုင် ကို ကိုယ်ထိလက်ရောက်ကျုးလွန်ခဲ့တာနဲ့ ပတ်သတ်ပြီးသတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့ လည်ပိုင်းက အသင်းရုံခန်းမှာပြုလုပ်ခဲ့ပါတယ်။
“ကျွန်တော်အနေနဲ့ ကျွန်တော်လုပ်ရပ်အတွက်တာဝန်ယူပါတယ်။ကျွန်တော်က ကွင်းလယ်ဒိုင်ကို ကိုယ်ထိလက်ရောက်ကျုးလွန်သလို ကျွန်တော်အပေါ်မှာကိုယ်ထိလက်ရောက်ကျုးလွန်တဲ့စတုတ္ထဒိုင် ကို ဘယ်လို အရေးယူမလဲသိချင်ပါတယ်”လို့ ရခိုင်ယူနိုက်တက်အသင်းမန်နေဂျာဦးဖြိုးညီညီစိုးကပြောပါတယ်။

Author/ photo မြင့်ဟိန်း

Kumudra

၉၂ မျိုးဆက် မန်ယူ အသင်းသားများမှာ ကာတာ လုပ်ငန်းရှင်တစ်ဦး၏ ကျောထောက်နောက်ခံ ငွေကြေးဖြင့် မန်ယူကို ၀ယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း The Sun သတင်းစာမှ ဖော်ပြခဲ့သည်။ ဘက်ခမ်း ဦးဆောင်သည့် ၉၂ မျိုးဆက် မန်ယူ အသင်း သားဟောင်းများကို ကာတာလုပ်ငန်း ရှင်က ပေါင် ၂ဘီလီယံဖြင့် မန်ယူအား ကမ်းလှမ်းစေခဲ့ခြင်းဖြစ်ပြီး ဂလေဇာကလည်း အသင်း၏ ရလဒ်ဆိုးများကြောင့် ရောင်းချ ဖွယ်ရှိနေသည်ဟု သိရသည်။

ရီးရဲလ်နည်းပြ အန်စလော့တီက ဗယ်လီကာနိုနှင့်ပွဲတွင် တိုက်စစ်မှူး ရော်နယ်ဒို ပါဝင်ကစားနိုင်မည်ဟု ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မန်ချက်စတာဒါဘီပွဲတွင် မန်စီးတီးနောက်ခံလူ ဇာဘလက်တာကို တံထွေးထွေးခဲ့ဖွယ်ရှိသည့် မန်ယူကွင်းလယ်လူ ဖယ်လိုင်နီကို ရုပ်သံမှတ်တမ်းများ အသုံးပြု၍ အက်ဖ်အေမှ စုံစမ်းစစ်ဆေးလျက်ရှိသည်။

မီယာမီ မာစတာတင်းနစ်ပြိုင်ပွဲတွင် ဆရီနာဝီလျံနှင့် လီနာတို့ ဗိုလ်လုပွဲကစားရမည်ဟု သိရသည်။

ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပမယ့် ဘရာဇီးနိုင်ငံကို သူ့ ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အတူ ဂျက်လေယာဉ် လေးစီးဌားပြီး သွားရောက်မယ်လို့ သိရပါတယ်။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 2 of 33
You are here:   HomeSports