မော်ရင်ဟိုနဲ့ ရင်ဆိုင်ခဲ့သမျှ (၅)ပွဲရှုံး၊ (၅)ပွဲသရေ ရလဒ်နဲ့ အနိုင်မရခဲ့ဖူးတဲ့ အာစင်ဝင်းဂါးတစ်ယောက် ဒီနေ့ပွဲမှာလည်း (၆)ဂိုးပြတ် အရှုံးနဲ့ ထပ်ရင်ဆိုင်ခဲ့ရပြီး သူ့အတွက် အာဆင်နယ် ပွဲ(၁၀၀၀)ပြည့်ဟာ ၀မ်းနည်းကြေကွဲဖွယ်ရာ မှတ်တမ်းဖြစ်ခဲ့ပါတယ်။ (၇)မိနစ်အတွင်း နှစ်ဂိုးပေးခဲ့ရကတည်းက လီဗာပူးနဲ့ပွဲကလို ဇာတ်သိမ်းမျိုး မဖြစ်ဖို့ ဆုတောင်းခဲ့ရတဲ့ အမ်းမရိတ်စ် ချစ်သူတွေအတွက် စတန်းဖို့ဒ်ဘရစ်ခ်ျဟာ မျှော်လင့်ခြင်း ဆိတ်သုန်းတဲ့နေရာ ဖြစ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဖူလ်ဟမ်ကနေ မေဂျာလိဂ်ကလပ် ဆီယက်တယ်ဆောင်းဒါးကို ပြောင်းခဲ့တဲ့ ဒမ့်ဆေးဟာ ပြိုင်ဘက်ကစားသမားကို မဖွယ်မရာ လုပ်ခဲ့လို့ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဒမ့်ဆေးနဲ့ တိုရွန်တိုနောက်ခံလူ မက်ဘလွန်းတို့ အပြန်အလှန် စကားများပြီးနောက် မက်ဘလွန်းတစ်ယောက် ရုတ်တရက်မြေပေါ် လဲကျသွားခဲ့ပြီး ကွင်းလယ်ဒိုင်ကလည်း ဘာဖြစ်သွားတယ်ဆိုတာ မမြင်ခဲ့ပါဘူး။ ဒမ့်ဆေးကလည်း သူမဟုတ်သလို ခပ်တည်တည် နေခဲ့ပြီး ပရိသတ်တွေလည်း ဘာဖြစ်သွားခဲ့မှန်း မသိလိုက်ကြပါဘူး။

အေစီမီလန်၊ အင်တာမီလန်တို့လို အသင်းကြီးတွေ အင်အားနည်းပါးခဲ့တာကြောင့် ဂျူဗင်တပ်တစ်သင်းပဲ ချယ်လှယ်နေတဲ့ စီးရီးအေပြိုင်ပွဲဟာ လုပ်ပွဲအရှုပ်တော်ပုံ၊ လူမျိုးရေးခွဲခြားမှု၊ ပရိသတ်နည်းပါးမှုတွေနဲ့အတူ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကမ္ဘာ့ထိပ်တန်း လိဂ်ပြိုင်ပွဲအဆင့်က လျောကျခဲ့ပါတယ်။ ဒီအတွက် ဘွန်ဒက်စ်လီဂါက စီးရီးအေနေရာကို လွှဲပြောင်းရယူခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် (၄)နေရာအထိ ရသွားခဲ့တာပါ။ ဒါပေမဲ့ မကြာမီကာလအတွင်း လူတွေပိုစိတ်ဝင်စားလာမယ့် အကြောင်းအရာရှိနေပါတယ်။

 

ဘိုင်ယန်မြူးနစ်မှာ တောင်ပံကစား သမားအာဂျန်ရော်ဘင်ကို နှစ်နှစ် သက်တမ်း တိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

ယခုရာသီတွင် မန်ယူအသင်း ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ရရှိမည်ဟု လောင်းကြေးထပ်ခဲ့သူများကို လောင်းကစားဒိုင် Betfred မှ ပိုက်ဆံပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ မန်ယူမှာ ယခုရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ကာကွယ်ခွင့် ဆုံးရှုံးခဲ့ရုံသာမက အဆင့်(၄)နေရာမှ မန်စီးတီးထက် နှစ်ပွဲပိုကစားပြီး (၁၂)မှတ် လျော့နည်းကာ အမှတ်ပေးဇယား အဆင့်(၇)နေရာတွင် ရှိနေခြင်းကြောင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရာခိုင်နှုန်းနည်းပါးနေသည်။

လီဗာပူးလ် အသင်းသည် မိမိတို့ထက် ပို၍ ကောင်းမွန်ခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ဝန်ခံ ပြောကြားလိုက်သည်။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 3 of 33
You are here:   HomeSports